နေတိုးအကြီးအကဲ ယူကရိန်းကို ရောက်ရှိနေ ၊ စစ်ရေးအကူအညီတွေ ပိုပေးမယ်လို့ ကတိပြု

ကိယက်ဗ်၊ ဧပြီ-၂၁-၂၀၂၃
မျိုးဆက်(VOM)

နေတိုးမဟာမိတ်အဖွဲ့အကြီးအကဲ ဂျန်စတိုတင်ဘာ့ဂ်ဟာ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဧပြီ ၂၀ ရက်က အံ့အားသင့်ဖွယ်ရောက်ရှိပြီး ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကာ စစ်ရေးအကူအညီတွေ ပိုမိုပေးမယ်လို့ ကတိပြုလိုက်ပါတယ်။

နေတိုးအကြီးအကဲဟာ ယူကကရိန်းကို ရုရှားကကျူးကျော်တိုက်မှုစတင်ကတည်းက ယူကရိန်းကို အခိုင်အမာထောက်ခံသူဖြစ်ပြီး နောက်ထပ်အဆင့်တွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ သူကပြောပါတယ်။

ဇူလိုင်လအတွင်း လစ်သူယေးနီးယားတွင်ပြုလုပ်မယ့် နေတိုးအဖွဲ့ရဲ့ထိပ်သီးဆွေးနွေးတက်ရောက်ဖို့ ယူကရိန်းသမ္မတဇီလန်စကီးကို နေတိုးအကြီးအကဲက ဖိတ်ကြားထားပါတယ်။

နေတိုးအဖွဲ့ဟာ ယူကရိန်းတပ်တွေအတွက် Leopard တင့်ကားတွေထောက်ပံ့ပေးထားပြီးဖြစ်ကာ နယ်သာလန်နဲ့ဒိန်းမတ်တို့ကလည်း ၁၄ စင်းထပ်ထောက်ပံ့မယ်လို့ ပြောပါတယ်။အခုလို မဟာမိတ်တွေရဲ့စစ်ရေးအကူအညီများအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတကပြောပါတယ်။

ယူကရိန်းသည် ဥရောပ-အတ္တလန်တိတ် မိသားစု၀င်ဖြစ်ကြောင်း နေတိုးအဖွဲ့မှာ ယူကရိန်းရဲ့အနာဂတ်ရှိပြီး မဟာမိတ်နိုင်ငံအားလုံးက သဘောတူထားကြောင်း ယူကရိန်းအနေနဲ့ ဘယ်အချိန်မှာ နေတိုးအဖွဲ့၀င်ဖြစ် လာမလဲဆိုတာ သိချင်ကြောင်း ယူကရိန်းသမ္မတရဲ့ အမေးကို ဂျန်စတိုတင်ဘာ့ဂ်ကပြောပါတယ်။

ယူကရိန်းကို ရုရှားကတိုက်ခိုက်ရခြင်းရဲ့အကြောင်းရင်းတွေထဲမှာ နေတိုးအဖွဲ့ထဲ ယူကရိန်းမ၀င်ရောက်ရေး တားဆီးရန်လည်းပါ၀င်ကြောင်း ရုရှားခေါင်းဆောင်တွေက ပြောဆိုထားကြပါတယ်။

ယူကရိန်း နေတိုးအဖွဲ့၀င်ဖြစ်တာဟာ ရုရှားရဲ့လုံခြုံရေးကို သိသိသာသာခြိမ်းခြောက်လာနိုင်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW