သရုပ်ဆောင် မေပန်းချီ၊အဆိုတော်ရွှေရည်သိန်းတန် နဲ့The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ တို့ကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-ကနဲ့အမှုဖွင့်

ဧပြီ ၂၁ – ၂၀၂၃
GG(VOM)

သရုပ်ဆောင် မေပန်းချီ၊အဆိုတော်ရွှေရည်သိန်းတန် နဲ့The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့် လိုက်ပြီဖြစ် တယ်လို့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကသိရပါတယ်။

အဆိုပါ ၃ ယောက်ဟာ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြသူတွေကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပြစ်မှုကျူးလွန်စေဖို့ ရည်ရွယ်ကာ မမှန်သတင်းတွေ ရေးသားဖြန့်ဝေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အမှုဖွင့်အရေးယူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” ၃ ယောက်လုံးကို ဖမ်းပြီး အောင်သပြေစစ် ကြောရေးမှာ ထိန်းသိမ်းစစ်ဆေးခဲ့တာလို့သိရတယ်။ အဲ့ဒီ နောက်မှာမှ အမှုဖွင့်လိုက်တာပါ။ တို့ရဲ့နေအိမ်တွေမှာပဲဖမ်းပြီး အဲ့ဒီကရဲစခန်းမှာပဲ အမှုဖွင့်တယ်လို့သိရတယ် ” လို့ မြောက်ဒဂုံရဲတပ်ဖွဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

လက်ရှိမှာ မေပန်းချီနဲ့​ေရွရည်သိန်းတန်ကို ဒဂုံမြို့သစ်မြောက်ပိုင်းကရဲစခန်းမှာ ဧပြီလ ၂၀ ရက်နေ့မှာ အမှုဖွင့်ထားပြီး ဦးကျော်မင်းဆွေကိုလည်း စမ်းချောင်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

မေပန်းချီ နဲ့ရွှေရည်သိန်းတန် တို့ကို ဒဂုံမြို့သစ်မြောက်ပိုင်းက သူတို့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဦးကျော်မင်းဆွေကိုလည်းစမ်းချောင်းက သူရဲ့နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊အားလုံးကို ဧပြီလ၁၁ ရက်နေ့ကတည်းက တပြိုင်တည်းဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #သရုပ်ဆောင်မေပန်းချီ
#အဆိုတော်ရွှေရည်သိန်းတန် #VoiceJournalအယ်ဒီတာချုပ်ဦးကျော်မင်းဆွေ

Related posts

Leave a Comment

VOM News

FREE
VIEW