အမေရိကန်နဲ့ အနောက်အုပ်စု ပံ့ပိုးပေးသော ပက်ထရီယော့ ဒုံးကျည်စနစ် ယူကရိန်းကိုရောက်ပြီ

ဧပြီ-၂၄-၂၀၂၃

အမေရိကန်နဲ့ အနောက်အုပ်စု မဟာမိတ်များမှ ပံ့ပိုးပေးသော ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ဗုဒ္ဓဟူးနေ့မှာပဲ ယူကရိန်းနိုင်ငံကို ရောက်ရှိလာပြီဖြစ်တယ်လို့ ယူကရိန်းအရာရှိများက ကြေညာခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်မှုတစ်လျှောက်လုံးမှာ ရုရှားဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ကိယက်ဗ်ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို အကြိမ်ကြိမ်ပစ်မှတ်ထားခဲ့ပါတယ်။

ထို့အတွက် ယူကရိန်းဘက်က ရုရှားရဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ပစ်ချနိုင်ဖို့အတွက် ခေတ်မီတဲ့ ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရရှိရေးအတွက် မျှော်လင့်ခဲ့ပါတယ်။

“အိပ်မက်တွေကို ဘယ်လိုပုံဖော်ရမလဲဆိုတာ ခင်ဗျားတို့သိလား၊ ဒီအကြောင်းတွေကို ကမ္ဘာကသိစေဖို့ အသက်တွေပေးရမယ်” လို့ Twitter လူမှုကွန်ရက်ပေါ်မှာ ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ခ်ဆီ ရီဇနီကော့ဗ်က ရေးသားမျှဝေခဲ့ပါတယ်။

ယခုတော့ မျှော်လင့်ခဲ့တဲ့ ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေဟာ ယူကရိန်းကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် လှပတဲ့ ယူကရိန်းကောင်းကင်ယံဟာ ပိုမိုလုံခြုံလာတော့မှာဖြစ်ပါတယ်။

ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေထဲက တစ်ခုကို အမေရိကန်က ပံ့ပိုးပေးခဲ့တာဖြစ်ပြီး၊ နောက်ထပ်တစ်ခုကိုတော့ ဂျာမဏီနဲ့ နယ်သာလန်တို့က ပူးတွဲပေးပို့ခဲ့တာဖြစ်ပါတယ်။

မကြာသေးမီလများအတွင်းကလည်း ယူကရိန်းတပ်ဖွဲ့ဝင်တွေကို အမေရိကန်စစ်ဘက်အရာရှိများက ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို အသုံးပြုနိုင်အောင် လေ့ကျင့်ပေးခဲ့ပြီး၊ လေ့ကျင့်မှုစတင်ပြီး တစ်နှစ်ကြာမယ်လို့ ခန့်မှန်းထားပေမယ့် ပြီးခဲ့တဲ့လကပဲ တိုက်ပွဲမှာ စနစ်တွေကို အသုံးပြုနိုင်ဖို့ ယူကရိန်းတပ်ဖွဲ့ဝင်တွေ အသင့်ဖြစ်နေပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေ ပြောကြားခဲ့ပါတယ်။

“ကျွန်‌တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေးဟာ ခြိမ်းခြောက်ခံနေရတယ်လို့ အမေရိကန်အရာရှိတွေကို ပြောကြားခဲ့တယ်” လို့ ရီဇနီကော့ဗ်က Twitter လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ကိုးကား – politico
မူရင်းလင်ခ် https://www.politico.com/news/2023/04/19/patriot-missiles-arrive-in-ukraine-00092768

#voiceofmyanmar #vom #ယူကရိန်း #အမေရိကန်နဲ့အနောက်အုပ်စု #ပက်ထရီယော့ဒုံးကျည်စနစ်ယူကရိန်းကိုရောက်ပြီ

Related posts

Leave a Comment

VOM News

FREE
VIEW