ဆူဒန်မှာ စစ်တပ်နဲ့ပြည်သူ့စစ်တွေအကြား တိုက်ပွဲတွေကြောင့် လူ ၁၀၀ နီးပါးသေဆုံး

ခါတွမ်၊ ဧပြီ-၁၇-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်နိုင်ငံမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး လက်ရှိချိန်ထိ လူ ၁၀၀ နီးပါးသေဆုံးခဲ့ကြောင်း ဆရာ၀န်များသမဂ္ဂက ဧပြီ ၁၆ ရက်မှာ ပြောပါတယ်။

ဆူဒန်စစ်တပ်နဲ့ အာအက်စ်ဖက်ဖ်ပြည်သူ့စစ်တို့အကြား ဧပြီ ၁၄ ရက်ကစတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ သုံးရက်ကြာမြင့်လာပြီဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်ဟာလည်း ၁၁၀၀ ကျော်ထိရှိလာပြီဖြစ်ပါတယ်။

နှစ်ဘက်စလုံးဟာ မြို့တော်ခါတွမ်ရှိအဓိကနေရာတွေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အခိုင်အမာပြောဆိုထားကြပြီး ပြည်သူတွေကတော့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာမှာခိုလှုံဖို့ ကြိုးစားနေကြပါတယ်။

ဒဏ်ရာရရှိသူတွေကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခွင့်ပြုဖို့နှစ်ဘက်အကြား ယာယီအပစ်အခတ်ရပ်စဲရေးကို ဧပြီ ၁၆ ရက်အစောပိုင်းက သဘောတူခဲ့ပေမယ့်လည်း ဘယ်လိုကန့်သတ်ချက်တွေရှိလည်းဆိုတာ ရှင်းလင်းစွာမသိရပါဘူး။
တိုက်ပွဲတွေဟာ အကြမ်းဖက်မှုများတိုးမြင့်နေတဲ့ ဆူဒန်နိုင်ငံရဲ့ စစ်ခေါင်းဆောင်ပိုင်းအတွင်း ပြင်းထန်တဲံ့ အာဏာလွန်ဆွဲံမှုတွေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ နိုင်ငံကိုကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်သမ္မတ အိုမာအယ်လ်ဘာရှားကို ၂၀၁၉ ခုနှစ်မှာ ဖြုတ်ချပြီးနောက် နိုင်ငံကို စစ်ဗိုလ်ချုပ်တွေက အုပ်ချုပ်နေတာဖြစ်ပါတယ်။

Ref:BBC

#voiceofmyanmar #VOM #ဆူဒန်

Related posts

Leave a Comment

VOM News

FREE
VIEW