တာလေမြို့မှာ နေအပူရှိန်ကြောင့် အမျိုးသမီး(၁)ဦး ရုတ်တရက်လဲကျ သေဆုံးမှုဖြစ်ပွား

ဧပြီ၊၂၄-၂၀၂၃
MM(VOM)

ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့နယ် ၊ တာလေမြို့မှာ
ဒီနေ့ ဧပြီ၂၄ ရက် မနက်ပိုင်းက အမျိုးသမီးတစ်ဦး နေအပူရှိန်ကြောင့် ရုတ်တရက်လဲကျသေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

သေဆုံးသူဟာ တာလေမြို့၊အမှတ်(၄)ရပ်ကွက် မတ်တန်းကျေးရွာမှာနေထိုင်တဲ့ အသက် (၅၃)နှစ် ဒေါ်ခင်သန်းရီ ဆိုသူဖြစ်ပြီး သွေးတိုးရောဂါအခံရှိသူဖြစ်တယ်လို့ သိရပါတယ်။

“သေဆုံးသူက သွေးတိုးရောဂါအခံရှိသူပါ၊ ပုံမှန်တော့ ဘာမှမဖြစ်ဖူး၊ ဒီနေ့မှ ထမင်းစားနေရင်းနဲ့ ရုတ်တရက် အသက်ပါသွားတာ၊ အခြားနေ့တွေနဲ့ယှဉ်ရင် ဒီနေ့ တာလေးမြို့မှာက နေအရမ်းပူပြင်းနေပါတယ်၊ အပူရှိန်ကြောင့် သေဆုံးတယ်လို့ပဲယူဆတယ်။”လို့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တာချီလိတ်မြို့နယ်၊ တာလေမြို့မှာ ဒီနေ့ အပူချိန်(၄၀)ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာပြီး သွေးတိုးရောဂါနဲ့ နှလုံးရောဂါအခံရှိသူတွေအထူး သတိထားနေထိုင်ရမယ့်အပြင် အသက်အရွယ်ကြီးသူတွေလည်း သတိထားရမယ်လို့ ကျန်းမာရေးပညာရှင်တွေရဲ့အကြုံပြုချက်အရ သိရပါတယ်။

ဒါ့အပြင် တာချီလိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လကစပြီး တောမီးလောင်မှုကနေ အပူချိန်မြှင့်တက်လာပြီး လေထုညစ်ညမ်းမှုတွေလည်း အမြင့်ဆုံးအဆင့်ထိရောက်ရှိလာနေတယ်လို့ သိရပါတယ်။

”အခု တာချီလိတ်မှာက အပူရှိန် အရမ်းပြင်းနေတယ်၊ တောမီးလောင်မှုကြောင့်လည်းပါတယ်၊ ဒါ့ကြောင့်အပူချိန်မြင့်တက်လာတဲ့အခါ လူ(၁)ယောက်ခန္ဓာကိုယ်မှာ အပူချိန်တက်လာပြီး သွေးကြောတွေ ပိုပွင့်လာပါတယ်၊ သွေးဖိအား ကျသွားစေပါတယ်၊ နှလုံးကနေ သွေးတွေ ခန္ဓာကိုယ်အနှံ့ရောက်ဖို့ ပိုပြီး အလုပ်ပို လုပ်လာရတယ်၊ ဒီအခြေအနေမှာ အားလုံး သတိထားရမယ်။”လို့ ကျန်းမာရေးပညာရှင်တစ်ဦးကပြောပါတယ်။

အပူရှိန်ကြောင့် မူးဝေခြင်း၊ မအီမသာ ပျို့အန်ချင်ခြင်း၊ သတိလစ်ခြင်း၊ ခေါင်းမကြည် အာရုံမစိုက်နိုင်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်လွန်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်နေခြင်း စတဲ့ လက္ခဏာတွေလည်း ဖြစ်ပေါ်စေတတ်တာကြောင့် အပူပြင်တဲ့အချိန် အိမ်အပြင်မထွက်ကြဖို့လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေရဲ့ပြောပြချက်အရသိရပါတယ်။

ဒါ့ကြောင့် နွေရာသီ အပူချိန်မြင့်တက်လာတဲ့အခါ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေ၊ တယောက်တည်း နေထိုင်သူတွေ ပိုပြီးသတိထားရမှာဖြစ်ပြီး မိမိတို့နေအိမ်အတွင်းနေထိုင်တဲ့အခါမှာလည်း ပြတင်းပေါက် ခန်းဆီးတွေကို ပိတ်ထားသင့်ကာ ရေများများသောက်ရမယ်လို့ သိရပါတယ်။

အခု ဧပြီ ၁၉ ရက်ကလည်း ရန်ကုန်မြို့၊မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံအနီးမှာ အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး နေ အပူရှိန်ကြောင့်လဲကျသေဆုံးမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးမြို့မှာ အပူရှိန်မြင့်တက်မှုကြောင့် တရက်ကို အနည်းဆုံးလူ(၄)ဦးအထိ ပြုစုကုသပေးရခြင်းတွေလုပ်ပေးနေရသလို သေဆုံးမှုတွေလည်းရှိနေတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အပူရှိန်ကြောင့် သတိလစ်ခြင်းတွေဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ပြသ ကုသမှုခံယူကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Photo Credit – SW
#voiceofmyanmar #VOM #တာလေ #နေအပူရှိန် #အမျိုးသမီးတစ်ဦးလဲကျသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW