အယ်နီညိုဖြစ်စဉ်ကြောင့် ကမ္ဘာ့အမြင့်ဆုံးအပူချိန်နဲ့ ရင်ဆိုင်ရနိုင်

ဝါရှင်တန်၊ ဧပြီ-၂၁-၂၀၂၃
မျိုးဆက်(VOM)

ရာသီဥတုဖောက်ပြန်မှုနဲ့ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ၂၀၂၃ သို့မဟုတ် ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ပျမ်းမျှအပူချိန် စံချိန်သစ်တင်နိုင်ကြောင်း ရာသီဥတုဆိုင်ရာသိပ္ပံပညာရှင်တွေက ပြောပါတယ်။

ယေဘုယျအားဖြင့် ကမ္ဘာ့အပူချိန်ကို အနည်းငယ်ကျဆင်စေတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း လာနီညာရာသီဥတုပုံစံ သုံးနှစ်ကြာပြီးနောက် ယခုနှစ်နှောင်းပိုင်းမှာ ကမ္ဘာဟာ ပူနွေးတဲ့ အယ်နီညိုရာသီဥတုပုံစံကို ပြန်လည်ရောက်ရှိမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အယ်နီညိုကြောင့် အီကွေတာတလျှောက် အနောက်ဘက်သို့ရွေ့လျှားနေသောလေများသည် နှေးကွေးကာ ပူနွေးလာပြီး အရှေ့ဘက်သို့စီးဆင်းနေသော သမုဒ္ဒရာရေစီးကြောင်းများ အပူချိန်မြင့်တက်လာတတ်ပါတယ်။

အယ်နီညိုဟာ ပုံမှန်အားဖြင့် ကမ္ဘာ့အဆင့် စံချိန်တင်အပူချိန်တွေဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပြီး၂၀၂၃ ခုနှစ် သို့မဟုတ် ၂၀၂၄ ခုနှစ်မှာ အပူချိန်စံချိန်တင်မြင့်တက်နိုင်ကြောင်း ပညာရှင်တွေကပြောပါတယ်။

ဖြစ်ပေါ်နေတဲ့ ရာသီဥတုပုံစံတွေအရ နွေရာသီနှောင်းပိုင်းမှာ အယ်နီညိုအခြေအနေကို ပြန်ရောက်သွားဖွယ်ရှိပြီး ယခုနှစ်ကုန်မှာ အားကောင်းတဲ့အယ်နီညိုဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။

ယခုချိန်ထိ ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ဟာ ပြင်းထန်တဲ့ အယ်နီညိုဖြစ်စဉ်နဲ့ တိုက်ဆိုင်နေပေမယ့် ရာသီဥတုပြောင်းလဲမှုတွေမရှိဘဲ မကြာသေးမီနှစ်တွေအတွင်း ပြင်းထန်သောအပူချိန်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW