တနင်္သာရီမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ ကလေးငယ်(၁)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရ

မတ်၊ ၁၁-၂၀၂၃
MM [VOM]

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအတွင်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် (၁) ယောက်သေဆုံးပြီး (၄)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။

”တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာထဲ မနေ့ မတ်လ ၁၀ ရက်က လက်နက်ကြီးကျတာ၊ ရွာထဲကျတာဆိုတော့ အထိအခိုက်များတယ် ၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ယောက်သေဆုံးခဲ့တယ်၊ အသက် ၆၀ ကျော် အဘွားအို ၁ ယောက် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိ ခဲ့တယ်။”လို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက် ကပြောပါတယ်။

အဲ့ဒီ လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့သိရပြီး ဒေသခံ အယောက် ၂၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာတွေအနီးမှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ အသံတွေကြားနေရတာ တပတ်ကျော်ခန့်ရှိနေပြီလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း တနတင်္သာရီမြို့နယ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရှေ့ဘန်လောကျေးရွာအတွင်းက စာသင်ကျောင်းအပါအဝင် နေအိမ် ၅ လုံးပျက်စီးခဲ့ရသေးတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #တနင်္သာရီ #လက်နက်ကြီးကျ #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW