အမေရိကန်နဲ့တောင်ကိုရီးယားတို့ နဂါးနှစ်ကောင်အမည်ရ အကြီးစားစစ်ရေးလေ့ကျင့်မှု စတင်

ဆိုးလ်၊ မတ်-၂၉-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ကုန်းရေနှစ်သွယ် အကြီးစားစစ်ရေးလေ့ကျင့်မှုကို မတ် ၂၉ ရက်မှာ စတင်လိုက်ပြီဖြစ်ပြီး ဒါဟာငါးနှစ်အတွင်း ပထမဆုံးအကြိမ်အကြီးစား စစ်ရေးလေ့ကျင့်မှုလည်းဖြစ်ပါတယ်။

နျူကလီးယားလက်နက်တွေ ဒုံးကျည်ပစ်ခတ်မှုတွေနဲ့အတူ ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားအရေးကို ကိုင်တွယ်ဖြေရှင်းဖို့ နှစ်နိုင်ငံခိုင်မာစွာပူးပေါင်းသွားမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတာ၀န်ရှိသူတွေက ပြောပါတယ်။

နှစ်နိုင်ငံအကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ နှစ်ဂါးနှစ်ကောင်ဆိုတဲ့ အဓိပ္ပါယ်ရပြီး တောင်ကိုရီးယားအရှေ့တောင်ပိုင်းမှာ လာမယ့်အပတ် တနင်္လာနေ့ထိ ကျင်ပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့မှာတော့ နှစ်နိုင်ငံတပ်ဖွဲ့၀င်တွေဟာ ကုန်းရေနှစ်သွယ် ဆင်းသက်မှုလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ပြီး သံချပ်ကာယာဉ်၊ စစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေပါ၀င်လေ့ကျင့်ခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ စစ်ရေယာဉ်အစင်း ၃၀ နဲ့ လေယာဉ် ၇၀ ပါ၀င်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

လာမယ့်ရက်တွေမှာတော့ အမေရိကန်ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောပါ၀င်မယ့် စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ ရှုတ်ချပြောဆိုထားပြီး ဒါဟာကျူးကျော်ရန်စဖို့ ပြင်ဆင်နေတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Ref:NHK
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW