အစ္စရေးကာကွယ်ရေး၀န်ကြီး ထုတ်ပယ်ခံရ၊ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နိုင်ငံတ၀န်းဖြစ်ပွားနေ

ဂျေရုဆလင်၊ မတ်-၂၇-၂၀၂၃
မျိုးဆက်(VOM)

အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ကာကွယ်ရေး၀န်ကြီးကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် အစ္စရေးနိုင်ငံတစ်၀န်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်။

အစ္စရေးကာကွယ်ရေး၀န်ကြီး ယော့ဗ်ဂဲလ်လန့်ဟာ အစ္စရေးတရားစီရင်ရေးစနစ်ကို ပြန်လည်ပြင်ဆင်မယ့် အငြင်းပွားဖွယ်အစီအစဉ်တွေကို ကန့်ကွက်ပြောဆိုပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ပါတယ်။

၀န်ကြီးချုပ်နေတန်ယာဟုရဲ့ ဂျေရုဆလင်ရှိနေအိမ်အနီးမှာ ဆန္ဒပြသူတွေကို ရဲနှဲ့စစ်သားတွေက မီးသတ်ပိုက်တွေအသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲမှုတွေကို ရပ်တန့်ဖို့ အစ္စရေးသမ္မတ အိုင်က်ဟစ်ဇော့က မတ် ၂၇ရက် နံနက်အစောပိုင်းမှာ အစိုးရကိုတိုက်တွန်းထားပါတယ်။

အစ္စရေးပြည်သူအားလုံးစည်းလုံးညီညွတ်ဖို့အတွက် ဥပဒေပြင်ဆင်ပြောင်းလဲမှုတွေကို ချက်ချင်းရပ်တန့်ဖို့ သူကပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း အမေရိကန်က ပြောဆိုထားပါတယ်။

အစ္စရေးအစိုးရရဲ့ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုတွေထဲမှာ တရားသူကြီးတွေခန့်အပ်တဲ့ ကော်မတီကို အစိုးရအားအပြည့်အ၀ထိန်းချုပ်ခွင့်ရှိနိုင်မယ့် အစီအစဉ်တွေလည်း ပါ၀င်နေပါတယ်။

Ref:NNC
Photo:AP
#voiceofmyanmar #VOM #ဂျေရုဆလင်

Related posts

Leave a Comment

VOM News

FREE
VIEW