အမေရိကန်မှာ ဘဏ် ၂၀၀ နီးပါး ပြိုလဲနိုင်တဲ့အန္တရာယ်ရှိကြောင်း သတိပေး

ဝါရှင်တန်၊ မတ်-၂၂-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန် ဘဏ်လုပ်ငန်းအဖွဲ့အစည်း ၂၀၀ နီးပါးဟာ မကြာသေးမီကပြိုလဲသွားခဲ့တဲ့ Silicon Valley Bank လိုမျိုး ပြိုလဲနိုင်ခြေရှိကြောင်း လူမှုသိပ္ပံကွန်ရက်ရဲ့ လေ့လာမှုအစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

Silicon Valley Bank ပြိုလဲမှုဟာ အမေရိကန်သမိုင်းမှာ ဘဏ်ပြိုလဲမှု ဒုတိယအကြိမ်အကြီးဆုံးဖြစ်ပြီး ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အကြီးဆုံးဖြစ်ပါတယ်။

အမေရိကန်ဘဏ်တွေမှာ ငွေအပ်နှံထားသူတွေရဲ့ထက်၀က်က သူတို့ရဲ့အပ်ငွေတွေကို ရုပ်ချည်းထုတ်ယူခဲ့မယ်ဆိုပါက အမေရိကန်ဘဏ် ၁၈၆ ခုဟာ Silicon Valley Bank လိုပြိုလဲနိုင်တယ် အန္တရာယ်ရှိနေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် အစိုးရရဲ့ပါ၀င်ပတ်သက်မှုမရှိဘဲ သို့မဟုတ် အပ်ငွေ၀င်ရောက်မှုမရှိဘဲ အဲဒီဘဏ်တွေဟာ လုပ်ငန်းလည်ပတ်ဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ အစီရင်ခံစာက သတိပေးထားပါတယ်။

အမေရိကန်အစိုးရက ဘဏ်အပ်ငွေများကို ဒေါ်လာ နှစ်သိန်းငါးသောင်းထိ အကာအကွယ်ပေးထားပေမယ့်လည်း အပ်နှံသူတွေရဲ့ စိုးရိမ်မှုတွေကြောင့် အပ်ငွေပြန်လည်ထုတ်ယူမှုတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ လေ့လာမှုအစီရင်ခံစာမှာဖော်ပြထားပါတယ်။

Ref: IE
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW