ယူကရိန်းစစ်ပွဲနဲ့ ပူတင်ကို ဝေဖန်သူ ရုရှားအတိုက်အခံတဦး ထောင် ၂၅ နှစ်ချမှတ်ခံရ

မော်စကို၊ ဧပြီ-၁၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲနဲ့ ပူတင်ကိုဝေဖန်မှုနဲ့ ဆက်နွယ်တဲ့စွဲချက်တွေကြောင့် ရုရှားအတိုက်အခံတက်ကြွလှုပ်ရှားသူ ဗလာဒီမာကာရာမာဇာကို ရုရှားအာဏာပိုင်တွေက ဧပြီ ၁၇ ရက်မှာ ထောင်ဒဏ် ၂၅ နှစ်ချမှတ်လိုက်ပါတယ်။ သူဟာ် နိုင်ငံတော်သစ္စာဖောက်မှု၊ ရုရှားစစ်တပ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေဖြန့်ဝေမှုအပြင် အဖွဲ့အစည်းတခုနဲ့ချိတ်ဆက်လုပ်ဆောင်မှုတို့နဲ့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ ရုရှား-ဗြိတိသျှ သတင်းထောက်ဟောင်းနဲ့နိုင်ငံရေးသမားဖြစ်သူ ဗလာဒီမာကာရာမာဇာဟာ ဖမ်းဆီးခံရတဲ့ သို့မဟုတ် နိုင်ငံတွင်းကနေထွက်ပြေးခဲ့ရတဲ့ ပူတင်ကိုဝေဖန်သူတွေထဲက ထောင်ချခံရတဲ့ နောက်ဆုံးတဦးဖြစ်ပါတယ်။ အာဏာပိုင်တွေ စွဲချက်တွေကို သူကတော့ ငြင်းဆိုထားပါတယ်။ အသက် ၄၁ နှစ်အရွယ် မစ္စတာကာရာမာဇာဟာ ရုရှားသမ္မတပူတင်ကို နှစ်ပေါင်းများစွာ ဝေဖန်ပြောဆိုခဲ့တဲ့အပြင် ယူကရိန်းစစ်ပွဲနဲ့ အတူ ရုရှားအတိုက်အခံတွေကို ဖြိုခွင်းမှုတွေကိုလည်း ဆန့်ကျင်ခဲ့သူတဦးဖြစ်ပါတယ်။ သူ့ကိုထောင်ဒဏ် ၂၅ နှစ်ပြစ်ဒဏ်အပေါ် ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း အတိုက်အခံတဦးကို ချမှတ်ခဲ့တဲ့ အရှည်ကြာဆုံးထောင်ဒဏ်ဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM #ရုရှားအတိုက်အခံထောင်ချ

Read More

ဆူဒန်မှာ စစ်တပ်ချင်းတိုက်ပွဲတွေကြောင့် သေဆုံးသူ ၂၀၀ နီးပါးရှိလာ ၊ အီးယူသံတမန်ပါ သတ်ဖြတ်ခံရ

ခါတွမ်၊ ဧပြီ-၁၈-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တို့အကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်တန့်ဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဘလင်ကင်က ဧပြီိ ၁၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ်လ်ဘာဟန်၊ အာအက်စ်အက်ဖ်ပြည်သူ့စစ်အကြီးအကဲ မိုဟာမက်ဟမ်ဒန်ဒါဂါလိုတို့နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ဘခင်ကင်က အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကို ဆူဒန်အမျိုးသားတပ်မတော်မှာ ပေါင်းစည်းဖို့ အပါအ၀င် ဆူဒန်ရဲ့ အနာဂါတ်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်နှစ်ဦး သဘောထားကွဲလွဲနေကြပါတယ်။ ဧပြီ ၁၇ ရက်မှာ ဒုတိယအကြိမ်မြောက် သုံးနာရီကြာယာယီအပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားတဲ့အတွက် နှစ်ဘက်စလုံးက အပြန်အလှန်ပြစ်တင်ပြောဆိုနေကြပါတယ်။ ဧပြီ ၁၅ ရက်ကစတင်ခဲ့တဲ့နှစ်ဘက်တိုက်ပွဲတွေကြောင့် လူပေါင်း ၂၀၀ နီးပါး ထိသေဆုံးခဲ့ပြီဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဘလင်ကင်က အလေးပေးပြောကြားခဲ့ပြီး သံတမန်၀န်ထမ်းတွေနဲ့ အကူအညီပေးရေးလုပ်သားတွေ ဘေးကင်းလုံခြုံစေရေး သူကတိုက်တွန်းထားပါတယ်။ ဆူဒန်ရှိ အီးယူသံတမန်တဦးလည်း သူ့ရဲ့နေအိမ်မှာ ဧပြီ ၁၇ ရက်က သတ်ဖြတ်ခံခဲ့ရပြီး အကူအညီပေးရေးအဖွဲ့တွေရဲ့ဂိုဒေါင်တွေ တည်းခိုဆောင်တွေလည်း ပစ်ခတ်လုယက်ခံခဲ့ရကြောင်း…

Read More

ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေ ဖြန့်ကြက်မယ့်အစီအစဉ် ဂျီ-၇ ရှုတ်ချ ၊ သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကို ပူတင်သွားရောက်

တိုကျို၊ ဧပြီ-၁၈-၂၀၂၃ မျိုးဆက်(VOM) ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေဖြန့်ကြက်ချထားမယ့် ရုရှားရဲ့အစီအစဉ်ကို ဂျပန်မှာပြုလုပ်နေတဲ့ ဂျီ-၇ အစည်းအဝးမှာ နိုင်ငံခြားရေး၀န်ကြီးတွေက ရှုတ်ချလိုက်ပါတယ်။ အခုလိုရှုတ်ချပြောဆိုမှုတွေရှိနေပေမယ့်လည်း ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ ဒေသတွေကို သွားရောက်ခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်က သွားရောက်ခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။ သမ္မတပူတင်ဟာ ယူကရိန်းရှိ ခါဆွန်နဲ့ လူဟန့်ခ်ဒေသတွေကို သွားရောက်ခဲ့ကာ နောက်ပိုင်းမှာ အမျိုးသားအစောင့်တပ်ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး ရုရှားစစ်ဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အရှေ့ဘက်ရှိ ခါဆွန်၊ ဇာပိုရစ်ဇီးယားနဲ့ လူဟန့်ခ်တို့ဟာ လွန်ခဲ့တဲ့စက်တင်ဘာလအတွင်းက သမ္မတပူတင်က သိမ်းယူကြောင်းကြေညာခဲ့တဲ့ ဒေသလေးခုအနက် သုံးခုဖြစ်ပြီး သိမ်းပိုက်မှုကို ယူကရိန်းနဲ့ အနောက်နိုင်ငံမဟာမိတ်တွေက ပယ်ချထားပါတယ်။ လွန်ခဲ့သော ၁၄ လခန့်က ယူကရိန်းကို ရုရှားတပ်များကျူးကျော်လာချိန်ကစပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ဆွေးနွေးဖို့ အနောက်နိုင်ငံခေါင်းဆောင် အများအပြားဟာ ကိယက်ဗ်သို့သွားရောက်ကြပေမယ့် ပူတင်ကတော့ ရုရှားထိန်းချုပ်ထားတဲ့…

Read More

ဆူဒန်မှာ စစ်တပ်နဲ့ပြည်သူ့စစ်တွေအကြား တိုက်ပွဲတွေကြောင့် လူ ၁၀၀ နီးပါးသေဆုံး

ခါတွမ်၊ ဧပြီ-၁၇-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်နိုင်ငံမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး လက်ရှိချိန်ထိ လူ ၁၀၀ နီးပါးသေဆုံးခဲ့ကြောင်း ဆရာ၀န်များသမဂ္ဂက ဧပြီ ၁၆ ရက်မှာ ပြောပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်ဖက်ဖ်ပြည်သူ့စစ်တို့အကြား ဧပြီ ၁၄ ရက်ကစတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ သုံးရက်ကြာမြင့်လာပြီဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်ဟာလည်း ၁၁၀၀ ကျော်ထိရှိလာပြီဖြစ်ပါတယ်။ နှစ်ဘက်စလုံးဟာ မြို့တော်ခါတွမ်ရှိအဓိကနေရာတွေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အခိုင်အမာပြောဆိုထားကြပြီး ပြည်သူတွေကတော့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာမှာခိုလှုံဖို့ ကြိုးစားနေကြပါတယ်။ ဒဏ်ရာရရှိသူတွေကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခွင့်ပြုဖို့နှစ်ဘက်အကြား ယာယီအပစ်အခတ်ရပ်စဲရေးကို ဧပြီ ၁၆ ရက်အစောပိုင်းက သဘောတူခဲ့ပေမယ့်လည်း ဘယ်လိုကန့်သတ်ချက်တွေရှိလည်းဆိုတာ ရှင်းလင်းစွာမသိရပါဘူး။ တိုက်ပွဲတွေဟာ အကြမ်းဖက်မှုများတိုးမြင့်နေတဲ့ ဆူဒန်နိုင်ငံရဲ့ စစ်ခေါင်းဆောင်ပိုင်းအတွင်း ပြင်းထန်တဲံ့ အာဏာလွန်ဆွဲံမှုတွေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ နိုင်ငံကိုကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်သမ္မတ အိုမာအယ်လ်ဘာရှားကို ၂၀၁၉ ခုနှစ်မှာ ဖြုတ်ချပြီးနောက် နိုင်ငံကို စစ်ဗိုလ်ချုပ်တွေက အုပ်ချုပ်နေတာဖြစ်ပါတယ်။ Ref:BBC…

Read More

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်စစ်တပ်တို့ ဒုံးကျည်ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်

ဆိုးလ်၊ ဧပြီ-၁၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ပိုမိုကောင်းမွန်စွာတုံ့ပြန်နိုင်ဖို့အတွက် ဒုံးကျည်ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၇ ရက်မှာ ပြုလုပ်နေပါတယ်။ မဟာမိတ်နိုင်ငံများအကြား သံတမန်ရေးနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမြှင့်တင်ဖို့အတွက် ဒုံးကျည်ကာကွယ်ရေးနဲ့ ရေငုပ်သင်္ဘောရန်ကာကွယ်တာဆီးရေးတို့အတွက် ဝါရှင်တန်မှာ သုံးနိုင်ငံဆွေးနွေးပြီးနောက် ရက်ပိုင်းအကြာမှာ အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံအကြား ရေပိုင်နက်မှာ ဧပြီ ၁၇ ရက်ကစတင်နေတဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တန်ချိန် ၇၆၀၀ အလေးချိန်ရှိ တောင်ကိုရီးယားရဲ့ ယူဂေါ့ရီ-၁ ဖျက်သင်္ဘော၊ အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားတဲ့ဖျက်သင်္ဘော ဘန်ဖိုးဒ်နဲ့ ဂျပန်၏အာတာဂို ဖျက်သင်္ဘောတို့ပါ၀င်ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ ဆိုးရွားတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် သုံးနိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေတဲ့အခွင့်အလမ်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။ မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ဒုံးကျည်သစ်စမ်းသပ်မှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေခြင်းတွေကြောင့် မကြာသေးမီကာလတွေအတွင်း ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေခဲ့ပါတယ်။ Ref:…

Read More

စစ်ကိုင်းတိုင်းမှာ သင်္ကြန်ကာလအတွင်း ပေါက်ကွဲမှုဖြစ်လို့ ရေကစားသူ ၁၀ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရခဲ့

ဧပြီ ၊ ၁၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဟုမ္မလင်းမြို့နယ်နဲ့ အရာတော်မြို့နယ်တွေမှာ သင်္ကြန်ကာလအတွင်း ပေါက်ကွဲမှုတွေဖြစ်ပွားပြီး အဲ့ဒီ ပေါက်ကွဲမှာတွေကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃) ရက်ညနေပိုင်းက စစ်ကိုင်းမြို့နယ် ၊ ကြွယ်ပုံကျေးရွာက ရေကစား မဏ္ဍပ်မှာ ဒရုန်းနဲ့ဗုံးကျဲချခံရလို့ ရေကစားနေတဲ့ ကလေးငယ် ၈ ဦးဗုံးစထိမှန် သေဆုံးခဲ့ပြီး ၊ ၃၁ ယောက်ဒဏ်ရာရခဲ့တယ် ၊ နောက်ပြီး သင်္ကြန်အကျနေ့ (ဧပြီ ၁၄ ) ရက် ညပိုင်းက ဟုမ္မလင်းမြို့နယ် ၊ အောက်တောင်ပေါ်ကျေးရွာက သင်္ကြန်ပွဲတော် ၊ ပွဲခင်းစျေးအနီး ဆိုင်ကယ်မိုင်း ပေါက်ကွဲလို့ မဆိုင်းမော်ပန်း နဲ့…

Read More

မူဆယ်မှာ သဲကား တိမ်းမှောက်ပြီး အိမ်စီးကားပေါ်ပိလို့ လူ ၆ ယောက်သေဆုံး

ဧပြီ ၊ ၁၆ -၂၀၂၃ SP (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်မြို့ကနေ ကျင်စန်းကျော့ နယ်စပ်ဂိတ်သွားတဲ့လမ်းမှာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က သဲတွေသယ်လာတဲ့ ၂၂ ဘီးကား တိမ်းမှောက်ပြီး အနီးမှာရှိတဲ့ အိမ်စီးကား တစီးပေါ် ပိတာကြောင့် အိမ်စီးကားထဲက လူတွေ သေဆုံးခဲ့တယ်လို့ မူဆယ်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျင်စန်းကျော့ဂိတ်ဘက်ကို သဲတွေသယ်လာတဲ့ ကား တိမ်းမှောက်တာပါ ၊ မှောက်တဲ့ကားက ၂၂ ဘီး တွဲကားဖြစ်တယ် ၊ အဲ့ဒီကား တိမ်းမှောက်သွားတဲ့ဘက်မှာ အိမ်စီးကား တစီးရှိတယ် ၊ အဲ့ဒီ အိမ်စီးကားပေါ်ကို မှောက်တဲ့ကားက ပိတာဖြစ်တယ် ၊ အဲ့ဒါကြောင့် အိမ်စီးကားထဲက အမျိုးသား၂ ဦး နဲ့ အမျိုးသမီး ၄ ယောက် စုစုပေါင်း…

Read More

မော်လမြိုင်ကျွန်းမှာ အောင်သာယာဈေးမီးလောင်မှုဖြစ်ပွား၊ အမျိုးသား(၁)ဦးသေဆုံးကာ ဆိုင်ခန်းပေါင်း (၃၀)ကျော်မီးလောင်ဆုံးရှုံး

ဧပြီ၊၁၆-၂၀၂၃ MM[VOM] ဈေးဆိုင်ခန်းတွေ ထောင်ချီရှိတဲ့ ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့က အောင်သာယာဈေးမှာ မနေ့ ဧပြီ ၁၅ ည (၇)နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦးသေဆုံးကာ ဈေးဆိုင်ခန်းပေါင်း(၃၀)ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေသိရပါတယ်။ အဲ့ဒီ မီးလောင်မှုဟာ ဈေးဆိုင်ခန်း တခုက မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး သိုလှောင်ထားတဲ့ပစ္စည်းတွေများပြားတာကြောင့် မီးလောင်အား ကောင်းမွန်ခဲ့ပြီး ဆုံးရှုံးမှုများခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”အောင်သာယာဈေးမှာက ဆိုင်ခန်းတွေက အစုံရှိတယ်၊မီးလောင်အားကောင်းတဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေလည်းပါတော့ ဆုံးရှုံးမှုကများတာပေါ့၊ သေဆုံးသူက အမျိုးသားပါ၊ညစောင့်လုပ်ပြီး ကွမ်းယာရောင်းတယ်။”လို့ တာဝန်ရှိသူ တဦးကပြောပါတယ်။ မီးလောင်မှုကြောင့် သေဆုံးသွားသူမှာ ဦးမိုးကျော်ဆို သူဖြစ်ပြီး ဈေးအတွင်းရှိ ဆိုင်တွေက ပစ္စည်းတွေကိုမီးလွတ်ရာကို ကူညီရွှေ့ပေးနေရင်း ခန္ဓာကိုယ်ကိုမီးစွဲကာ ဒဏ်ရာအများအပြားနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။ အဲ့ဒီ မီးလောင်မှုကို မော်လမြိုကျွန်းမြို့နယ်မီးသတ်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေ၊ လူမူကူညီရေးအဖွဲ့တွေနဲ့ ဒေသခံ ပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့တာကြောင့် ည၉နာရီခန့်မှာ…

Read More

လူထု နှလုံးသားထဲက အပျော်ဓာတ် ရလာဒ်

ဆူးငှက် သင်္ကြန်တေးတစ်စကို အစောဆုံး ကြားလိုက်ရတော့ တပေါင်းလဆန်းကာစပဲ ရှိသေးသည်။ နေ့ပူလို့ ညချမ်းဆဲ ကာလဖြစ်၏။ သို့သော် တစ်နှစ်လုံးအောင့်အည်းကာ နေခဲ့ရသည့် သင်္ကြန်အပျော်ဓာတ် အညွန့်အညှောက်လေး ထွက်ပြူလာပြီမို့ နားထဲမှာ စည်တိုသံ၊ ဒိုးသံလေးတွေ ကြားစပြုလာပြီ။ ကဗျာတစ်စ၊ စာတစ်စလည်း နူတ်ဖျားမှာ သီလာကြပြီ။ တယောပြားလေး မေးဖျားညှပ်ပြီး သံစဉ်တစ်မျှင် စမ်းသူစမ်း၊ စန္ဒရားခုံမှာထိုင်ပြီး တေးသွားတစ်ကျော့ ဆော့သူဆော့။ ဤသို့ဖြင့် သင်္ကြန်အပျော်ဓာတ် အညွန့်အညှောက်လေးက ဖားရရား၊ ကြွားရရားနှင့် ပွင့်ခက်ပွင့်လက် စုံလင်လာသည့်သဘောဖြစ်သည်။ စင်စစ် မန္တလေးသင်္ကြန်ဟူသည်ကား ဂီတပွဲတော်ကြီးတစ်ရပ်ဖြစ်ခဲ့သည်။ မြန်မာ့ရိုးရာ မှန်စီရွှေချ၊ ပဉ္စရူပ ပတ်မထမ်း ဆိုင်းဝိုင်းကြီးများဖြင့် မြန်မာ့ဂီတ၊မြန်မာ့အကကို ပုံအောကွန့်မြူးသည့် ပွဲတော်ကြီးလည်းဖြစ်၏။ ထို့ပြင် တစ်ဝ အယုတ်အလတ် အမြတ်မရွေး ကိုယ့်ရင်ထဲရှိသမျှ အနုပညာကို စိတ်ရောကိုယ်ပါ ဖော်ထုတ်ပြ၊ ဖော်ထုတ်ခွင့်ရှိသည့် ပွဲတော်ကြီးလည်း ဖြစ်သည်။ မြန်မာ့ရိုးရာ…

Read More

ဆူဒန်မှာ အရပ်သားအစိုးရကူးပြောင်းရေး တင်းမာနေစဉ် စစ်တပ်နဲ့ အရန်တပ် တိုက်ပွဲဖြစ်

ခါတွမ်၊ ဧပြီ-၁၅-၂၀၂၃ မျိုးဆက်VOM) ဆူဒန်နိုင်ငံမှာ အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေမြင်တက်နေချိန်မှာ ဆူဒန်စစ်တပ်နဲ့အင်အားကြီး အရန်တပ်တို့အကြား မြို့တော်ခါတွမ်မှာ ဒီ နေ့တိုကျပှဲတှဖွေစျပှားနပွေီး လူသုံးဦးသေဆုံးသွာပါတယ်။ ဆူဒန်အရန်တပ်ဖြစ်တဲ့ (RSF) က အနည်းဆုံး လေဆိပ်သုံးခု စစ်တပ် အကြီးအကဲ နေအိမ်နဲ့ သမ္မတ အိမ်တော်တို့ကို ထိန်းချုပ်ထားတယ်လိုဆိုပါတယ်။ ဆူဒန်စစ်တပ်က ဒီအချက်ကို ငြင်းဆိုထားပြီး လေတပ်ဟာ အရန်တပ် တွေရဲ့ စခန်းတွေကို တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေကနေ ဘေးလွတ်ရာကို ခိုလှုံဖို့ ကြိုးစားနေကြပါတယ်။ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူတွေက အိမ်ထဲမှာပဲ နေနေကြကာ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ ဒေသခံတွေဟာ တိုက်ပွဲဖြစ်မယ်လို့ မမျှော်ထားတာကြောင့် တိုက်ပွဲကားမှာပိတ်မိ နေသူ အများအပြားရှိ ပြီး တံတား ှေလေမျးတှပေိတျဆို့ထားပါတယျ။ RSF တပ်မှူး ဗိုလ်ချုပ်ကြီး မိုဟာမက်ဟမ်ဒန်ဒါဂါလို စစ်တပ်အခြေစိုက်စခန်းအားလုံးကို သိမ်းပိုက်ပြီးချိန်အထိ တိုက်ပွဲဝင်သွားမယ်လို…

Read More
VOM News

FREE
VIEW