ဖားကန့်ဒေသ လုံးခင်းနားမှာ တိုက်ပွဲဖြစ်လို့ လူကိုးဦးသေဆုံး နှစ်ဦးဒါဏ်ရာရ

ဖားကန့် March- 19-2023
NY

ဖားကန့်မြို့နယ်လုံးခင်းရွာအနီး သာသနာ့နယ်မြေ(ဒေသအခေါ် မျောက်ကုန်း)မှာ မနေ့ ညနေ ၆း၀၀ နာရီအချိန််ခန့်က နစကတပ်ဖွဲ့နဲ့ Kia+Pdf ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်လို့ လူ၉ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်ခိုင်မာတဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ရဲက သုံးဦး၊အရပ်သား ကျား ၄ ဦး၊အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် တဦး၊ဖြစ်ပါတယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားပြည်သူခြောက်ဦးဟာ တိုက်ပွဲဖြစ်ပွားရာ ငြိမ်းချမ်းသာယာကျေးရွာကားကြီးကွင်းအနီးမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူတွေအားလုံး သေနတ်မှန် ဒါဏ်ရာတွေနဲ့ သေဆုံးခဲ့ကြပြီး၊ ဖားကန့်ဆေးရုံကို ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။၊ ဒါဏ်ရာရရှိထားသူ ကလေးငယ်နဲ့ အမျိုးသမီးကိုလည်း ယင်းဆေးရုံသို့ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။

ဖားကန့်မှာ ယခု မတ်လ တတိယသီတင်းပါတ်အတွင်း တင်းတင်ူကျပ်ကျပ် ရှာဖွေစစ်ဆေးမှုတွေလုပ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဖားကန့်မြို့နယ်လဝက ဒုဦးစီးဦးစီးအရာရှိတယောက် နေအိမ်မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါတယ်။

#voiceofmyanmar #VOM #ဖားကန့်တိုက်ပွဲ #လုံးခင်း

Related posts

Leave a Comment

VOM News

FREE
VIEW