လာမယ့်နှစ်ကုန်မှာ ကမ္ဘာ့အပူချိန် စံချိန်တင်အဆင့်သစ်ထိ ရောက်ဖွယ်ရှိ

ဝါရှင်တန်၊ ဧပြီ-၂၅-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အပူချိန်ဟာ မကြာသေးမီကာလတွေအတွင်း အရှိန်အဟုန်နဲ့ ပူနွေးလာကြောင်း သိပ္ပံပညာရှင်တွေက ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။

ယခုလအတွင်းမှာ ပင်လယ်ရေမျက်နှာပြင်ဟာ စံချိန်တင်အဆင့်ထိ အပူချိန်မြင့်မားခဲ့ပြီး အခြားသောရာသီဥတုဖြစ်စဉ်တွေနဲ့ပေါင်းစပ်လိုက်ပါက ကမ္ဘာ့အပူချိန်ဟာ လာမည့်နှစ်ကုန်မှာ စံချိန်တင်အဆင့်သစ်ကို ရောက်ရှိလာမှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

သမုဒ္ဒရာတွေရဲ့အပူချိန်ကိုမြင့်တက်စေတဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ လာမည့်လတွေအတွင်းမှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

သမုဒ္ဒရာတွေပူနွေးမှုဟာ ရေနေသတ္တဝါများကို သေဆုံးစေသလို ဆိုးရွားတဲ့ ရာသီဥတုကိုဖြစ်ပေါ်စေကာ ပင်လယ်ရေမျက်နှာပြင်ကိုလည်း မြင့်တက်စေပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးပူနွေးမှုဖြစ်စေတတ်တဲ့ ဖန်လုံအိမ်ဓါတ်ငွေ့တွေကို စုပ်ယူရာမှာလည်း ထိရောက်မှုနည်းပါတယ်။

ဒီလိုအခြေအနေမှာ ယခုနှစ်ဧပြီလအတွင်း သမုဒ္ဒရာတွေရဲ့ အပူချိန်ဟာ စံချိန်သစ်တင်ခဲ့ပြီး အချို့ဒေသတွေမှာတော့ ရေရှည်ကွာခြားချက် ကြီးမားကြောင်း သိပ္ပံပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW