လိုင်ဇာမြို့အနီးရှိ ဂျဲယန် စစ်ရှောင်စခန်းမှာ မီးလောင်မှုဖြစ်ပွါးခဲ့

မတ် ၁၉၊ ၂၀၂၃
Shy V(VOM)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ ဂျဲယန် စစ်ရှောင် စခန်းမှာ ဒီကနေ့ မတ်လ ၁၉ ရက် ညနေ ၃ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၂၀ ကျော် ပါသွားတယ်လို့ အဲဒီစစ်ဘေးရှောင်ပြည်သူတွေ ဆီက သိရပါတယ်။

“အကုန်ပါကုန်ပြီ။ ကျနော့် ညီ၊ ညီမတွေ အိမ်ရော၊ အမျိုးတွေ အိမ်ရော အကုန်ပါသွားပြီ။ ရွာအောက်ဘက်က ညာဘက် တန်းလျား တတန်းလုံးက အိမ်ခြေ ၂၃ အိမ် မီးထဲပါသွားပြီး ဘယ်လိုစလောင်တာတော့ စစ်ဆေးနေဆဲ ဖြစ်တယ် “လို့ စစ်ဘေးရှောင် အမျိုးသား ၁ ဦး က ပြောပါတယ်။

စစ်ရှောင်စခန်းက ပန်းပဲဆရာ တယောက်က” လောလောဆယ်တော့ ဆိုင်ကယ်က အစ အကုန်ပါသွားတော့ အစားအသောက်၊ အဝတ်အစား၊ စောင်၊ အိမ်သုံး ပစ္စည်းတွေ လိုနေတာပေါ့။” လို့ ပြောပါတယ်။

အဲဒီ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၇၀ ခန့်ရှိပြီး ကေအိုင်အေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက စစ်ဘေးရှောင်လာခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မတ်လ ၁၃ ရက်နေ့ကလည်း လိုင်ဇာမြို့နယ်ရှိ အကြီးဆုံးစစ်ရှောင်စခန်းဖြစ်တဲ့ ရှအစ်ယန် စစ်ရှောင်စခန်း မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပါတယ်။

Photo Crd-စစ်ရှောင်ပြည်သူ ၁ ဦး
#voiceofmyanmar #VOM #လိုင်ဇာ #ဂျဲယန်စစ်ရှောင်စခန်းမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW