မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ မဲကနယ်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွါး

မတ် ၂၅၊ ၂၀၂၃
Shy V (VOM)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု နဲ့ ကုန်သွယ်ရေးဇုန်အနီးနားတွေမှာ ဒီကနေ့ မတ်၂၅ ရက် မနက် ၅ နာရီ ခန့်ကစပြီး ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့ ကုန်တင်ယာဉ်မောင်း‌တွေဆီက သိရပါတယ်။

“အခုထိ တိုက်ပွဲ ပြင်းထန်နေဆဲပဲ။ ကုန်သွယ်ရေးဇုန်နဲ့ မဲကနယ်က ကပ်လျက်ပဲ။ ကုန်သွယ်ရေးဇုန်နားမှာပါ ဖြစ်နေတယ်။” လို့ အဲဒီနားရောက်နေတဲ့ ကားသမား တယောက်က ပြောပါတယ်။

ဒီနေ့ မနက် ၆ နာရီ ၂၀ မိနစ်ခန့်ကစပြီးဝောာ့ မြဝတီ သင်္ဃန်းညီနောင် ရဲစခန်းရှေ့၊ သင်္ကန်းညီနောင် သက်လွတ်ကျောင်းရှေ့တွေမှာ တိုက်ပွဲဖြစ်ပွားတာလို့ သိရပါတယ်။

“ကားသမားတွေတော့ ထိခိုက်တာမရှိဘူး အပြင်မှာတော့လူနာတင်ကားသံတွေကြားတယ်။ ကားသမားတွေက ကားကြားထဲပုန်းနေကြတာပေါ့” လို့ သူက ရှင်း ပြပါတယ်။

လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်ခတ်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ နောက်ထပ် ကားသမား တဦးက ပြောပါတယ်။

“ငါတို့ဘေးပဲ လက်နက်ကြီးကျသွားတယ်။ ခေါင်းမှာ ထိသွားတယ် တစ်ယောက်။စစ်ဆေးရုံ ပို့လိုက်ပြီအခု။ … ငါတို့ရှေ့က ကားလေး တစီးလာတာ ကားလေးသမား လည်ပင်းမှန်သွားတယ်၊ ခေါင်းထိသွားတဲ့တယောက်ကတော့ ပြည်သူလား၊ ဘယ်အဖွဲ့က ဆိုတာတော့ မသိဘူး။” လို့ သူ က ပြောပါတယ်။

မြဝတီ ကုန်သွယ်ရာ လမ်းကြောဘက်မှာ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်တာကြောင့် ကုန်သွယ်ရာလမ်းကြောင်း မကြာခဏ သွားလာမှု ရပ်ဆိုင်းရတာရှိတယ်လို့လည်း သိရပါတယ်။

Photo Crd – ကားသမား ၁ ဦး
#voiceofmyanmar #VOM #မြဝတီ #တိုက်ပွဲဖြစ်ပွါးမှု

Related posts

Leave a Comment

VOM News

FREE
VIEW