တရုတ်ရဲ့ခြိမ်းခြောက်မှုတွေတန်ပြန်ရေး တာဝေးပစ်ဒုံးကျည်တွေ ပိုမို၀ယ်ယူဖို့ သြစတြေးလျစီစဉ်

ဆစ်ဒနီ၊ ဧပြီ-၂၄-၂၀၂၃
မျိုးဆက်(VOM)

သြစတြေးလျဟာ တရုတ်နိုင်ငံရဲ့ကြီးထွားလာတဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် တာဝေးပစ်ဒုံးကျည်တွေ ၀ယ်ယူရေးကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ဧပြီ ၂၃ ရက်က ထုတ်ပြန်တဲ့ ကာကွယ်ရေးဆိုင်ရာ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။

ဒုံးကျည်နည်းပညာခေတ်မှာ သြစတြေးလျနိုင်ငံရဲ့ ပထဝီအနေအထား သီးသန့်ဆန်မှုက နိုင်ငံကို အကာအကွယ်မပေးနိုင်တော့ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း ဖြည့်ဆည်းဖို့ ဒေါ်လာ ၁၂ ဘီလီယံအသုံးပြုသွားမှာဖြစ်ပါတယ်။

စာမျက်နှာ ၁၁၀ ပါရှိတဲ့ အစီရင်ခံစာမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း သြစတြေးလျကာကွယ်ရေးအတွက် အကြီးမားဆုံး သုံးသပ်ပြင်ဆင်မှုလည်းဖြစ်ပါတယ်။

ထိုင်၀မ်ကို တရုတ်ပြည်မှုကြီးနဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါကအင်အားသုံးမယ်လို့ အခိုင်အမာပြောဆိုထားတဲ့ တရုတ်နိုင်ငံရဲ့ ထိုင်၀မ်အပေါ်ရပ်တည်ချက်သဘောထားကြောင့် ဒေသတွင်းမှာ စစ်ရေးတင်းမာမှုများတိုးလာချိန်မှာ သြစတြေးလျရဲ့ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာသုံးသပ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ အဓိကတည်ရှိနေတဲ့ အစိတ်အပိုင်းတွေကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် တောင်းဆိုထားပြီး ဒီတောင်းဆိုမှုဟာ နိုင်ငံတကာဥပဒေနဲ့ အညီဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ဆစ်ဒနီ

Related posts

Leave a Comment

VOM News

FREE
VIEW