မန္တလေးမြို့မှာ ပေါက်ကွဲမှု နဲ့ ပစ်ခတ်မှု ဖြစ်ပွါးပြီး ရဲတဦးနဲ့ ရာအိမ်မှူးတဦး သေဆုံး

မတ် ၂၂-၂၀၂၃ Vouce Of Myanmar(VOM) မန္တလေးမြို့ အမရပူရမြို့နယ်မှာ ပေါက်ကွဲမှု နဲ့ အောင်မြေသာစံမြို့နယ်မှာ ပစ်ခတ်မှုဖြစ်စဥ် ဒီကနေ့မနက်ပိုင်းက ဖြစ်ပွါးခဲ့ပြီး ရဲတဦးနဲ့ ရာအိမ်မှူးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အမရပူရမြို့နယ် ၊ မှန်တန်းရပ်ကွက်ရှိ အမရပူရခရိုင်တရားရုံးမှာ ဒီကနေ့မနက် ၁၂နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ရဲတပ်သား (၂)ဦး ဒဏ်ရာရခဲ့ပြီး တဦးကတော့ ဆေးရုံပို့ဆောင်ချိန် သေဆုံးခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ “ဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်ကို စစ်ဆေးနေပါတယ်၊ ဆေးရုံပို့ချိန် ရဲတဦး သေဆုံးပါတယ်”လို့ ရဲနဲ့နီးစပ်သူ တဦးကပြောပါတယ်။ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာလည်း ဒီကနေ့ မနက် ၈နာရီခန့်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရာအိမ်မှူး (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ရာအိမ်မှူး တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဒေသခံတဦးကလည်း “ဖြစ်တာကတော့ မနက်အစောကပဲ၊ ရာအိမ်မှူး(၂)ယောက် လက်ဖက်ရည်သောက်နေချိန် လူ…

Read More

ပါကစ္စတန်နဲ့ အာဖဂန်မှာ အင်အားပြင်းငလျင်ကြောင့် လူ ၁၂ ဦးသေဆုံး၊ ၄၀ ကျော်ဒဏ်ရာရ

ကဘူးလ်၊ မတ်-၂၂-၂၀၂၃ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံနေရာအနှံ့အပြားမှာ အင်အားပြင်းမြေငလျင်တခု မတ် ၂၁ ရက်မှာ လှုပ်ခတ်မှုကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အင်အား ၆ ဒသမ ၅ အဆင့်ရှိ မြေငလျင်ကြောင့် အဆောက်အဦတွေပျက်စီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။ မြေငလျင်ဟာ အာဖဂန်နစ္စတန်ရှိ ဂျာမ်တောင်ကြားဒေသကို ဗဟိုပြုကာ မတ် ၂၁ ရက်ညနေပိုင်းက လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။ လူဦးရေနည်းပါးပြီး ဝေးလံခေါင်သီတဲ့ဒေသဖြစ်တာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးဖွယ်ရှိကြောင်း အာဖဂန်တာ၀န်ရှိသူတွေကပြောပါတယ်။ ငလျင်ကြောင့် ပါကစ္စတန်မှာ ကိုးဦးသေဆုံးပြီး အာဖဂန်နစ္စတန်မှာ သုံးဦးသေဆုံးခဲ့ပါတယ်။ အိန္ဒိယ၊ ဥဇဘတ်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့ထိ ကီလိုမီတာ ၁၀၀၀ ကျော်အတွင်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း ဥရောပ-မြေထဲပင်လယ် ငလျင်လေ့လာရေးစင်တာက ထုတ်ပြန်ပါတယ်။ လွန်ခဲ့တဲ့နှစ်ဇွန်လအတွင်းကလည်း အာဖဂန်နစ္စတန်မှာ အင်အား ၅…

Read More

မုံရွာမြို့ပေါ်က ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သား ပါသွား

မတ် ၂၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ အောင်မဂ်လာရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ပေါ်ဦး ရွှေရတနာဆိုင်ဟာ မနေ့ မတ် ၂၁ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၇၀ ကျပ်သားကျော် ပါသွားတယ်လို့ မုံရွာ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” နေ့လယ် ၁၂ နာရီ ဝန်းကျင်က တိုက်ခံရတာပါ ၊ ကား ၊ ဆိုင်ကယ်တွေနဲ့ ရောက်လာတဲ့ အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၃ ဦး ရောက်လာပြီး ဆိုင်ရဲ့ လုံခြုံရေးဝန်ထမ်း (အစောင့်)တွေကို သေနတ်နဲ့ ချိန်ရွယ်ပြီး ဆိုင်တံခါးကို အတွင်းဘက်က ပိတ်ခိုင်းတယ် ၊ အဲ့ဒီအချိန် ဆိုင်ထဲက မှန်ကောင်တာတွေ ရိုက်ခွဲပြီး ရွှေထည်ပစ္စည်းမျိုးစုံ ယူသွားတာဖြစ်တယ်…

Read More

တရုတ်အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီအစဉ် ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ကြောင်း ရုရှားသမ္မတပူတင်ပြော

မော်စကို၊ မတ် -၂၂-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကအဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ စစ်ပွဲအဆုံးသတ်ဖို့ အခြေခံအဖြစ် အသုံးပြုနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ် ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေနဲ့ ယူကရိန်းတို့ဘက်က အဆင်သင့်ဖြစ်မှသာလျှင် အဲဒီအစီအမံကို ရှေ့ဆက်နိုင်မှာဖြစ်ကြောင်း သမ္မတပူတင်ကဆိုပါတယ်။ ရုရှားသမ္မတနဲ့ တရုတ်သမ္မတပူတင်တို့ဟာ မတ် ၂၁ ရက်တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲနဲ့ နှစ်နိုင်ငံဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ပြီးခဲ့တဲ့လက အဆိုပြုခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ ရုရှားအနေနဲ့ ယူကရိန်းကနေဆုတ်ခွာဖို့ အတိအလင်းတောင်းဆိုထားတာမျိုး မပါ၀င်ပါဘူး။ အချက် ၁၂ ချက်ပါ တရုတ်နိုင်ငံရဲ့ အဆိုပြုချက်တွေထဲမှာ စစ်ပွဲအဆုံးသတ်ရေး တိကျတဲ့တောင်းဆိုမှုတွေမပါ၀င်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပဖို့နဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့သာ တိုက်တွန်းထားပါတယ်။ ရုရှားတပ်တွေ ယူကရိန်းဆုတ်ခွာမှုမရှိသေးဘဲ အပစ်အခတ်ရပ်စဲရေးတောင်းဆိုနေတာဟာ ရုရှားက ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်ရေးကို ထောက်ခံနေတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး…

Read More

တာတိုင်ရွာသားတွေရဲ့ လက်ရှိ အခြေအနေ

မတ် ၂၂-၂၀၂၃ Voice Of Myanmar(VOM) ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့က စစ်ကိုင်းမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်နဲ့မူးမြစ်တို့ဆုံရာအရပ်မှာရှိတဲ့ တာတိုင်ကျေးရွာမှာ လူ(၁၇) ဦး အသတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ (၁) ရက်နေ့ကလည်း နေအိမ်တွေမီးရှို့ခံရတာကြောင့် အိမ်ခြေ (၁၀၀) ကျော်သာရှိတဲ့ တာတိုင်ရွာမှာ နေအိမ် (၃၇) လုံးမီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် ဒေသခံရွာသားတွေဟာ ယနေ့အချိန်ထိ ရွာထဲကိုပြန်မနေရဲသေးဘူးလို့ သိရပါတယ်။ အဲ့ဒီရွာက ဒေသခံအများစုဟာ တံငါတဖက်တောင်သူတဖက် လုပ်ကိုင်ကြသူတွေဖြစ်ပြီး လက်ရှိမှာတော့ စားဝတ်နေရေးအဆင်မပြေမှုတွေနဲ့လည်းကြုံတွေ့နေကြပါတယ်။ ဒီဖြစ်ရပ်တွေဟာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုကိစ္စရပ်မျိုးကိုမဆို အပြစ်မဲ့ပြည်သူတွေဆုံးရှုံးနစ်နာထိခိုက်မှုတွေနည်းပါးအောင် ငဲ့ညှာဆောင်ရွက်သင့်တယ်လို့ တာတိုင်ရွာသားတဦးကအကြံပြုတောင်းဆိုထားပါတယ်။ #voiceofmyanmar #VOM #တာတိုင်ကျေးရွာ

Read More

အလှ အပြင်အဆင်ချာ၊ အုန်းမှုတ်ပဲ့၊ ဒိုလာ နှင့် ထွာဆိုင် လေးသစ်ငယ်

ဆူးငှက် ရှေးက ပြည်သူချစ်သော အနုပညာရှင် အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင် သီဆိုခဲ့တဲ့ ” ရွှေပြည်စိုး”သီချင်းကို ကျွန်တော် အလွန်ကြိုက်ပါတယ်။ ကြားဖူးတာက လွန်ခဲ့တဲ့ နှစ်၅၀လောက်က မန္တလေး ရွှေရတနာအငြိမ့်မှာ ရွှေမန်းသူမြင့်မြင့်သန်း၊ အလယ်ထွက် မင်းသမီးအဖြစ် ကပြချိန် စပြီး ကြားဖူးတာပါ။ အစ်မကြီး မမြင့်မြင့်သန်းက ‘ရွှေပြည်စိုး’သီချင်း သီဆိုပါတယ်။ ‘စာပေါင်ပဲ့ပဲ့ လျှာကိုက်နာနာ’နဲ့ သီဆိုနိုင်တဲ့ မမြင့်မြင့်သန်းနဲ့ အလွန်လိုက်ဖက်ပါတယ်။ “မြနဲ့မာင်နဲ့ အခုမှတွ့တာ…၊ လူပါးမဝခင်တုန်းက ပြောကြတော့ ရီစရာပါ .. အားငှာ… ငှာ… ငှာ… ငှာ…”ဆိုတဲ့နေရာများ မေးရိုက်မေးဝဲနဲ့ သီဆိုသွားတာ ငေးယူရပါတယ်။နောက်ပိုင်း ရွှေပြည်စိုးသီချင်းကို ကက်ဆက်ခွေကတဆင့် မနားတမ်း နားထောင်ပြီး အလွတ်ရတော့လည်း မြနဲ့မောင်နဲ့ အခုမှတွေ့တာ အပိုဒ်ကိုပဲ ‘အားငှာ… ငှာ… ငှာ… ငှာ…’ထိ ထပ်တလဲလဲ သီဆိုနေမိ ပါတယ်။ ဒီလိုနဲ့…

Read More

ရွှေစျေးကစားသူတွေကို အရေးယူမယ်လို့ သတိပေးချက်တွေ ဆက်တိုက်ထုတ်ပြန်နေ

မတ် ၂၁ – ၂၀၂၃ GG (VOM) ပြည်တွင်းရွှေစျေးနူန်း မြင့်တက်အောင် စျေးကစားနေသူတွေကို အရေးယူမယ်ဆိုတဲ့အချက်အပါအဝင် ရွှေစျေးကွက်နဲ့ပတ်သက်တာတွေကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း YGEA၊ မန္တလေးရွှေလုပ်ငန်းရှင်အသင်းMGEA နဲ့ ဗဟိုဘဏ်ကထုတ်ပြန်ချက်တွေ ဆက်တိုက်ထုတ်ပြီး သတိပေးတာတွေလုပ် နေပါတယ်။ လက်ရှိ အမေရိကန်က ဘဏ်တွေပြိုလဲလို့ ကမ္ဘာ့ရွှေစျေး မတည်မငြိမ်ဖြစ်တဲ့အပေါ် အခွင့်ကောင်းယူပြီး ပြည်တွင်းရွှေစျေး ကစားတာတွေ လုပ်နေတာကြောင့် အခုလိုသတိပေးတာဖြစ်ကြောင်းနဲ့ အဲ့ဒီလို အွန်လိုင်းကနေ ကောလဟာလလွှင့်နေတဲ့ ရွှေစျေးတွေက တရားမဝင်ဘူးလို့ YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။ ဗဟိုဘဏ်၊YGEA နဲ့ MGEA ရွှေအသင်းတွေဟာ မနေ့က မတ်လ ၂၀ ရက်နဲ့ ဒီနေ့ ၂၁ ရက်နေ့တွေမှာ ရွှေစျေးနူန်းနဲ့ပတ်သက်တဲ့ သတိပေးချက်တွေကို ဆက်တိုက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ” ဂရုတွေနဲ့ ရွှေ​စျေးကစားတယ်၊ရွှေလည်းမပါ ငွေလည်းမပါ လေပတ်ကားတွေပေါ့။ အပြင်ကစျေးတွေက အတည်ပြုလို့မရဘူး၊တယောက်နဲ့တယောက် ပါးစပ်ကနေပြောနေတာ၊အပြင်ဆိုင်တွေမှာလည်း စုံစမ်းကြည့်ပါ၊သတင်းသမားတွေပြောလို့…

Read More

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုနဲ့ အလုပ်လက်မဲ့ဖြစ်နေသူ ဘယ်လောက်ရှိလာသလဲ

မတ် ၁၉-၂၀၂၃ SN (VOM) မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး (၂)နှစ်ကျော်ကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ တစထက်တစ ရှားပါးလာနေပြီး အလုပ်လက်မဲ့နှုန်းဟာလည်း တနှစ်ထက်တနှစ် ပိုမို တိုးတက် များပြားလာနေတာ ဖြစ်ပါတယ်။ ကိုဗစ်(၁၉)ကပ်ရောဂါအပြင် နိုင်ငံရေးဖြစ်စဥ်ပြောင်းလဲမှုတွေကြောင့်ဖြစ်လာခဲ့တဲ့ သက်ရောက်မှုတွေက မြန်မာ့စီးပွားရေးမှာ ရိုက်ခတ်မှုတွေ ရှိလာခဲ့ပြီး အလုပ်လက်မဲ့နှုန်းဟာလည်း ဆိုးရွားတဲ့ အခြေအနေဆီသို့သာ ဦးတည်လျက် ရှိနေတာပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁ ဒသမ ၈၀ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု ၂၀၂၃ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေတယ်လို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေ မျှဝေကူညီပေးနေတဲ့ Trading Economics အဖွဲ့အစည်းက သုံးသပ်ထားပါတယ်။ အလုပ်လက်မဲ့နှုန်းကို တွက်ချက်ရာမှာ…

Read More

ဖားကန့်ဒေသ လုံးခင်းနားမှာ တိုက်ပွဲဖြစ်လို့ လူကိုးဦးသေဆုံး နှစ်ဦးဒါဏ်ရာရ

ဖားကန့် March- 19-2023 NY ဖားကန့်မြို့နယ်လုံးခင်းရွာအနီး သာသနာ့နယ်မြေ(ဒေသအခေါ် မျောက်ကုန်း)မှာ မနေ့ ညနေ ၆း၀၀ နာရီအချိန််ခန့်က နစကတပ်ဖွဲ့နဲ့ Kia+Pdf ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်လို့ လူ၉ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်ခိုင်မာတဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ရဲက သုံးဦး၊အရပ်သား ကျား ၄ ဦး၊အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် တဦး၊ဖြစ်ပါတယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူက ပြောပါတယ်။ သေဆုံးခဲ့တဲ့ အရပ်သားပြည်သူခြောက်ဦးဟာ တိုက်ပွဲဖြစ်ပွားရာ ငြိမ်းချမ်းသာယာကျေးရွာကားကြီးကွင်းအနီးမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူတွေအားလုံး သေနတ်မှန် ဒါဏ်ရာတွေနဲ့ သေဆုံးခဲ့ကြပြီး၊ ဖားကန့်ဆေးရုံကို ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။၊ ဒါဏ်ရာရရှိထားသူ ကလေးငယ်နဲ့ အမျိုးသမီးကိုလည်း ယင်းဆေးရုံသို့ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။ ဖားကန့်မှာ ယခု မတ်လ တတိယသီတင်းပါတ်အတွင်း တင်းတင်ူကျပ်ကျပ် ရှာဖွေစစ်ဆေးမှုတွေလုပ်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က…

Read More

လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ ပြည်သူတွေကိုငဲ့ညှာကြဖို့ မင်းရွာ မီးဘေးသင့်ပြည်သူတွေ တောင်းဆို

မတ် ၁၉-၂၀၂၃ Voice Of Myanmar(VOM) အိမ်ခြေတထောင်ကျော်ရှိတဲ့ အရာတော်မြို့နယ်ထဲက မင်းရွာမှာ ပြီးခဲ့‌တဲ့ ဖေဖော်ဝါလအတွင်းက မီးရှို့ခံခဲ့ရတာကြောင့် နေအိမ် (၉၀၀)ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာအနီးမှာ ထိ​တွေ့တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့တာကြောင့် အသက်လုထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုဆိုရင် ရွာသားတွေဟာ အိုးမဲ့အိမ်မဲ့အခြေအနေနဲ့ ကျီးလန့်စာစား နေထိုင်နေကြရပြီး နိုင်ငံရေးအရ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ ပြည်သူတွေ ထိခိုက်မှုမရှိအောင် နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ လုပ်ဆောင်ကြဖို့ ‌မီးဘေးသင့်ပြည်သူတွေက မေတ္တာရပ်ခံတောင်းဆိုထားကြပါတယ်။ #voiceofmyanmar #VOM #မင်းရွာ

Read More
VOM News

FREE
VIEW