အမှိုက်တွန်းလှည်းကနေ ဗုံးပေါက်ကွဲလို့ အမှိုက်ကောက်နေတဲ့မိသားစု(၃)ဦး ဒဏ်ရာရ

ဧပြီ ၁၉-၂၀၂၃
KK(VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၁၅) ရပ်ကွက်၊ ကုန်းဘောင်လမ်းနဲ့ နှင်းဆီလမ်းထောင့်မှာ ဒီနေ့ မနက် ၁၁ နာရီကျော်က အမှိုက်တွန်းလှည်းထဲကနေ ဗုံးပေါက်ကွဲလို့ အမှိုက်ကောက်နေတဲ့ မိခင်ဖြစ်သူနဲ့ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွ
က်နေသူတွေဆီက သိရပါတယ်။

အမှိုက်လှည်းတွန်းလာတဲ့အချိန် လှည်းအတွင်းက ပေါက်ကွဲခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူမှာ လက်နှစ်ဖက်နဲ့ရင်ဘတ်ဒဏ်ရာရရှိကာ ကလေးငယ်နှစ်ဦးမှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက VOM ကိုပြောပါတယ်။

“ဒီရပ်ကွက်ကတော့မဟုတ်ဘူး၊ တွန်းလှည်းတွန်းလာတဲ့အချိန်ပေါက်တာ၊ သူတို့သားအမိတွေ ကောက်လာတဲ့အထဲက ပေါက်တာနေမှာ”လို့ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ် ၁၀၈ ရပ်ကွက် ကျူးကျော်မှာနေထိုင်သူတွေဖြစ်ပြီး အမှိုက်ကောက်ပြီးစားဝတ်နေရေးပြသာနာကို ဖြေရှင်းနေရသူတွေဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက VOM ကိုပြောပါတယ်။

“ကလေးအမေက ၂၄ နှစ်ပဲရှိသေးတယ် သူကတော့စိုးရိမ်ရတယ်၊ ကလေးနှစ်ယောက်က တယောက်က ၄ နှစ် တယောက် ၁ နှစ်၊ ကုတင် ၁၀၀၀ ကိုပို့ထားတယ်”လို့ ပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုဖြစ်စဥ်နဲ့ပတ်သတ်ပြီး အုပ်ချုပ်ရေး
ပိုင်းဆိုင်ရာက စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် ညနေပိုင်းကလည်း လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာ၊ မြရတနာလမ်းရှိ အမှိုက်ပုံမှာ ဗုံးပေါက်ခဲ့ရာ အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အမှိုက်တွန်းလှည်းပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW