မန္တလေးမြို့မှာ လူကိုသတ်ပြီး ကျပ်သိန်း(၂၀၀) ယူဆောင်ထွက်ပြေးသွားတဲ့ ဖြစ်စဥ် ဖြစ်ပွါး

ဧပြီ ၃-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရီရပ်ကွက်မှာ မနေ့ ဧပြီ၂ရက် နေ့လယ်ပိုင်းက အွန်လိုင်းကနေ ငွေလဲလှယ်ရေး လုပ်ကိုင်နေသူ အမျိုးသားက
ငွေလာလဲတဲ့ အမျိုးသမီးကို သတ်ပြီး ငွေတွေ ယူဆောင်ထွက်ပြေးသွားတဲ့ဖြစ်စဥ် ဖြစ်ပွါးခဲ့ပါတယ်။

“အဲ့ဒီအမျိုးသားက မေဃဂီရီရပ်ကွက်မှာ အိမ်ငှားနေတာမကြာသေးဘူး၊ ဖြစ်စဥ်ဖြစ်တာက သူငှားနေတဲ့အိမ်မှာဖြစ်တာ၊ ငွေလာလဲတဲ့ အမျိုးသမီးကို ကြိုးတုတ်ပြီး သတ်ထားတာကို ဒဏ်ရာတွေနဲ့တွေ့ရတာပေါ့၊ အဲ့ဒီအမျိုးသမီးနဲ့အတူပါလာတဲ့ ငွေ သိန်း (၂၀၀)နဲ့ စကူဖီဆိုင်ကယ်ကိုယူပြီး ထွက်ပြေးနေတယ်၊ ကျန်တာတော့ တာဝန်ရှိသူတွေ ဆက်လုပ်နေပါတယ်”လို့ ရဲနဲ့နီးစပ်သူကပြောပါတယ်။

ထွက်ပြေးနေတဲ့အမျိုးသားဟာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက အဲ့ဒီရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ အောင်နိုင်ဝေ ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးဟာ အသက် (၃၇)နှစ်ခန့်မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရွှေဆိုင် ဓားပြတိုက်ခံရတာတွေ၊ လုယက်မှု၊ လူသတ်မှုဖြစ်စဥ်အချို့ဖြစ်ပွါးခဲ့ပြီး အဲ့ဒီဖြစ်စဥ်တွေထဲက ဖမ်းဆီးရမိသူတချို့လည်း ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #အောင်မြေသာစံမြို့နယ် #လူသတ်မှု #ငွေလုယူထွက်ပြေး

Related posts

Leave a Comment

VOM News

FREE
VIEW