ရှမ်း/မြောက်မှာ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်(၃)လုံး မီးထဲပါသွား

မတ်၊၁၂-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နမ္မတူမြို့နယ် ပန်ချင်ကျေးရွာ အုပ္စု၊ မိုက်ဟုန်းကျေးရွာမှာ ဒီကနေ့ မတ်လ(၁၂)ရက် ဒီနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားကာ လူနေအိမ်(၃)လုံးမီးထဲပါသွားတယ်လို့ သိရပါတယ်။

”မတ်လ ၁၂ ရက် မနက် ၉ နာရီဝန်းကျင်လောက်က စလောင်တာ၊နေအိမ် မီးဖိုမီးကနေ စတင်လောင်တာပါ၊ အိမ်ချင်းကပ် နေအိမ်တွေကို ကူးစက်လောင်သွားတာ၊ ၃ လုံး မီးထဲပါသွားတယ်၊ မီးကို ဝိုင်းဝန်းငြှိမ်းသတ်ပေမယ့် မမီလိုက်တာ၊ နောက်ထပ်တော့ ဆက်ပြီးကူးစက်တာ မရှိဘူး၊ မီးစတင်လောင်တဲ့အိမ်က မီးလောင်မှုဖြစ်တော့ လူတွေမရှိကြဘူး။ လို့ ရှမ်းပြည်နယ်က လူမှုကူညီရေးအသင်းဝင်တဦးကပြောပါတယ်။

မီးလောင်တဲ့အထဲပါသွားတဲ့ နေအိမ်တွေက သွပ်မိုး ထရံကာ အိမ်တွေဖြစ်ပြီး လူတွေ ထိခိုက်၊ သေဆုံးတာမရှိဘဲ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်သိန်း ၂၀၀ ကျော်လောက်ရှိတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီ ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ရှမ်းပြည်နယ် ၊လားရှိုးမြို့မှာ အခု မတ်လ ၄ ရက် ကလည်း ရွှေတောင်တန်း ရေသန့်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတွေများပြားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁)လတွင်း ရှမ်းပြည်နယ် တခုလုံးမှာ မီးလောင်မှု (၁၄)ကြိမ်အထိ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရှမ်းမြောက် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW