သံလွင်မြစ်ထဲက စက်လှေဝမ်းဗိုက်ထဲမှာ နိုင်ငံသားအထောက်ထားမဲ့ ၁၂၈ ယောက်ဖမ်းမိ

ဧပြီ ၂ – ၂၀၂၃
GG (VOM)

မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ် သံလွင်မြစ်ထဲမှာ နိုင်ငံသားအထောက်ထားမဲ့ ၁၂၈ ယောက်ကို ဒီနေ့ဧပြီ၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

စက်လှေကို မသင်္ကာလို့ တပ်မတော်ရေကနေ
စစ်ဆေးရှာဖွေခဲ့ရာမှ စက်လှေရဲ့ ဝမ်းဗိုက်ထဲမှာလိုက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ဟုတ်ပါတယ် ဒီနေ့တွေ့တာပါ၊ဒီနေ့ မနက်၁ နာရီမှာ ရေတပ်က တွေ့တာပါ ” လို့ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူက အတည်ပြုပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ချောင်းဆုံ ဒေသခံတဦးကလည်း” ဟုတ်တယ် ကြားတာတော့ မနက်ပိုင်းမှာတွေ့တာလို့သိရတယ်၊သံလွင်မြစ်ထဲမှာ အဲ့ဒီစက်လှေမောင်းလာချိန် မသင်္ကာလို့စစ်တာမှာ ဖမ်းမိတာ၊ရေတပ်ဖွဲ့ကဖမ်းမိတာပါ”လို့ ပြောပါတယ်။

ဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးက ၆ ယောက်၊ အမျိုးသားက ၁၀၂ ယောက်၊ မိန်းကလေးက အယောက် ၂၀ ဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ၁၂၈ ယောက်ဟာ ရခိုင်ပြည်နယ်ကနေ လာရောက်ကြသူတွေဖြစ်ကြောင်းနဲ့ အသေးစိတ်သိရှိနိုင်ဖို့အတွက် အားလုံးကို မော်လမြိုင်ကိုပို့ကာစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နဲ့ ၂၅ ရက်ကလည်း မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်က ထင်းရှူးရွာနားမှာ ရေကြောင်းကနေ တရားမဝင်ခိုးဝင်လာတဲ့ နိုင်ငံသားအထောက်ထားမဲ့သူ ၁၈၅ ယောက်ကိုဖမ်းဆီး ရမိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #သံလွင်မြစ် #နိုင်ငံသားအထောက်အထားမဲ့သူ #ဖမ်းဆီးရရှိမှု

Related posts

Leave a Comment

VOM News

FREE
VIEW