မတ် ၂၄ – ၂၀၂၃ GG(VOM) မကွေးတိုင်း၊စလင်းမြို့နယ်၊အောက်လှိုင်းကျေးရွာအုပ်စု၊ပိန္နဲပင်ကျေးရွာမှာ မနေ့ မတ်လ၂၃ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပြီး နေအိမ် ၃၂အိမ် ဝန်းကျင် မီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ ပိန္နဲပင်ရွာက နေအိမ်တအိမ်ကနေ ရေနွေးအိုး တည်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ် နေအိမ်တွေကို မီးကူးစက်လောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မီးလောင်တာ ၅ နာရီခွဲလောက်ပေါ့။ကျနော်တို့ဆီသတင်းရလို့သွားတော့ မီးကအတော်လေးလောင်ပြီးနေပြီ၊ မီးလောင်ချိန် လျှပ်စစ်မီးမလာဘူး၊လူထိခိုက်တာမရှိဘူး၊မီးလောင်တာကြောင့်ရှော့ရတဲ့လူတယောက်ကိုပဲ ပြုစုလိုက်ရတာရှိတယ် ” လို့ စလင်းကြက်ခြေနီအသင်း အဖွဲ့ဝင်တဦးကပြောပါတယ်။ မီးလောင်မှုကြောင့် မီးသတ်တွက်ချက်တန်ဖိုးငွေ ၁၄၁သိန်းကျော် ဆုံးရှုံးခဲ့ပြီး ပျက်စီးခဲ့တဲ့နေအိမ်တွေဟာ သစ်သား ၊သွပ်မိုးအိမ်တွေ ဖြစ်ကြောင်း လူထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ သိရပါတယ်။ အဲ့ဒီမီးလောင်မှုကို စလင်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ စလင်းကြက်ခြေနီအသင်း၊ဒေသခံရွာသားတွေက ပူးပေါင်းမီးငြိမ်းသတ်ခဲ့တာဖြစ်ပြီး မီးကို ၁ နာရီကျော်ကြာ မီးငြီမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ #voiceofmyanmar…
Read MoreMonth: March 2023
ပြည်မြို့က စည်ပင်ရုံးဝန်းထဲမှာ စည်ပင်ဝန်ထမ်းတဦး ဆွဲကြိုးချသေဆုံး
မတ် ၂၃ – ၂၀၂၃ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့နယ် စည်ပင်သာယာက ဝန်ထမ်းအမျိုးသားတဦး စည်ပင်ရုံးဝန်းထဲမှာပဲ ကြိုးဆွဲချသေဆုံးမှု ဒီနေ့မတ်လ ၂၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ကျနော်တို့ရောက်တော့ သေဆုံးသူက အောက်ကိုချပြီးနေပါပြီ။သေဆုံးတာကို ကျနော်တို့ကိုဆက်သွယ်တာတော့ မနက်ပိုင်းမှာပါ၊ဒါပေမယ့် သေဆုံးတာကတော့ ညပိုင်းကတည်းကဖြစ်ဖို့များပါတယ် ၊ သူ့မိသားစုက သားလို့ထင်ရသူတော့ ရောက်လာပေမယ့် သေချာမသိရဘူး။ဘာကြောင့် အခုလိုသတ်သေတယ်ဆိုတာလည်းမသိရသေးပါဘူး။အလောင်းကိုပဲဆေးရုံပို့ခဲ့တာ”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ Pyay Rescue အဖွဲ့ဝင်တဦးကပြောပါတယ် ။ သေဆုံးတဲ့ စည်ပင်ဝန်ထမ်းအမျိုးသားဟာ အသက် ၅၈ နှစ်ဝန်းကျင်ရှိ ဦးဝင်းဌေးဆိုသူဖြစ်ကြောင်း၊ သူဟာ စည်ပင်ရုံးထဲက လိုင်းခန်းမှာနေထိုင်တာဖြစ်ပြီး သူနေထိုင်တဲ့အခန်းထဲမှာပဲ သေဆုံးတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ သေဆုံးစည်ပင်ဝန်ထမ်းအမျိုးသားကို ပြည်မြို့ဆေးရုံကြီးကို ပို့ဆောင်ကာ ရုပ်အလောင်းကိုတော့ မတ်လ ၂၅ ရက်နေ့မှာသဂြိုလ်မှာဖြစ် တယ်လို့သိရပါတယ်။ ပြည်မြို့မှာ အခု မတ်လ…
Read Moreချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးတွေသေဆုံးမှု အိန္ဒိယ Marion Biotech ဆေးကုမ္ပဏီကို လိုင်စင်ရုပ်သိမ်း
ဒေလီ၊ မတ်-၂၃-၂၀၂၃ မျိုးဆက်(VOM) ဥဇဘက်ကစ္စတန်နိုင်ငံမှာ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးငယ် ၁၈ ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ဆေးရည်ထုတ်လုပ်တဲ့ အိန္ဒိယဆေးကုမ္ပဏီရဲ့ထုတ်လုပ်ရောင်းချခွင့်ကို အာဏာပိုင်တွေက အပြီးရုပ်သိမ်းလိုက်ပါတယ်။ အိန္ဒိယအခြေစိုက် Marion Biotech ကထုတ်လုပ်တဲ့ချောင်းဆိုးပျောက်ဆေးနှစ်မျိုးကို စံချိန်မမှီကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီလအတွင်းက သတိပေးထုတ်ပြန်ထားပြီး ကုမ္ပဏီဘက်ကတော့ အရည်အသွေးမမှီဆိုတာကို ပယ်ချထားပါတယ်။ ဥဇဘက်ကစ္စတန်မှာ အဲဒီဆေးရည်သောက်ပြီး ကလေးတွေသေဆုံးမှုဖြစ်ပွားပြီးနောက် Marion Biotech ရဲ့ထုတ်လုပ်မှုတွေကို အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနက ရပ်ဆိုင်းခဲ့ပါတယ်။ လက်ရှိမှာတော့ Marion Biotech ရဲ့လိုင်စင်ကို မတ် ၂၂ ရက်မှာ အပြီးတိုင်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီအခြေစိုက်ရာ ဥတာပရာဒေ့ရ်ှပြည်နယ် အာဏာပိုင်တွေကပြောပါတယ်။ အိန္ဒိယနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဆေးးဘက်ဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့ ကမ္ဘာ့အကြီးဆုံး အထွေထွေဆေးဝါးတွေတင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီကာလတွေအတွင်း အိန္ဒိယဆေးကုမ္ပဏီအများအပြားဟာ သူတို့ရဲ့ဆေးဝါးအရည်အသွေးနဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေရဲ့ စစ်ဆေးမှုတွေအောက်မှာရှိနေကာ ဆေးဝါးထုတ်လုပ်တဲ့ စံချိန်စံညွှန်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက စိုးရိမ်မှုတွေရှိနေပါတယ်။ Ref: BBC Photo:…
Read Moreရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်၊ လူ၂ယောက်သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရ
မတ် ၂၃ -၂၀၂၃ GG(VOM) ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၈၄/၁)နှင့်(၂၈၄/၂)ကြားမှာ ရပ်ထားတဲ့ကုန်ကားကို လိုက်ထရပ်ကားက ဝင်တိုက်မိလို့ ကားပေါ်ပါသူတွေထဲက ၂ ယောက်သေဆုံးပြီး ၁၆ ယောက်ဒဏ်ရာရရှိခဲ့မှု ဒီနေ့မတ်လ ၂၃ ရက် မနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူက အသက် ၃၇ နှစ်နဲ့ ၅၉ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး ၊ဒဏ်ရာရသူတွေက အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသား ၄ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။ ” ယာဥ်မောင်းက အိပ်ငိုက်ပြီး ရပ်ထားတဲ့ကားကို ဝင်တိုက်တာပါ။ကားပေါ်မှာ အယောက်၂၀ လောက်ပါတယ်ပြောတယ်။ဒဏ်ရာရတာကတော့ ၁၆ ယောက်၊သေဆုံးက ၂ ယောက်ပါ ၊ဒဏ်ရာရသူတွေကိုဆေးရုံပို့ထားတယ်၊သေတဲ့သူတွေက ယာဥ်မောင်းမဟုတ်ပါဘူး”လို့ ကူညီရေးလမ်းကြောင်းဆောင်ရွက်ခဲ့တဲ့ ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။ လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို မိတ္တီလာဆေးရုံ ပို့ဆောင်ထားကြောင်း၊ဒဏ်ရာရသူတွေက ခေါင်းပေါက်၊ခြေကျိုး၊လက်ကျိုးစတဲ့ဒဏ်ရာတွေသာရရှိခဲ့လို့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့…
Read Moreရုရှားက လက်နက်ထောက်ပံ့တာတွေရပ်ရင် ပဋိပက္ခတွေကနေ မြန်မာနိုင်ငံရုန်းထွက်နိုင်မယ်လို့ အမေရိကန်ပြော
၀ါရှင်တန်၊ မတ်-၂၃-၂၀၂၃ မျိုးဆက်(VOM) ရုရှားအနေနဲ့ မြန်မာအာဏာပိုင်တွေကို လက်နက်ထောက်ပံ့တာတွေရပ်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ပဋိပက္ခကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံ ဒီရက်ခ်ချောလက်က မတ် ၂၂ ရက်မှာ ပြောပါတယ်။ ရုရှားအနေနဲ့ အခုလိုအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူးလို့ ဒီရက်ခ်ချောလက်က ဂျကာတာမှာ သတင်းထောက်တွေကိုပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရုရှားဟာ မြန်မာနိုင်ငံရဲ့အနီးကပ်မိတ်ဆွေဖြစ်ပြီး အာဏာပိုင်တွေအတွက် လက်နက်နဲ့လောင်စာဆီတွေ ပံ့ပိုးပေးနေတာက အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေကျင်းပဖို့ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပျက်ပြားစေတယ်လို့ သူကဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကို အဖြေရှာပြီး ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပြန်လည်ရရှိမယ့်နည်းလမ်းတခုကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ လက်နက်တွေမတင်သွင်းနိုင်တော့ဘူးဆိုရင် သို့မဟုတ် ရုရှားကလက်နက်ထောက်ပံ့တာတွေကို ရပ်တန့်ခြင်းတွေဖြစ်ကြောင်း သူကပြောပါတယ်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်ခြင်းဖြင့် လက်နက်တွေ၀ယ်ယူဖို့ ပိုမိုခက်ခဲလာစေမယ့်နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်ကြောင်း ဒီရက်ခ်ချောလက်က ဆိုပါတယ်။ လက်ရှိချိန်ထိ အမေရိကန်ဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၈၀ နဲ့အဖွဲ့အစည်း…
Read Moreမူဆယ်နယ်စပ်က သွင်းကုန်စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ခက်ခဲမှုတွေရှိနေ
မတ် ၂၃-၂၀၂၃ Shy V(VOM) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မူဆယ်နယ်စပ်က သွင်းကုန်တွေကို လတ်တလော စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ကြန့်ကြာခက်ခဲနေတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ဒုက္ခ ရောက်လွန်းလို့ပါ။ အပြည့်ဆောင်ပြန်တော့လည်း ဖမ်းတယ်။ Brand name လွဲလို့တဲ့။ မြန်မာတနိုင်ငံလုံးသိတယ်။ တရုတ်ထုတ်ကုန်တွေ Brandတွေ မှိုလို ပေါက်နေတာပဲ။ နာမည်မရှိတဲ့ Brand တွေဆိုလဲ လိုင်စင်က မရ။ ရှိတဲ့ဟာနဲ့ ဆောင်ပြန်တော့လည်း ဖမ်း။”လို့ နယ်စပ် ကုန်သည်တဦးက ပြောပါတယ်။ ဂျူတီဆောင်ပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က လွှတ်လိုက်တာ ဖြစ်ပေမယ့် ရေပူဂိတ် နဲ့ ၁၆ မိုင်ဂိတ် မှာ ပြန်ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် ကုန်သည် ၁ ဦး ကလည်း “၁၀၅ မိုင်မှာ…
Read Moreရန်ကုန်-မန္ထလေးအမြန်ရထား(၂)စင်း လမ်းချော်ပြီး တိမ်းမှောက်ခဲ့သလို မိုင်းပေါက်ကွဲလို့ ဒဏ်ရာရသူတွေရှိခဲ့
မတ် ၂၂ – ၂၀၂၃ GG(VOM) တောင်ငူခရိုင်ထဲမှာ ရန်ကုန် – မန္တလေး ရထား ၂စင်း လမ်းချော်ပြီးတိမ်းမှောက်မှုဖြစ်ပွားခဲ့သလို ရထားလမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်က ဒီနေ့ မတ်လ ၂၂ ရက်နေ့ မနက်အစောပိုင်း အုတ်တွင်းမြို့နယ်၊ဇေယျဝတီဘူတာနဲ့ ညောင်ခြေထောက် ဘူတာကြားမှာ ရထားလမ်းပေါက်ကွဲမှုဖြစ်ကာ ရထားပျက်စီးမှုရှိခဲ့သလို ရိုးရိုးတန်းတွဲ-၁ ခုံအမှတ် (၃၃/၃၄) မှာ လိုက်ပါလာတဲ့ ခရီးသည် ၂ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ” အခုမနက်ပြောရမှာပေါ့ ၁ နာရီထိုးဖို့ ၁၀ မိနစ်အလိုလောက်မှာ ရထားပေါက်ကွဲမှုဖြစ်တာ။ ရန်ကုန်ဘူတာကြီးကနေ ထွက်လာတဲ့ ရထားပေါ့။ရထားပေါ်မှာ ဒုရဲအုပ် အဖွဲ့လုံခြုံရေးပါတယ်၊ခရီးသည်တွေ ၇၀၀ လောက်ပါတယ်လို့သိရတယ်၊မိုင်းကွဲတော့ ဒဏ်ရာကသူတွေကို ဆေးရုံကိုပို့လိုက်ပြီးရထားက ဆက်သွားတယ် “လို့အုတ်တွင်း ဒေသခံတဦးကပြောပါတယ်။ ဒဏ်ရာရသူတွေကတော့ ဦးလေးလွင် အသက် ၄၅ နှစ် နဲ့ ဦးဟီရာကျန် အသက်၄၀နှစ်တို့…
Read Moreရခိုင်မှာ လေပြင်းတိုက်ခတ်ပြီး စစ်ဘေးရှောင် နေအိမ် ၉၀ နီးပါး ပျက်စီးသွား
မတ်၊၂၂-၂၀၂၃ MM(VOM) ရခိုင်ပြည်မှာ ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်တွေက စစ်ဘေးရှောင်နေအိမ် ၉၀ နီးပါး ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၀ ရက်က မိုးသက်လေပြင်တိုက်ခတ်တာကြောင့် ရသေ့တောင်မြို့ပေါ် စေတီတောင် စစ်ဘေးရှောင်စခန်းက နေအိမ် ၆ လုံး ၊ ရသေ့တောင်မြို့နယ် ပြားချောင်းကြီး စစ်ဘေးရှောင်စခန်းက ၅၇ လုံး၊ ကျောက်တော်မြို့ပေါ် ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ၄ လုံး၊ ပုဏ္ဏားကျွန်း မြို့နယ်ကဏန်းတောင် စစ်ဘေးရှောင်စခန်းက ၆ လုံးနဲ့ ဘူတာရုံ စစ်ဘေးရှောင်စခန်းက နေအိမ် ၁၄ လုံး ပျက်စီးသွားတာလို့သိရပါတယ်။ “မနေ့က ကွင်းဆင်းတယ် ၊ လေပြင်းဒဏ်ကြောင့်ပျက်စီးတာ တော်တော်များတယ်၊ တချို့အိမ်တွေကလုံးဝပျက်စီးသွားတာ၊တချို့အိမ်တွေကတော့ တစိတ်တပိုင်းပျက်စီးသွားတာ၊အားလုံးခြုံလိုက်ရင် လုံးဝပျက်စီးတဲ့ နေအိမ်က များတယ်၊သက်ဆိုင်ရာ အုပ်ချုပ်ရေးဘက်ကတော့ စာရင်းလာယူသွားတာတွေ့ရတယ်၊ ဒီကနေ့အထိတော့ ထူးခြားတာမရှိသေးပါ။”လို့…
Read Moreအမေရိကန်မှာ ဘဏ် ၂၀၀ နီးပါး ပြိုလဲနိုင်တဲ့အန္တရာယ်ရှိကြောင်း သတိပေး
ဝါရှင်တန်၊ မတ်-၂၂-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် ဘဏ်လုပ်ငန်းအဖွဲ့အစည်း ၂၀၀ နီးပါးဟာ မကြာသေးမီကပြိုလဲသွားခဲ့တဲ့ Silicon Valley Bank လိုမျိုး ပြိုလဲနိုင်ခြေရှိကြောင်း လူမှုသိပ္ပံကွန်ရက်ရဲ့ လေ့လာမှုအစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။ Silicon Valley Bank ပြိုလဲမှုဟာ အမေရိကန်သမိုင်းမှာ ဘဏ်ပြိုလဲမှု ဒုတိယအကြိမ်အကြီးဆုံးဖြစ်ပြီး ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အကြီးဆုံးဖြစ်ပါတယ်။ အမေရိကန်ဘဏ်တွေမှာ ငွေအပ်နှံထားသူတွေရဲ့ထက်၀က်က သူတို့ရဲ့အပ်ငွေတွေကို ရုပ်ချည်းထုတ်ယူခဲ့မယ်ဆိုပါက အမေရိကန်ဘဏ် ၁၈၆ ခုဟာ Silicon Valley Bank လိုပြိုလဲနိုင်တယ် အန္တရာယ်ရှိနေတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် အစိုးရရဲ့ပါ၀င်ပတ်သက်မှုမရှိဘဲ သို့မဟုတ် အပ်ငွေ၀င်ရောက်မှုမရှိဘဲ အဲဒီဘဏ်တွေဟာ လုပ်ငန်းလည်ပတ်ဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ အစီရင်ခံစာက သတိပေးထားပါတယ်။ အမေရိကန်အစိုးရက ဘဏ်အပ်ငွေများကို ဒေါ်လာ နှစ်သိန်းငါးသောင်းထိ အကာအကွယ်ပေးထားပေမယ့်လည်း အပ်နှံသူတွေရဲ့ စိုးရိမ်မှုတွေကြောင့် အပ်ငွေပြန်လည်ထုတ်ယူမှုတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ လေ့လာမှုအစီရင်ခံစာမှာဖော်ပြထားပါတယ်။ Ref:…
Read MoreALP ပါတီကနေ ထုတ်ပယ်ခံရတဲ့ စောမြရာဇာလင်းနဲ့ VOM ဆက်သွယ်မေးမြန်းချက်
မတ်၂၂-၂၀၂၃ SW(VOM) မေး VOM : လတ်တလော ALP ပါတီတွင်းမှာ ဆရာမကို ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားရတာပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို သိလိုပါတယ်။ ဖြေ – စောမြရာဇာလင်း (ALP) : ကျွန်မကို ထုတ်ပယ်လို့မရပါဘူး။ ကျွန်မကို ထုတ်ပယ်စရာလည်း မလိုပါဘူး။ ကျွန်မက သူတို့ကို ထားခဲ့ပြီးပြီ။ လမ်းစဉ်မတူဘူး။ မတူတဲ့အတွက် ကျွန်မကိုယ့်လမ်းစဉ်ကိုယ် သေချာလျှောက်ဖို့လိုတယ်။ ကျွန်မနဲ့ ဝါသနာတူတဲ့လူ၊ သဘောထားတိုက်ဆိုင်တဲ့လူတွေနဲ့ သွားဖို့ရာအတွက် ကျွန်မတို့ ပါတီတွင်းမှာ (၄) ကြိမ်တိုင်တိုင် တိုင်ပင်ပြီးတော့မှ ပါတီအသစ်ကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပါတီကနေ (၆) လနဲ့အထက် ကင်းကွာနေတဲ့လူတွေကို ကျွန်မတို့ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခိုင်ပေါ်လင်း အဖမ်းခံရပြီး နောက်ပိုင်းမှာ ဒီပုဂ္ဂိုလ်တွေဟာ ပါတီတည်နေရာ၊ တပ်တည်နေရာ၊ ထဲက ထွက်ပြေးသွားကြတဲ့လူတွေဖြစ်တယ်။ ဒီလူတွေက…
Read More