အဆိုတော်မေလသံစဥ် ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ ကနဲ့အမှုဖွင့်ကာ ချုပ်ရက်ရမန်ရယူခဲ့

ဧပြီ ၂၂ – ၂၀၂၃
GG(VOM)

အဆိုတော်တေးသံရှင် မေလသံစဥ်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းတရားရုံးမှာ ချုပ်ရမန်ရယူခဲ့တယ်လို့သိရပါတယ်။

မေလသံစဥ်ကို ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုကိစ္စနဲ့ပတ်သက်ပြီး မမှန်သတင်းတွေ ရေးသားဖြန့်ဝေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ အမှုဖွင့်အရေးယူကာ ချုပ်မိန့်ရမန်ရယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မနေ့က ၂၁ ရက်နေ့မှာ တရားရုံးမှာ သူတို့ ချုပ်မိန့်ရမန်လာယူကြတယ်။ မေလသံစဥ်ပါတာလည်းတွေ့လိုက်တယ်။ပဇီကြီးဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖမ်းလိုက်တာလို့တော့သိရတယ်၊ ချုပ်ရက်ရမန်လာယူပြီဆိုတော့ နောက်ထပ် တရားစွဲဖို့ပဲရှိတော့တယ်။” လို့ အထက်တန်းရှေ့နေတစ်ဦးကပြောပါတယ်။

မေလသံစဥ်ကို ဧပြီလ ၁၂ ရက်နေ့က သူရဲ့နေအိမ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ထိုင်းကနေ မြန်မာနိုင်ငံကို ခေတ္တပြန်လာချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

မေလသံစဥ်ကို ဖမ်းဆီးထိန်းသိမ်းကာ ရန်ကုန်က အောင်သပြေစစ်ကြောရေးမှာ စစ်ဆေးခဲ့ပြီးနောက်မှာ ပုဒ်မ ၅၀၅ကနဲ့အမှုဖွင့်ပြီး ချုပ်ရက်ရမန်ပါရယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ သရုပ်ဆောင် မေပန်းချီ၊အဆိုတော်ရွှေရည်သိန်းတန် နဲ့The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေတို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့် ခံထားရပါတယ်။

#voiceofmyanmar #VOM #အဆိုတော်မေလသံစဥ် #ပုဒ်မ၅၀၅ကနဲ့အမှုဖွင့်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW