မန်းတိုင်း တရားလွှတ်တော် ဒု/ညွန်မှူး နေအိမ်အတွင်းမှာအသတ်ခံရပြီး နေအိမ်မီးရှို့ခံရ

 

ဧပြီ ၁၁-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁လမ်း ၆၅လမ်းနဲ့၆၆လမ်းကြာရှိ မန္တလေးတိုင်းတရားလွှတ်တော် ဒု-ညွန်ကြားရေးမှူး နေအိမ် မီးရှို့ခံရပြီး ဒု/ညွန်မှူးကို အသတ်ခံရတဲ့ ဒဏ်ရာနဲ့တွေ့ရှိခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အသတ်ခံရပြီး သေဆုံးသွားသူဟာ အသက်(၅၀)အရွယ် မန္တလေးတိုင်းတရားလွှတ်တော် ဒု-ညွန့်ကြားရေးမှူးဖြစ်တယ်လို့ သိရပြီး လည်ပင်းမှာ ဓားစိုက်လျက်၊ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တဲ့အပြင် အိမ်အကူအမျိုးသမီးကို ပြင်ပဒဏ်ရာမရှိဘဲ မီးခိုးမွန်သေဆုံးနေတာကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

” မီးသတ်ကတော့ မီးလောင်လို့ လာငြှိမ်းတာပဲ၊ နေအိမ်အတွင်းမှာ DB(လူသေ)၂လောင်းတွေ့တယ်၊ သက်ဆိုင်ရာအဖွဲ့တွေ စစ်တော့ ရှို့မီးဖြစ်နေတယ်ပေါ့၊ တယောက်က အသတ်ခံထားရတဲ့ ဒဏ်ရာနဲ့တွေ့တာ ၊ နောက်တယောက်ကတော့ အိမ်အကူလို့ သိရတယ် သူကတော့ မီးခိုးမွန်သေတယ်လို့ သိရပါတယ်”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

မန္တလေးတိုင်း မီးသတ်ဦးစီးဌာနက မီးလောင်မှုဖြစ်တယ်လို့ သတင်းကြားလို့ နယ်မြေခံယာဥ်အုပ်စုနဲ့ သွားရောက်ငြိမ်းသတ်ခဲ့တယ်လို့ သိရပြီး အမျိုးသမီးအလောင်း(၂)လောင်းကိုတော့ နေအိမ်အတွင်းက တနေရာစီမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ ကုတင်၊မွေ့ယာနဲ့အတွင်းပစ္စည်းအချို့ မီးလောင်ခဲ့ပြီး တန်ဖိုးငွေ (၅)သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်ကို နယ်မြေခံ အမှတ်(၃)ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေပြီး တရားခံဖမ်းမိရေး လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW