တာမွေမြို့နယ်က အထည်ဆိုင်တဆိုင် ကျပ် သိန်း ၁၀၀ ကျော်ပစ္စည်းတွေ ဖောက်ထွင်းခံရ

ဧပြီ၊ ၂၁-၂၀၂၃ MM(VOM) ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ မနေ့ ဧပြီလ ၂၀ ရက် ညပိုင်း မီးပြတ်နေတဲ့အချိန် အထည်ဆိုင် တဆိုင် ဖောက်ထွင်းခံရမှုဖြစ်ပွားကာ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ ချည်ထည်နဲ့ အထည်မျိုးစုံ ၅၀၀ ကျော်ပါသွားတယ်လို့ ရပ်ကွက်တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ”တာမွေမြို့နယ်၊ သီတာလမ်းက တိုက်ခန်းတခုရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ Shwe Sapal Phyu ရွှေစံပယ်ဖြူချည်ထည်ပင်ရင်းဆိုင်ဖောက်ထွင်းခံရတာပါ၊မနေ့ ဧပြီ ၂၀ ရက် ညပိုင်းက တာမွေမြို့နယ်မှာ တညလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်နေတာ၊ လျှပ်စစ်မီး ပြတ်တာကို အခွင့်ကောင်းယူပြီး လုပ်သွားတာ၊ဆိုင်မှာ ညအိပ်စောင့်တဲ့လူမရှိချိန် ဖြစ်သွားတာ၊ သိန်း ၁၀၀ ကျော်ဖိုးလောက် ပါသွားတယ်၊ ခိုးသူတွေက ဆိုင်အနောက်ဘက်က သံပန်းသော့ကို ဖျက်ပြီး ဆိုင်အတွင်းက သစ်သားတံခါး ၃ ခုကို လွှနဲ့ဖြတ်ဝင်တာ။”လို့ ရပ်ကွက်တာဝန်ရှိသူတဦးကပြောပါတယ်။ ဖောက်ထွင်းယူတဲ့…

Read More

အယ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့အမြင့်ဆုံးအပူချိန်နဲ့ ရင်ဆိုင်ရနိုင်

ဝါရှင်တန်၊ ဧပြီ-၂၁-၂၀၂၃ မျိုးဆက်(VOM) ရာသီဥတုဖောက်ပြန်မှုနဲ့ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၂၃ သို့မဟုတ် ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ပျမ်းမျှအပူချိန် စံချိန်သစ်တင်နိုင်ကြောင်း ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်တွေက ပြောပါတယ်။ ယေဘုယျအားဖြင့် ကမ္ဘာ့အပူချိန်ကို အနည်းငယ်ကျဆင်စေတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း လာနီညာရာသီဥတုပုံစံ သုံးနှစ်ကြာပြီးနောက် ယခုနှစ်နှောင်းပိုင်းမှာ ကမ္ဘာဟာ ပူနွေးတဲ့ အယ်နီညိုရာသီဥတုပုံစံကို ပြန်လည်ရောက်ရှိမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အယ်နီညိုကြောင့် အီကွေတာတလျှောက် အနောက်ဘက်သို့ရွေ့လျှားနေသောလေများသည် နှေးကွေးကာ ပူနွေးလာပြီး အရှေ့ဘက်သို့စီးဆင်းနေသော သမုဒ္ဒရာရေစီးကြောင်းများ အပူချိန်မြင့်တက်လာတတ်ပါတယ်။ အယ်နီညိုဟာ ပုံမှန်အားဖြင့် ကမ္ဘာ့အဆင့် စံချိန်တင်အပူချိန်တွေဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပြီး၂၀၂၃ ခုနှစ် သို့မဟုတ် ၂၀၂၄ ခုနှစ်မှာ အပူချိန်စံချိန်တင်မြင့်တက်နိုင်ကြောင်း ပညာရှင်တွေကပြောပါတယ်။ ဖြစ်ပေါ်နေတဲ့ ရာသီဥတုပုံစံတွေအရ နွေရာသီနှောင်းပိုင်းမှာ အယ်နီညိုအခြေအနေကို ပြန်ရောက်သွားဖွယ်ရှိပြီး ယခုနှစ်ကုန်မှာ အားကောင်းတဲ့အယ်နီညိုဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ ယခုချိန်ထိ ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ဟာ ပြင်းထန်တဲ့ အယ်နီညိုဖြစ်စဉ်နဲ့…

Read More

မြန်မာမှာ ၂ ရက်အတွင်း ကိုဗစ်တွေ့သူ ၆၉ ယောက်ထိရှိ၊ ဆေးရုံကြီးမှာ ကုသတဲ့နေရာတွေ ပြန်ဖွင့်ထား

ဧပြီ ၂၁ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံမှာ ၂ ရက်အတွင်း ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၆၉ယောက်အထိရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့ မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၃၉ ယောက်ရှိပြီး ဧပြီလ ၂၀ ရက်နေ့မှာ ကိုဗစ် ပိုးတွေ့ရှိသူ အယောက်၃၀ ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် ရန်ကုန်ဆေးရုံကြီးမှာ Covid Ward(ကိုဗစ်ကုသနေရာ)တွေ ပြန်လည်ဖွင့်လှစ်ထားနေပြီဖြစ်တယ်လို့သိရပါတယ်။ ” ဆေးရုံမှာ covid ward ပြန်ဖွင့်နေပြီ။ Day 1 နဲ့ တင် လက္ခဏာ အကုန်နီးပါး ပြနေတယ်။Spo2 90 ဝန်းကျင်နဲ့ပါ။ကြည့်ရတာတော့ 4th wave strain လိုပဲ ကူးစက်မြန်နိုင်ပြီး အစပိုင်း symptoms ပြင်းမယ်လို့ထင်ရတယ်။” လို့ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်တဦးကပြောပါတယ်။ လက်ရှိ ကိုဗစ်ပိုးတွေ့လူနာတွေမှာတွေ့ရတဲ့လက္ခဏာတွေက လည်ချောင်းနာခြင်း…

Read More

နမ့်ဆန်မှာ အိမ်လေးလုံးမီးလောင်မှု သက်ကြီးပိုင်းအမျိုးသားတဦး မီးလောင်သေဆုံးခဲ့

ဧပြီ ၂၁ – ၂၀၂၃ GG (VOM) ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းရွာမှာ ဒီနေ့ ဧပြီ၂၁ ရက် မနက်အစောပိုင်းက နေအိမ် ၄ လုံးမီးလောင်ကျွမ်းခဲ့ပြီး သက်ကြီးပိုင်းအမျိုးသားတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ မီးလောင်သေဆုံးသူအမျိုးသားဟာ အသက် ၇၈နှစ်အရွယ် လေဖြတ်နေတဲ့ သက်ကြီးပိုင်း ဦးအိုက်စု ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ “မနက်၃နာရီလောက်မှာမီးလောင်တာ၊ သေတဲ့အဘိုးကလည်း မီးစလောင်တဲ့အိမ်ကပါ၊သူက လေဖြတ်နေတော့ မီးထဲပါပြီး သေတယ်ထင်ပါတယ်။အိမ်ကတော့ ၄လုံးပါသွားတယ်။အကုန်ပျက်စီးသွားပါတယ် “လို့ မီးလောင်ပြင် ကယ်ဆယ်ရေးပါဝင်ခဲ့သူဒေသခံလူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ အဲ့ဒီမီးလောင်မှုဟာ မနက်အစော ၃ နာရီမှာ စတင်လောင်ကျွမ်းပြီး မနက် ၅ နာရီ ၃၀ မှာမီးငြိမ်းတာကြောင့် မီးလောင်မှုကို အချိန် ၂ နာရီခွဲကြာအောင်ငြိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ မီးလောင်မှုကိုတော့ နမ့်ဆန်မြို့နယ်မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေပူးပေါင်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာဖြစ်ကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုး၊မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။ ဧပြီလ ၁၉ရက်နေ့ညပိုင်းကလည်း ရှမ်းပြည်နယ်၊ရပ်စောက်မြို့နယ်၊ဖောင်းတောအုပ်စု၊ဘုရားဖြူရွာက ဘုန်းကြီးကျောင်းမှာ…

Read More

နေတိုးအကြီးအကဲ ယူကရိန်းကို ရောက်ရှိနေ ၊ စစ်ရေးအကူအညီတွေ ပိုပေးမယ်လို့ ကတိပြု

ကိယက်ဗ်၊ ဧပြီ-၂၁-၂၀၂၃ မျိုးဆက်(VOM) နေတိုးမဟာမိတ်အဖွဲ့အကြီးအကဲ ဂျန်စတိုတင်ဘာ့ဂ်ဟာ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဧပြီ ၂၀ ရက်က အံ့အားသင့်ဖွယ်ရောက်ရှိပြီး ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကာ စစ်ရေးအကူအညီတွေ ပိုမိုပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ နေတိုးအကြီးအကဲဟာ ယူကကရိန်းကို ရုရှားကကျူးကျော်တိုက်မှုစတင်ကတည်းက ယူကရိန်းကို အခိုင်အမာထောက်ခံသူဖြစ်ပြီး နောက်ထပ်အဆင့်တွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ သူကပြောပါတယ်။ ဇူလိုင်လအတွင်း လစ်သူယေးနီးယားတွင်ပြုလုပ်မယ့် နေတိုးအဖွဲ့ရဲ့ထိပ်သီးဆွေးနွေးတက်ရောက်ဖို့ ယူကရိန်းသမ္မတဇီလန်စကီးကို နေတိုးအကြီးအကဲက ဖိတ်ကြားထားပါတယ်။ နေတိုးအဖွဲ့ဟာ ယူကရိန်းတပ်တွေအတွက် Leopard တင့်ကားတွေထောက်ပံ့ပေးထားပြီးဖြစ်ကာ နယ်သာလန်နဲ့ဒိန်းမတ်တို့ကလည်း ၁၄ စင်းထပ်ထောက်ပံ့မယ်လို့ ပြောပါတယ်။အခုလို မဟာမိတ်တွေရဲ့စစ်ရေးအကူအညီများအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတကပြောပါတယ်။ ယူကရိန်းသည် ဥရောပ-အတ္တလန်တိတ် မိသားစု၀င်ဖြစ်ကြောင်း နေတိုးအဖွဲ့မှာ ယူကရိန်းရဲ့အနာဂတ်ရှိပြီး မဟာမိတ်နိုင်ငံအားလုံးက သဘောတူထားကြောင်း ယူကရိန်းအနေနဲ့ ဘယ်အချိန်မှာ နေတိုးအဖွဲ့၀င်ဖြစ် လာမလဲဆိုတာ သိချင်ကြောင်း ယူကရိန်းသမ္မတရဲ့ အမေးကို ဂျန်စတိုတင်ဘာ့ဂ်ကပြောပါတယ်။ ယူကရိန်းကို ရုရှားကတိုက်ခိုက်ရခြင်းရဲ့အကြောင်းရင်းတွေထဲမှာ နေတိုးအဖွဲ့ထဲ ယူကရိန်းမ၀င်ရောက်ရေး…

Read More

SpaceX ရဲ့ စွမ်းရည်မြင့် Starship ဒုံးပျံ လွှတ်တင်မှု မိနစ်ပိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား

ဝါရှင်တန်၊ ဧပြီ-၂၁-၂၀၂၃ မျိုးဆက်(VOM) အီလွန်မာ့ခ်ရဲ့ SpaceX ကုမ္ပဏီက တည်ဆောက်ထားတဲ့ စွမ်းရည်မြင့်ဒုံးပျံစမ်းသပ်လွှတ်တင်မှုကို ဧပြီ ၂၀ ရက်ကပြုလုပ်ခဲ့ရာ အောင်မြင်ခြင်းမရှိဘဲ ပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်။ စတားရှစ်လို့အမည်ပေးထားတဲ့ ဒုံးပျံကို တက္ကဆက်ပြည်နယ်ရှိ လွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့ပြီးနောက် လေးမိနစ်အကြာမှာ ပေါက်ကွဲပျက်စီးပြီးနောက် မက္ကဆီကိုပင်လယ်ကွေ့ကို ကျရောက်သွားခဲ့ပါတယ်။ လူလိုက်ပါခြင်းမရှိတဲ့ အဲဒီပါဒုံးပျံဟာ ကမ္ဘာကိုပတ်နိုင်ဖို့ အင်ဂျင်နီယာတွေက မျှော်လင့်ခဲ့ကြပေမယ့် ရည်မှန်းချက်အတိုင်းဖြစ်မလာခဲ့ပါဘူး။ စတားရှစ်ဒုံးပျံဟာ နည်းပညာဆိုင်ရာပြသနာအချို့ကြောင့် ယခုသီတင်းပတ်အစောပိုင်းက လွှတ်တင်မှုကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။ ဒုံးပျံဟာ ပုံမှန်အတိုင်း စတင်ထွက်ခွာနိုင်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်း တွန်းကန်အားမြှင့် မပေးနိုင်တဲ့အတွက်ကြောင့် ပေါက်ကွဲပျက်စီးသွားတာဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်း ထပ်မံစမ်းသပ်သွားမယ့်လို့ SpaceX ကထုတ်ပြန်ပါတယ်။ စပေ့အိတ်စ်ကုမ္ပဏီဟာ လကမ္ဘာကိုလူသားများပို့ဆောင်ရာမှာ Starship ဒုံးပျံကိုအသုံးပြုနိုင်ဖို့အတွက် နာဆာနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ ကြီးမားတဲ့အောင်မြင်မှုမှန်သမျှ ဆုံးရှုံးမှုအန္တရာယ်အချို့ရှိနိုင်ကြောင်း နာဆာအကြီးအကဲ ဘီလ်နယ်လ်ဆင်က ဒုံးပျံစမ်းသပ်မှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုပါတယ်။ Ref:NHK Photo:Reuters/SpaceX #voiceofmyanmar #VOM…

Read More

သရုပ်ဆောင် မေပန်းချီ၊အဆိုတော်ရွှေရည်သိန်းတန် နဲ့The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ တို့ကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-ကနဲ့အမှုဖွင့်

ဧပြီ ၂၁ – ၂၀၂၃ GG(VOM) သရုပ်ဆောင် မေပန်းချီ၊အဆိုတော်ရွှေရည်သိန်းတန် နဲ့The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့် လိုက်ပြီဖြစ် တယ်လို့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကသိရပါတယ်။ အဆိုပါ ၃ ယောက်ဟာ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြသူတွေကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပြစ်မှုကျူးလွန်စေဖို့ ရည်ရွယ်ကာ မမှန်သတင်းတွေ ရေးသားဖြန့်ဝေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အမှုဖွင့်အရေးယူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” ၃ ယောက်လုံးကို ဖမ်းပြီး အောင်သပြေစစ် ကြောရေးမှာ ထိန်းသိမ်းစစ်ဆေးခဲ့တာလို့သိရတယ်။ အဲ့ဒီ နောက်မှာမှ အမှုဖွင့်လိုက်တာပါ။ တို့ရဲ့နေအိမ်တွေမှာပဲဖမ်းပြီး အဲ့ဒီကရဲစခန်းမှာပဲ အမှုဖွင့်တယ်လို့သိရတယ် ” လို့ မြောက်ဒဂုံရဲတပ်ဖွဲနဲ့နီးစပ်သူတဦးကပြောပါတယ်။ လက်ရှိမှာ မေပန်းချီနဲ့​ေရွရည်သိန်းတန်ကို ဒဂုံမြို့သစ်မြောက်ပိုင်းကရဲစခန်းမှာ ဧပြီလ ၂၀ ရက်နေ့မှာ အမှုဖွင့်ထားပြီး…

Read More

လေပါတီ မှ မဟုတ်တာ၊ လေဘာတီ မှ ဟုတ်ထာ

ဆူးငှက် လေဘာတီ မမြရင်ဆိုတာ မြန်မာပြည် ကိုလိုနီခေတ်က အလွန်ထင်ရှားကျော်ကြားခဲ့တဲ့ အငြိမ့်မင်းသမီးဖြစ်ပါတယ်။မြန်မာ့ အငြိမ့်သမိုင်းကို ပြောမယ်ရေးမယ်ဆိုရင် လေဘာတီမမြရင်က ထိပ်ဆုံးက ပါရမှာပါ။ သူ့ခေတ် သူ့အခါက သူ့ရုပ် သူ့အသံ သူ့အကတွေကို အခု ပြန်လှန်ကြည့်ဖို့ဆိုရင် ဓာတ်ပုံနဲ့ ဓာတ်ပြားသီချင်းတွေပဲ ကျန်ရစ်ပါတယ်။ ရုပ်ရှင်လို မှတ်တမ်းက မကျန်ရစ်တော့ သူ့အကကို မျက်ဝါးထင်ထင် ပြန်မမြင်နိုင်တော့ပါဘူး။ (တလောက အွန်လိုင်းမှာ သူ့အက မှတ်တမ်းရုပ်ရှင်လေး မိနစ်ပိုင်းမျှတွေ့လိုက်ရပါတယ်။ ထိုစဉ်ကာလ သတင်း မှတ်တမ်းထဲက ကားပိုင်းအဖြစ်လေး ဖြစ်ပုံရပါတယ်)။ လေဘာတီ မမြရင်ကို သက္ကရာဇ် ၁၂၆၆ခုနှစ် တောသလင်းလမှာ အဘ ကိုဖိုးသစ်၊ အမိ မဉာဏ်ရုံတို့က (ထိုစဉ်က) သာစည်ခရိုင် ရွှေဖလားကန်ရွာမှာ မွေးဖွားခဲ့တယ်။ ငယ်အမည်က ဗိုလ်မတဲ့။ ဒီတော့ မမြရင်ဟာ ငယ်စဉ်ကတည်းက ဖြူဖြူချောချောလေးဖြစ်ပုံရတယ်။ အဖေနဲ့ အမေကလည်း တောကျေးလက်…

Read More
VOM News

FREE
VIEW