ဟုမ္မလင်းမြို့နယ် ၊ အောက်တောင်ပေါ်ကျေးရွာက ပွဲစျေးခင်း ပေါက်ကွဲမှုဖြစ်လို့ လူ ၂ ဦးသေ ၊ ၉ ဦး ဒဏ်ရာရ

ဧပြီ ၊ ၁၅ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ အောက်တောင်ပေါ်ကျေးရွာမှာ ပြုလုပ်တဲ့ ရိုးရာနှစ်သစ်ကူး ပွဲမှာ မနေ့ ဧပြီ ၁၄ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၊ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ပွဲစျေးခင်းရဲ့ ဆိုင်ကယ်တွေထားတဲ့နေရာနားက ပေါက်ကွဲတာပါ ၊ ဆိုင်ကယ်ဗုံး ဖြစ်တယ် ” လို့ အောက်တောင်ပေါ်ရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဟုမ္မလင်းခရိုင် ၊ လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ညက ၁၀ နာရီမှာ ဖြစ်တာပါ ၊ ဆိုင်ကယ်ကို…

Read More

ရန်ကုန်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဉ်မောင်းတစ်ယောက်ရဲ့ ပုတ်ပွနေတဲ့ ရုပ်အလောင်းကို ဒီကနေ့ ပြန်တွေ့

ဧပြီ၊၁၄-၂၀၂၃ MaungMaung(VOM) ဧပြီလ ၁၂ ရက်နေ့က ပျောက်ဆုံးနေတဲ့ Taxi ယာဉ်မောင်းတစ်ယောက်ရဲ့ ပုတ်ပွနေတဲ့ ရုပ်အလောင်းကို ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့က ပြန်တွေ့ခဲ့တယ်လို့ ကနောင် နာကူ-ရှင်ကူ အသင်းက သိရပါတယ်။ သူ့ကို ဓားထိုးဒဏ်ရာ ၃ ချက်နဲ့ အင်းစိန်မြို့နယ် ကြို့ကုန်း သစ်တောဝင်း ခြုံပုတ်ထဲက တွေ့ခဲ့တာ ဖြစ်တယ်လို့ အဲဒီ အသင်းတာဝန်ရှိသူက VOM ကို အခုလို ပြောပါတယ်။ သေဆုံးသူမှာ အသက် ၂၉ နှစ်အရွယ် ကိုပေါ်ထင်ကျော်ဆိုသူ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ပေါက်တောဝ၊ ချမ်းမြေ့စည်ပင်ဝင်း မှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ “ဧပြီလ ၁၂ ရက်နေ့မှာ ကားပျောက်သွားတယ်။ဧပြီလ ၁၃ ရက်နေ့မှာ အနောက်ကြို့ကုန်း ၊ ဘုရင့်နောင်လမ်း ပတ်ဝန်းကျင်မှာပဲ AA/5674 အဲဒီကားကို ပြန်တွေ့တယ်။ ဒီနေ့…

Read More

စစ်ကိုင်း ကြွယ်ပုံရွာမှာရေကစား မဏ္ဍပ် ပေါက်ကွဲမှုဖြစ်လို့ ကလေး ၃ ယောက်သေဆုံး ၊ အယောက် ၃၀ ကျော် ဒဏ်ရာရ

ဧပြီ ၊ ၁၄ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ကြွယ်ပုံကျေးရွာမှာ ပြုလုပ်တဲ့ ကလေးရေကစား မဏ္ဍပ်မှာ မနေ့ ဧပြီ ၁၃ ရက် ၊ ညနေ ၅ နာရီခွဲဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ရေကစားနေတဲ့ ကလေး အယောက် ၃၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကလေးတွေ ရေကစားနေတဲ့ မဏ္ဍပ်ပေါ်ကို ဒရုန်းနဲ့ ဗုံးကျဲချတာဖြစ်တယ် ၊ အဲ့ဒီ ဗုံးက မဏ္ဍပ်ပေါ်ကျပြီး ပေါက်ကွဲတာကြောင့် ကလေးတွေ ထိခိုက် ဒဏ်ရာရတာဖြစ်တယ် ” လို့ ကြွယ်ပုံရွာခံ တယောက်ကပြောပါတယ်။ အဲ့ဒီ ကြွယ်ပုံရွာက ရေကစားမဏ္ဍပ် ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမား တယောက်က ” ဒီမနက်…

Read More

လားရှိုးမြို့ပေါ်က စတုဒီသာမဏ္ဍပ်နား ဗုံးပေါက်ကွဲလို့ လူ ၆ ယောက်သေ ၊ ၃ ယောက် ဒဏ်ရာရ

ဧပြီ ၊ ၁၃ ၊ ၂၀၂၃ SP(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ၊ ရပ်ကွက် ၁ ၊ နယ်မြေ ၈ ၊ ရန်တိုင်းအောင် ဘုရားအနီးက စတုဒီသာ မဏ္ဍပ်ရဲ့ ကားတွေထားတဲ့နေရာနားမှာ ဒီမနက် ၁၁ နာရီ ၄၅ မိနစ် ဝန်းကျင်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ လားရှိုးဒေသခံတွေဆီက သိရပါတယ်။ ” ပေါက်ကွဲတာက ကားဗုံးအမျိုးအစားဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အမျိုးသား ၆ ယောက်သေတယ် ၊ အမျိုးသား နဲ့ အမျိုးသမီး ၃ ဦး ဒဏ်ရာရတယ် ၊ အသက်အန္တရာယ် စိုးရိမ်ရတယ် ၊ ပေါက်ကွဲတဲ့နားက ရပ်ထားတဲ့ ကား ၉ စီးနဲ့ ဆိုင်ကယ် ၇ စီး ပျက်စီးသွားတယ် ၊…

Read More

ရန်ကုန်မှာ ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပါယ်ပွဲတွေ ပြုလုပ်

ဧပြီ၊၁၃-၂၀၂၃ MaungMaung(VOM) ရန်ကုန်တိုင်းဒေသကြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ၊ ရခိုင်လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းကျင်းပတဲ့ ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားကို ဒီကနေ့ ဧပြီလ ၁၃ ရက် မနက်(၉)နာရီက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ရှိတဲ့ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီအခမ်းအနားကို နမောသဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နံ့သာရေတွေနဲ့ ဘုရားရေသပ္ပါယ်တဲ့ ကုသိုလ်ကို ဒေါက်တာအေးချမ်း၊ဒေါက်တာအေးမောင်၊ဒေါ်ခင်စောေ၀ စတဲ့ ရခိုင်ပြည်နယ်က လူသိထင်ရှား နိုင်ငံရေးနယ်ပါယ်က ပုဂ္ဂိုလ်တွေ အပြင် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ၊ရန်ကုန်ရောက် ရခိုင်သူရခိုင်သားတွေလည်း တက်ရောက် ကုသိုလ် ယူခဲ့ကြတယ်လို့ သိရပါတယ်။ ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပါယ်ပွဲ အခမ်းအနားတွေကိုရခိုင်ပြည်နယ်ဓမ္မာရုံ အပြင် ရခိုင်ဓညဝတီ ဘုန်းတော်ကြီးကျောင်းမှာလည်း ပြုလုပ်ခဲ့ကြတယ်လို့ ရခိုင်မောင်မယ်အဖွဲ့က သိရပါတယ်။ #voiceofmyanmar #VOM #ရခိုင်သင်္ကြန်

Read More

မန်းသင်္ကြန် ဖြတ်ပိုင်း

ဆူးငှက် မန္တလေးသင်္ကြန်ဆိုတာ နာမည်ကြီးပါတယ်။ နာမည်ကြီးတယ် ဆိုတာက ၂ပိုင်းရှိတယ်။ ရှေးတုန်းက သင်္ကြန်က ရိုးရာယဉ်ကျေးမှုနဲ့ ဂီတ၊အက၊အလှ သင်္ကြန်အဖြစ် နာမည်ကြီးတယ်။ သင်္ကြန်မှာ ကားတွေနဲ့ တူရိယာပစ္စည်းတွေ တင်ပြီး ဆိုကြ၊ တီးကြ၊ ကကြတာက ၁၉၃၀၀န်းကျင်က မန္တလေးမှာ စခဲ့တာတဲ့။ ၁၉၃၀ကနေ ၁၉၄၂ ဒုတိယကမ္ဘာစစ်မီး အစ ဆိုပါတော့။ ဝံသာနုသင်္ကြန်၊ ၁၃၀၀ပြည့် အရေးတော်ပုံသင်္ကြန်တွေအဖြစ်လည်း မန္တလေးက မမေ့မလျော့ ဆင်နွှဲခဲ့တယ်။ စစ်ကြီးကာလအတွင်း ၁၉၄၂က ၁၉၄၅အထိတော့ မန္တလေးတစ်မြို့လုံး စစ်ရှောင်တိမ်းနေကြတော့ မန္တလေးသင်္ကြန်ဆိုတာက ခပ်ပါးပါးပဲပေါ့။ ၁၉၄၅ စစ်အပြီး သင်္ကြန်အရှိန်မရသေး။ ၁၉၄၆သင်္ကြန် နာလန်ထ အားယူစ။ ၁၉၄၇ သင်္ကြန်ကိုတော့ အရင်နှစ်တွေကထက် ပိုမိုထူးကဲပြီး မြို့လုံးကျွတ်သင်္ကြန်အဖြစ် ဝှဲချီး ကျင်းပခဲ့တယ်။ ရပ်ကွက်တိုင်းစေ့ အလှပြယာဉ်တွေ ထွက်တယ်။ ရပ်ကွက်တိုင်းစေ့ ဧည့်ခံမဏ္ဍပ်တွေ ထွက်တယ်။ စစ်ကြီးကြောင့်…

Read More

အမြန်လမ်းမှာ ယာဥ်တိမ်းမှောက်ပြီး လူ(၂)ဦးသေဆုံးပြန်

ဧပြီ၊၁၂-၂၀၂၃ MM(VOM) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၃၀၅/၁ အနီးမှာ ဧပြီ ၁၂ ရက် မနက် ၇ နာရီကျော်က မောင်းလာတဲ့ကား တိမ်းမှောက်မှုဖြစ်ပွားပြီးလူ(၂)ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။ ”မိုင်တိုင်အမှတ် ၃၀၅/၁ အနီးအရောက်မှာဖြစ်တာ၊ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့ Honda Airwave ကားက အခု အခင်းဖြစ်နေရာ အရောက်မှာ ကားမောင်းတဲ့သူတွေ အိပ်ငိုက်သွားပြီး လမ်းလယ်ကျွန်းက ကာရံထားတဲ့ ဘယ်ရီယာတုံးကို ဝင်တိုက်တိမ်းမှောက်သွားတာ၊ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားတယ်၊ တဦးလည်းထိခိုက် ဒဏ်ရာတွေရရှိသွားတယ်။”လို့ မီးသတ်တာဝန်ရှိသူတဦးက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေမှာ ကားမောင်းသူ အမျိုးသား(၁) ယောက်နဲ့ ကားပေါ်ပါလာတဲ့သူအမျိုးသမီး (၁)ယောက်တို့ဖြစ်ပြီး ကားပေါ်ပါလာတဲ့ နောက်ထပ် အမျိုးသမီး(၁)ယောက်ကလည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတဲ့အပြင် ကားကလည်း လုံးဝမီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ အဲ့ဒီ ကားတိမ်းမှောက်မှုကို ပြင်စည်အမြန်လမ်းမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ပြင်စည်အမြန်လမ်းရဲစခန်းကတပ်ဖွဲ့ဝင်တွေ၊…

Read More

မဲကနယ်ကွက်သစ်က စစ်ရှောင် ၁၃၀၀ ကျော် ရိက္ခာနဲ့အဝတ်အစားတွေ လိုအပ်နေ

ဧပြီ ၁၁-၂၀၂၃ MM(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီကုန်သွယ်ရေးဇုန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မဲကနယ်ကွက်သစ်က စစ်ဘေးရှောင် ၁၃၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့အဝတ်အစားတွေ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီ စစ်ရှောင် ၁၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ မတ် ၂၅ ရက်က မြဝတီကုန်သွယ်ရေးဇုန်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြဝတီမြို့နယ်အတွင်းရှိ မဲကနယ် (မင်္ဂလာရွာဦးကျောင်း)အပါအဝင် ချမ်းမြေ့ကျောင်း၊ ရှမ်းကျောင်းနဲ့ဖားချောင်း(အောင်မေတ္တာတောရကျောင်း)တို့မှာဖွင့်လှစ်ပေးထားတဲ့ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိမ်းရှောင်နေသူတွေဟာ ကုန်သွယ်ရေးဇုန်ရဲ့ အနောက်ဘက်က မဲကနယ်ကွက်သစ်က ပြည်သူတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ”အခု စစ်ရှောင်တွေက လက်နက်ကြီးကျရောက်တာ၊ မီးရှို့ဖျက်ဆီးခံရတာကြောင့် တမြို့လုံးနီးပါး စစ်ရှောင်နေရသူတွေပါ၊ ကုန်သွယ်ရေးဇုန်ရဲ့နေရာက ဒေသခံတွေအများဆုံးပဲ၊စစ်ရှောင်တွေအတွက် လိုအပ်ချက်ကတော့ မနည်း ရှိနေတယ်၊လောလောဆယ်တော့ စားနပ်ရိက္ခာနဲ့အဝတ်အထည်တွေ အဓိကလိုအပ်နေတာ၊အရင်က အလှူရှင်နည်းနည်းပါးပါးရှိပါတယ်၊အခုလုံးဝမရှိသလောက်ဖြစ်လာတယ်၊ရှောင်ရတဲ့ရက် ရှည်လာတော့ အလှူရှင်လည်းမရှိဖြစ် တာပေါ့။”လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့…

Read More

ထိုင်ဝမ်အနီး တရုတ်ကစစ်ရေးလေ့ကျင့်မှုအပြီး အမေရိကန်နဲ့ဖိလစ်ပိုင် အကြီးစားစစ်ရေးလေ့ကျင့်နေ

မနီလာ၊ ဧပြီ ၁၁-၂၀၂၃ မျိုးဆက်(VOM) ထိုင်ဝမ်ကျွန်းတဝိုက်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုကို တရုတ်က အဆုံးသတ်ပြီး နောက်တနေ့မှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ဟာ သူတို့ရဲ့ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်နေပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံမှုကို တုံ့ပြန်တဲ့အ နေဲ့ ပေကျင်းက ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ထားတဲ့ ပုံစံတူ စစ်ရေးလေ့ကျင့်မှုကို သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် မတုံ့ပြန်ဖို့ တရုတ်ကိုအမေရိကန်က တိုက်တွန်းခဲ့ပါတယ်။။ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ့် က တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ တာဝန်မဲ့တယ်လို့ တနင်္လာနေ့က ပြောပါတယ်။ လက်ရှိပြုလုပ်နေတဲ့အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို အစောပိုင်းက စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းမှာ အမေရိကန်ဟာ ဖိလစ်ပိုင်နဲ့ ကာကွယ်ရေးသဘောတူညီချက်သစ်ကို ချုပ်ဆိုပြီးနောက် သူတို့နှစ်နိုင်ငံရဲ့ Balikatan စစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံကြား အကြီးဆုံးဖြစ်ပါတယ်။ Ref:BBC #voiceofmyanmar…

Read More

နေပြည်တော် လမ်းလျှောက်သင်္ကြန် ဝင်ခွင့်အတွက် ဝင်ကြေးသတ်မှတ်ထား

ဧပြီ ၁၁-၂၀၂၃ KT(VOM) နေပြည်တော် လမ်းလျှောက်သင်္ကြန်မှာ ဝင်ခွင့်အတွက် ဝင်ကြေးသက်မှတ်ထားပြီး လူကြီး ၃၀၀၀ ကျပ်၊ကလေး ၁၀၀၀ ကျပ်နဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ လမ်းလျှောက်သင်္ကြန်မှာ ဝန်ကြီးဌာနတွေရဲ့ မဏ္ဍပ်များပါဝင်ပြီး ရေကစားခြင်း၊စတုဒိသာကျွေးမွေးခြင်းတို့လုပ်ဆောင်ကြမည်ဖြစ်ကြောင်း၊ နေပြည်တော် သင်္ကြန်ကို အဓိကတာဝန်ယူဆောင်ရွက်တဲ့ Brillant Aura ကုမ္ပဏီကလည်း လူငယ်သင်္ကြန်ဇုံအတွင်း ရောင်စုံသင်္ကြန်နဲ့ Game Show များ၊တိုင်းရင်းသားသင်္ကြန်ဇုံတွင် တိုင်းရင်းသားမောင်မယ်တို့၏ ရေပက်ကစားခြင်းများ၊သနပ်ခါးသင်္ကြန်ဇုံတွင် ရေပက်ကစားခြင်းများ၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ၊ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ လမ်းလျှောက်သင်္ကြန် ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နေပြည်တော်နေဝန်ထမ်းများနှင့် မိသားစုများ ဒေသခံပြည်သူများ လွတ်လပ်ပေါ့ပါးစွာပျော်ရွှင်မြူးတူးစွာ လူတိုင်းပါဝင်ဆင်နွှဲနိုင်ရေးအတွက်ရည်ရွယ်ပြီးပြုလုပ်ခြင်းဖြစ်တယ်လို့လည်း သိရသည်။ မဟာသင်္ကြန်အကြိုနေ့ ဧပြီ ၁၃ရက်ကနေ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ထိ နေ့စဥ် မနက် (၉)နာရီမှ (၁၂)…

Read More
VOM News

FREE
VIEW