ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေ ဖြန့်ကြက်မယ့်အစီအစဉ် ဂျီ-၇ ရှုတ်ချ ၊ သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေကို ပူတင်သွားရောက်

တိုကျို၊ ဧပြီ-၁၈-၂၀၂၃
မျိုးဆက်(VOM)

ဘီလာရုစ်မှာ နျူကလီးယားလက်နက်တွေဖြန့်ကြက်ချထားမယ့် ရုရှားရဲ့အစီအစဉ်ကို ဂျပန်မှာပြုလုပ်နေတဲ့ ဂျီ-၇ အစည်းအဝးမှာ နိုင်ငံခြားရေး၀န်ကြီးတွေက ရှုတ်ချလိုက်ပါတယ်။

အခုလိုရှုတ်ချပြောဆိုမှုတွေရှိနေပေမယ့်လည်း ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရှိ ရုရှားသိမ်းပိုက်ထားတဲ့ ဒေသတွေကို သွားရောက်ခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်က သွားရောက်ခဲ့တယ်ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။

သမ္မတပူတင်ဟာ ယူကရိန်းရှိ ခါဆွန်နဲ့ လူဟန့်ခ်ဒေသတွေကို သွားရောက်ခဲ့ကာ နောက်ပိုင်းမှာ အမျိုးသားအစောင့်တပ်ဌာနချုပ်သို့ သွားရောက်ခဲ့ပြီး ရုရှားစစ်ဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရှေ့ဘက်ရှိ ခါဆွန်၊ ဇာပိုရစ်ဇီးယားနဲ့ လူဟန့်ခ်တို့ဟာ လွန်ခဲ့တဲ့စက်တင်ဘာလအတွင်းက သမ္မတပူတင်က သိမ်းယူကြောင်းကြေညာခဲ့တဲ့ ဒေသလေးခုအနက် သုံးခုဖြစ်ပြီး သိမ်းပိုက်မှုကို ယူကရိန်းနဲ့ အနောက်နိုင်ငံမဟာမိတ်တွေက ပယ်ချထားပါတယ်။

လွန်ခဲ့သော ၁၄ လခန့်က ယူကရိန်းကို ရုရှားတပ်များကျူးကျော်လာချိန်ကစပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ဆွေးနွေးဖို့ အနောက်နိုင်ငံခေါင်းဆောင် အများအပြားဟာ ကိယက်ဗ်သို့သွားရောက်ကြပေမယ့် ပူတင်ကတော့ ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းဒေသတွေကို သွားရောက်လေ့မရှိပါဘူး။ လွန်ခဲ့တဲ့လမှာတော့ ပူတင်ဟာ ကရိုင်းမီးယားဒေသနဲ့ မာရီယူပိုလ်မြို့ကို သွားရောက်ခဲ့ပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW