SpaceX ရဲ့ စွမ်းရည်မြင့် Starship ဒုံးပျံ လွှတ်တင်မှု မိနစ်ပိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား

ဝါရှင်တန်၊ ဧပြီ-၂၁-၂၀၂၃
မျိုးဆက်(VOM)

အီလွန်မာ့ခ်ရဲ့ SpaceX ကုမ္ပဏီက တည်ဆောက်ထားတဲ့ စွမ်းရည်မြင့်ဒုံးပျံစမ်းသပ်လွှတ်တင်မှုကို ဧပြီ ၂၀ ရက်ကပြုလုပ်ခဲ့ရာ အောင်မြင်ခြင်းမရှိဘဲ ပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်။

စတားရှစ်လို့အမည်ပေးထားတဲ့ ဒုံးပျံကို တက္ကဆက်ပြည်နယ်ရှိ လွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့ပြီးနောက် လေးမိနစ်အကြာမှာ ပေါက်ကွဲပျက်စီးပြီးနောက် မက္ကဆီကိုပင်လယ်ကွေ့ကို ကျရောက်သွားခဲ့ပါတယ်။

လူလိုက်ပါခြင်းမရှိတဲ့ အဲဒီပါဒုံးပျံဟာ ကမ္ဘာကိုပတ်နိုင်ဖို့ အင်ဂျင်နီယာတွေက မျှော်လင့်ခဲ့ကြပေမယ့် ရည်မှန်းချက်အတိုင်းဖြစ်မလာခဲ့ပါဘူး။

စတားရှစ်ဒုံးပျံဟာ နည်းပညာဆိုင်ရာပြသနာအချို့ကြောင့် ယခုသီတင်းပတ်အစောပိုင်းက လွှတ်တင်မှုကို ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။

ဒုံးပျံဟာ ပုံမှန်အတိုင်း စတင်ထွက်ခွာနိုင်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်း တွန်းကန်အားမြှင့် မပေးနိုင်တဲ့အတွက်ကြောင့် ပေါက်ကွဲပျက်စီးသွားတာဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်း ထပ်မံစမ်းသပ်သွားမယ့်လို့ SpaceX ကထုတ်ပြန်ပါတယ်။

စပေ့အိတ်စ်ကုမ္ပဏီဟာ လကမ္ဘာကိုလူသားများပို့ဆောင်ရာမှာ Starship ဒုံးပျံကိုအသုံးပြုနိုင်ဖို့အတွက် နာဆာနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။

ကြီးမားတဲ့အောင်မြင်မှုမှန်သမျှ ဆုံးရှုံးမှုအန္တရာယ်အချို့ရှိနိုင်ကြောင်း နာဆာအကြီးအကဲ ဘီလ်နယ်လ်ဆင်က ဒုံးပျံစမ်းသပ်မှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုပါတယ်။

Ref:NHK
Photo:Reuters/SpaceX
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW