သူငယ်ချင်း (၁၂ ) ယောက်ကို အဆိပ်ခပ်သတ်ခဲ့တဲ့ ထိုင်းအမျိုးသမီး ဖမ်းဆီးခံရ

ဘန်ကောက်၊ ဧပြီ-၂၇-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ သူငယ်ချင်း ၁၂ ယောက်ကို ဆိုင်ယာနိုက်အဆိပ်ခတ်ပြီး သတ်ခဲ့တယ်လို့သံသယရှိသူ အမျိုးသမီးတဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းရဲတွေက ဧပြီ ၂၇ ရက်မှာပြောပါတယ်။

ဆာရာရတ်ရန်ဆီဝပ်သာပွန် ဆိုသူအမျိုးသမီးဟာ မကြာသေးမီကသူ့သူငယ်ချင်းတဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးနောက် ဧပြီ ၂၅ ရက်ကဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

သေဆုံးသွားတဲ့ သူငယ်ချင်းဖြစ်သူဟာ ဆာရာရတ်နဲ့အတူ ခရီးတခုမှာသေဆုံးသွားပြီးနောက် သေဆုံးသူရဲ့မိသားစုက သံသယတွေရှိလာတာကြောင့် အလောင်းကိုခွဲစိတ်စစ်ဆေးကြည့်ရာ ဆိုင်ရာနိုက်သဲလွန်စတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအပြီးမှာတော့ ဆာရာရတ်ဟာ ရည်းစားဟောင်းအပါအဝင် အခြား ၁၁ ဦးကိုလည်း အလားတူနည်းနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ကြောင်း ၊ လူသတ်မှုတွေကို ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ရဲတွေကပြောပါတယ်။

ဆာရာရတ်ဟာ ငွေရေးကြေးရေးကိစ္စတွေကြောင့် လူသတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ရဲက စွပ်စွဲထားပြီး သူမကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူ့မရဲ့အာမခံလျှောက်ထားမှုကို ပယ်ချထားပါတယ်။

Ref:BBC
Photo:Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW