ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေဖြန့်ကြက်မယ့် ပူတင်ရဲ့ဆုံးဖြတ်ချက် နေတိုးအဖွဲ့ ပြစ်တင်ရှုတ်ချ

 

ဘရပ်ဆဲလ်၊ မတ့်-၂၇-၂၀၂၃
မျိုးဆက်(VOM)

ဘီလာရုစ်နိုင်ငံမှာ ရုရှားက မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေဖြန့်ကြက်ထားဖို့ ဆုံးဖြတ်ချက်ဟာ အန္တရာယ်ရှိပြီး တာ၀န်မဲ့တဲ့လုပ်ရပ်ဖြစ်ကြောင်း နေတိုးအဖွဲ့က ရှုတ်ချလိုက်ပါတယ်။

အဲလိုနျူကလီးယားလက်နက်တွေ ဖြန့်ကြက်မယ့်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ရုရှားရဲ့လုပ်ဆောင်မှုကြောင့် နေတိုးအဖွဲ့ရဲ့နျူကလီးယားမဟာဗျူဟာကို ပြောင်းလဲမှာမဟုတ်ကြောင်း နေတိုးအဖွဲ့ကပြောပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားဟာ နျူကလီးယားလက်နက်ထုတ်သုံးဖွယ်မရှိဘူးလို့ အမေရိကန်က ပြောဆိုထားပါတယ်။ရုရှားရဲ့မဟာမိတ် ဘီလာရုစ်ဟာ ယူကရိန်းနဲ့ ရှည်လျားတဲ့နယ်နိမိတ်ထိစပ်မှုရှိနေပြီး နေတိုးအဖွဲ့၀င် ပိုလန်၊ လစ်သူယေးနီးယားနဲ့လည်း ထိစပ်နေပါတယ်။

ယူကရိန်းသမ္မတကတော့ ပူတင်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးခေါ်ဖို့ တောင်းဆိုထားပါတယ်။

ရုရှားရဲ့ အဲဒီလုပ်ရပ်ဟာ နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက စွပ်စွဲပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဘရပ်ဆဲလ်

Related posts

Leave a Comment

VOM News

FREE
VIEW