ဝါရှင်တန်၊ မတ်-၁၁-၂၀၂၃ မျိုးဆက်(VOM) သိပ္ပံပညာရှင်တွေ အသစ်တွ့ရှိထားတဲ့ ဂြိုဟ်သိမ်တခုဟာ ၂၀၄၆ ခုနှစ်မှာ ကမ္ဘာမြေကို ၀င်တိုက်နိုင်ခြေ နည်းပါးကြောင်း အမေရိကန်အာကာသအေဂျင်စီ(နာဆာ)က ထုတ်ပြန်ပါတယ်။ နာဆာရဲ့တွက်ချက်မှုအရ အိုလံပစ်ရေကူးကန်အရွယ်ရှိတဲ့ ဂြိုဟ်သိမ်ဟာ ၂၀၄၆ ခုနှစ် ချစ်သူများနေ့မှာ ကမ္ဘာနဲ့အနီးဆုံးကို ဖြတ်သန်းသွားမယ်လို့ နာဆာကပြောပါတယ်။ ဂြိုဟ်သိမ်ဟာ ကမ္ဘာကနေ မိုင်တသန်းကျော်လောက်နေ ဖြတ်သွားဖို့ရှိပြီး လက်ရှိမှာတော့ သုတေသီတွေဟာ အချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်ပြီး သူတို့ရဲ့ခန့်မှန်းတွက်ချက်မှုဟာ ပြောင်းလဲသွားနိုင်ပါတယ်။ 2023 DW ဂြိုဟ်သိမ်ဟာ နာဆာရဲ့ အန္တရာယ်ရှိတဲ့ ဂြိုဟ်သိမ်စာရင်းမှာပါ၀င်တာကြောင့် စောင့်ကြည့်မှုတွေလုပ်နေတာဖြစ်ပြီး လက်ရှိတွက်မှုအရ ကမ္ဘာကို၀င်တိုက်ဖို့ အခွင့်အလမ်း ၅၆၀ မှာ တကြိမ်သာရှိတယ်လို့ နာဆာကပြောပါတယ်။ တကယ်လို့ အဲဒီဂြိုဟ်သိမ် ကမ္ဘာကို၀င်တိုက်ခဲ့မယ်ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ် ၆၆ သန်းအချိန်က ကမ္ဘာကိုကြီးမားတဲ့ ဂြိုဟ်သိမ်တခု၀င်တိုက်သလိုမျိုးထိ မပြင်းထန်ဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲဒီအချိန်ကတော့ ဒိုင်နိုဆောတွေမျိုးသုန်းခဲ့ရတဲ့…
Read MoreDay: March 11, 2023
သာကေတမှာ တိုက်ခန်း၅လွှာကနေ အမျိုးသားတဦး ပြုတ်ကျသေဆုံး
မတ် ၁၁ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်ရှိ တိုက်ခန်းတခုရဲ့ ၅ လွှာကနေ အသက်ကြီးပိုင်းအမျိုးသားတဦး ပြုတ်ကျသေဆုံးမှု ဒီနေ့ မတ်လ ၁၁ ရက်နေ့မနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူဟာ တိုက်ခန်းမှာ တယောက်ထဲနေထိုင်တဲ့ လေဖြန်းထားတဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း၊ တိုက်အနောက်ဖက်ကို အဝတ်ထွက်လှန်းစဥ် ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အခင်းဖြစ်ရာကိုရောက်ရှိကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ရဲ့ အသင်းဝင်တဦးက ” တိုက်ပေါ်ကပြုတ်ကျကြောင်း သက်ဆိုင်ရာကအကြောင်းကြားလို့ သွားတော့ Dead body ဖြစ်နေလို့ဆေးရုံပို့ခဲ့ပါတယ် “လို့ ပြောပါတယ်။ တိုက်ပေါ်ကပြုတ်ကျတဲ့ အမျိုးသားဟာ ပြုတ်ကျတဲ့အရှိန်ကြောင့် ခန္ဒာကိုယ် ဘယ်ဘက်တခြမ်းလုံးထိခိုက်သွားပြီး လက်ကောက်ဝတ်ကျိုးသွားကာ နေရာမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ သေဆုံးအမျိုးသားရုပ်အလောင်းကို စံပြဆေးရုံကိုပို့ဆောင်ထားပြီး တာဝန်ရှိသူတွေကစစ်ဆေးမှုတွေလုက်နေတယ်လို့သိရပါတယ်။ မတ်လ ၆ ရက်နေ့ရက်ကလည်း…
Read Moreလယ်ဝေးမြို့နယ်မှာ မီးလောင်မှုဖြစ်ပြီး နေအိမ်၆လုံးနဲ့မီးရထားလိုင်းခန်းအချို့ မီးထဲပါသွား
မတ် ၁၁ – ၂၀၂၃ GG (VOM) နေပြည် တော် ၊လယ်ဝေးမြိုနယ်၊ ဒလန့်ချွန် ရွာအုပ်စု၊ ဒလန့်ချွန် မှာ မနေ့ မတ်လ ၁၀ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် ၆ လုံး မီးထဲပါသွားတဲ့အပြင် မီးရထားလိုင်းခန်းအတွဲ အချို့လည်း မီးလောင်ခဲ့တယ်လို့သိရပါတယ်။ ” ဟုတ်တယ် မနေ့က မနက်စော ၄နာရီခွဲလောက်မှာလောင်တာ အိမ် ၆ အိမ်ပါသွားတယ်။ နောက်ပြီး မီးရထားလိုင်းခန်း ၆ ခန်းတွဲ အုတ်ကြွပ်မိုး ပျဉ်ခင်းပျဉ်ကာ ၁ အတွဲလည်းမီးလောင်ခဲ့တယ်လို့သိရတယ် ” လို့ လယ်ဝေးမြို့ခံတဦးက ပြောပြပါတယ်။ ဒလန့်ချွန်ရွာက နေအိမ်တအိမ်ရဲ့ မီးဖိုချောင် မီးကျွင်းမီးကျန်ကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အဲ့ဒီကမှတဆင့် နောက်ထပ် နေအိမ် ၅လုံးနဲ့မီးရထားလိုင်းခန်းကို မီးကူးစက်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပျဥ်ထောင်ပျဥ်ခင်း ၄…
Read Moreအရှေ့အလယ်ပိုင်းပြိုင်ဘက် အီရန်နဲ့ ဆော်ဒီတို့အကြား သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ သဘောတူ
ရီယတ်၊ မတ်-၁၁-၂၀၂၃ မျိုးဆက်(VOM) အရှေ့အလယ်ပိုင်းဒေသ ပြိုင်ဘက်တွေဖြစ်တဲ့ အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးပြတ်တောက်ပြီးနောက် ခုနှစ်နှစ်အကြာမှာ သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ သဘောတူလိုက်ကြပါတယ်။ နှစ်နိုင်ငံတာ၀န်ရှိသူတွေ တရုတ်နိုင်ငံမှာ လေးရက်ကြာဆွေးနွေးပြီးနောက် သံတမန် ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ သဘောတူညီချက် မတ် ၁၀ ရက်မှာ ရုတ်တရက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြည်လည်သင့်မြတ်ရေးအတွက် ယခင်ကြိုးပမ်းမှုတွေမအောင်မြင်ခဲ့ပေမယ့် လက်ရှိသဘောတူညီမှုတွေအရ နှစ်လအတွင်း သံရုံးများပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေကိုလည်းပြန်လည်ထူထောင်မှာဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဆော်ဒီအာရေဗျဟာ ထင်ရှားသောရှီးယိုက်ဘာသာရေးခေါင်းဆောင်တဦးကို ရီယတ်မှာ ကွပ်မျက်ပြီးနောက် အီရန်နိုင်ငံ တီဟီရန်ရှိဆော်ဒီသံရုံးကို ဆန္ဒပြသူတွေက ၀င်ရောက်စီးနှင်းမှုဖြစ်ပွားအပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ အီရန်နဲ့ ဆက်ဆံရေးဖြတ်တောက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသရဲ့ အင်အားကြီးအဖြစ်သတ်မှတ်ခံထားရတဲ့ အီရနနဲ့ ဆော်ဒီအာရေဗျတို့ဟာ လက်ဘနွန်၊ ဆီးရီးယား၊ အီရတ်နဲ့ ယီမင်တို့ရှိ အဓိကပြိုင်ဘက်အုပ်စုတွေကို အသီးသီးပံ့ပိုးမှုတွေ လုပ်ဆောင်နေပါတယ်။ အီရန်ဟာ ဟူသီသူပုန်တွေကို ထောက်ပံ့မှုတွေပေးခဲ့ပြီး ဆော်ဒီအာရေဗျကတော့…
Read Moreလှည်းကူးမှာ နေအိမ်တအိမ် ဓားပြတိုက်ခံရပြီး ငွေသားနဲ့ကားတစီး ပါသွား
မတ် ၁၁ – ၂၀၂၃ GG(VOM) ရန်ကုန်၊ လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ရွာက နေအိမ်တအိမ်ကို ဓားပြတိုက်ခံရပြီး ငွေသိန်း ၁၀၀ နဲ့ ကားတစီး ပါသွားတယ်လို့ သိရပါတယ် ။ ဖြစ်စဥ်က မနေ့ မတ်လ ၁၀ ရက်နေ့ညပိုင်းမှာ ကျောက်ကုတင်ရွာက ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ ဦးကိုကိုနေအိမ်ကို လက်နက်ပါသူ ၇ ယောက်ခန့်က ရောက်လာပြီး ဓားပြတိုက်သွားတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က ည ၇ နာရီလောက်မှာ ဓားပြတိုက်ခံရတာလို့သိရတယ်။ ပိုက်ဆံသိန်း ၁၀၀ နဲ့ မာစီးဒီးကား ယူသွားတယ်လို့သိရတယ်။ သူတို့ကနည်းနည်းအကောင်ကြီးတော့ ကျနော်တို့လည်း မမေးရဲသေးဘူး ” လို့ လှည်းကူးဒေသခံတဦးကပြောပါတယ်။ နေအိမ်ဓားပြတိုက်စဥ် ဦးကိုကိုဆိုသူနဲ့အတူ မိသားစုဝင်တွေလည်းရှိကြောင်း၊ အားလုံးကို ဧည့်ခန်းထဲမှာဖမ်းဆီးချုပ်နှောင်ထားပြီး နေအိမ်ထဲရှာဖွေကာ ငွေသားအပြင် ကားကိုပါယူသွားတာဖြစ်တယ်လို့ သိရပါတယ်။ မနေ့က ဓားပြတိုက်မှုဖြစ်ပွားပြီးနောက်…
Read Moreတနင်္သာရီမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ ကလေးငယ်(၁)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရ
မတ်၊ ၁၁-၂၀၂၃ MM [VOM] တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအတွင်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် (၁) ယောက်သေဆုံးပြီး (၄)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။ ”တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာထဲ မနေ့ မတ်လ ၁၀ ရက်က လက်နက်ကြီးကျတာ၊ ရွာထဲကျတာဆိုတော့ အထိအခိုက်များတယ် ၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ယောက်သေဆုံးခဲ့တယ်၊ အသက် ၆၀ ကျော် အဘွားအို ၁ ယောက် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိ ခဲ့တယ်။”လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက် ကပြောပါတယ်။ အဲ့ဒီ လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့သိရပြီး ဒေသခံ အယောက် ၂၀၀ ကျော်လည်း ဘေးလွတ်ရာကို…
Read Moreအခုနှစ် ဆောင်းငရုတ်တွေ အထွက်နှုန်း လျော့ကျလို့ ငရုတ်စိုက်တောင်သူတွေ အရှုံးပေါ်
မတ်၊၁၁- ၂၀၂၃ MM(VOM) ၂၀၂၃ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်းငရုတ်တွေ ပေါ်ချိန် ငရုတ်စိုက်ခင်းတွေ အထွက်နှုန်း သိသိသာသာ လျော့ကျသွားလို့ ငရုတ်စိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ လက်ရှိမတ်လဟာ နိုင်ငံတဝှမ်း ဆောင်းငရုတ်တွေ စတင်ပေါ်နေတဲ့အချိန်ဖြစ်ပြီး ငရုတ်စိုက်ခင်း ၁ ဧကကို ငွေကျပ် (၂)သိန်းဖိုးခန့်သာ ပြန်လည်ရရှိတော့တာကြောင့် စိုက်ပျိုးရေး ကုန်ကျစရိတ်မရတဲ့အပြင် အရှုံးနဲ့ပါကြုံနေရတာဖြစ်တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ “အခုနှစ် ခွက်ခွက်လန်အောင် အရှုံးပေါ်နေတယ်၊ ငရုတ် ၁ ဧကအတွက်ဆိုရင် စိုက်ပျိုးစရိတ်အရင်းက ၅ သိန်း အောက်ထစ်ကုန်ကျပါတယ်၊ ၁ ဧကကိုငွေကျပ် ၇ သိန်းဖိုးလောက် ပြန်ရရင်တောင် တော်သေးတယ်၊ အခုတော့ ၂ သိန်းကျော်ဖိုးပဲရတယ်၊ ဒီနှစ်အမြတ်မရတဲ့ အပြင် အရှုံး ပေါ်သွားတယ်။”လို့ ဧရာဝတီတိုင်းက ငရုတ်စိုက်တောင် သူတဦးက ပြောပါတယ်။ အခုနှစ် ငရုတ်စိုက်ခင်းတွေအများစု…
Read More“ရုန်းကန်နေကြရတဲ့ ရန်ကုန်မြို့ပြက အခြေခံလူတန်းစားတွေ…”
သွေး (စစ်ကိုင်း) ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ပန်းဆိုးတန်း၊ ဆူးလေ စတဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားစောင့်နေကြတဲ့သူ အများအပြားကို နေ့စဉ်တွေ့နိုင်ပါတယ်။ သူတို့တွေဟာ အလုပ်ခွင်ကနေ ပြန်လာကြသူ အများစုဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းတွေကိုပဲ အားကိုးသွားလာနေရတာပါ။ ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့နယ်ကနေ ရန်ကုန်မြို့ကို အလုပ် လာလုပ်သူတွေဟာလည်း ပန်းဆိုးတန်း ဆိပ်ကမ်းကနေ ဒလဘက်ကို သင်္ဘောစီးဖို့၊ဒါမှမဟုတ် သမ္ဗန်စီးဖို့ စောင့်မျှော်နေကြရပါတယ်။ လတ်တလောကာလအတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ် အများစုမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် ခရီးသည်တင် ဘတ်စ်ကားတွေ စောင့်ဆိုင်းစီးနင်းရတဲ့ အချိန်က အရင်ထက် ပိုကြာမြင့်လာပါတယ်။ အကြောင်းက YBS ယာဉ်တွေဟာ ဂက်စ်ဖြည့်ဖို့ တန်းစီနေရတဲ့အတွက် တစ်စီးနဲ့ တစ်စီး ၅ မိနစ်ခြား၊ ၁၀ မိနစ်ခြား မထွက်နိုင်လို့ပါပဲ။ ညနေလို အလုပ်ဆင်းချိန်တွေမှာ ရန်ကုန်က ပြည်သူတွေဟာ ကြားဖြတ်ဝင်ဆွဲတဲ့ အောက်ဆိုက်ကားတွေကို…
Read More