သာကေတမှာ တိုက်ခန်း၅လွှာကနေ အမျိုးသားတဦး ပြုတ်ကျသေဆုံး

မတ် ၁၁ – ၂၀၂၃
GG (VOM)

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်ရှိ တိုက်ခန်းတခုရဲ့ ၅ လွှာကနေ အသက်ကြီးပိုင်းအမျိုးသားတဦး ပြုတ်ကျသေဆုံးမှု ဒီနေ့ မတ်လ ၁၁ ရက်နေ့မနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူဟာ တိုက်ခန်းမှာ တယောက်ထဲနေထိုင်တဲ့ လေဖြန်းထားတဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း၊ တိုက်အနောက်ဖက်ကို အဝတ်ထွက်လှန်းစဥ် ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အခင်းဖြစ်ရာကိုရောက်ရှိကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ရဲ့ အသင်းဝင်တဦးက ” တိုက်ပေါ်ကပြုတ်ကျကြောင်း သက်ဆိုင်ရာကအကြောင်းကြားလို့ သွားတော့ Dead body ဖြစ်နေလို့ဆေးရုံပို့ခဲ့ပါတယ် “လို့ ပြောပါတယ်။

တိုက်ပေါ်ကပြုတ်ကျတဲ့ အမျိုးသားဟာ ပြုတ်ကျတဲ့အရှိန်ကြောင့် ခန္ဒာကိုယ် ဘယ်ဘက်တခြမ်းလုံးထိခိုက်သွားပြီး လက်ကောက်ဝတ်ကျိုးသွားကာ နေရာမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ သေဆုံးအမျိုးသားရုပ်အလောင်းကို စံပြဆေးရုံကိုပို့ဆောင်ထားပြီး တာဝန်ရှိသူတွေကစစ်ဆေးမှုတွေလုက်နေတယ်လို့သိရပါတယ်။

မတ်လ ၆ ရက်နေ့ရက်ကလည်း ဗိုလ်တထောင်မြို့နယ်၊ Time Square ကွန်ဒိုပေါ်ကနေ အသက် ၂၉ နှစ်အရွယ် စင်ကာပူ နိုင်ငံသား အမျိုးသား ၁ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #တိုက်ပေါ်ကပြုတ်ကျသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW