ယီမင်တွင် ဥပုသ်လအလှူပြုလုပ်ချိန် လူအုပ်ပြိုကျမှုကြောင့် ၇၈ ဦးသေဆုံး

ဆာနား၊ ဧပြီ-၂၀-၂-၂၃
မျိုးဆက်(VOM)

ယီမင်နိုင်ငံ မြို့တော်ဆာနားရှိ စာသင်ကျောင်းတခုမှာ မွတ်စလင်တို့ရဲ့ ဥပုသ်လအတွက် လှူဒန်းမှုပြုချိန် လူအုပ်ပြိုကျမှုကြောင့် လူ ၇၈ ဦးထက်မနည်း သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။

လူတဦးကို ကိုးဒေါ်လာစီရရှိမယ့် အဲဒီလှူဒါန်းမှုအတွက် လူရာပေါင်းစွာဟာ မြို့တော်ဆာနားရှိ ဘက်အယ်လ်ယီမင်အရပ်ရှိ စာသင်ကျောင်းမှာ စုဝေးခဲ့စဉ် မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်ကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲ့ ၁၃ ဦးဟာစိုးရိမ်ဖွယ်အခြေအနေရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေကပြောပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေလည်း ပါ၀င်နေပါတယ်။

လူစုလူဝေးကို ထိန်းသိမ်းဖို့ တာ၀န်ရှိသူတွေက လေထဲကို သေနတ်ပစ်ဖောက်စဉ် ဓါတ်ကြိုးကိုထိမှန်ပြတ်ကျမှုဖြစ်ပွားခဲ့ပြီးနောက် လူများအထိတ်တလန့်ထွက်ပြေးမှုစတင်ခဲ့တယ်လို့ မျက်မြင်သက်သေနှစ်ဦးကို ကိုးကားပြီး အေပီသတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး တာ၀န်မကင်းသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်း ယီမင်ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ြပန်ပါတယ်။ အဲဒီလှူဒါန်းမှုမှာ ဒေသဆိုင်ရာတာ၀န်ရှိသူတွေနဲ့ ညှိနှို်င်းမှုမရှိဘဲ အလှူငွေတွေကိုကျပန်း ပေးအပ်မှုအပေါ် ပြည်ထဲရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ပြစ်တင်ပြောဆိုထားပါတယ်။

Ref”BBC
#voiceofmyanmar #VOM #ယီမင်

Related posts

Leave a Comment

VOM News

FREE
VIEW