အမြန်လမ်းမှာ ယာဥ်တိမ်းမှောက်ပြီး လူ(၂)ဦးသေဆုံးပြန်

ဧပြီ၊၁၂-၂၀၂၃
MM(VOM)

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၃၀၅/၁ အနီးမှာ ဧပြီ ၁၂ ရက် မနက် ၇ နာရီကျော်က
မောင်းလာတဲ့ကား တိမ်းမှောက်မှုဖြစ်ပွားပြီးလူ(၂)ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

”မိုင်တိုင်အမှတ် ၃၀၅/၁ အနီးအရောက်မှာဖြစ်တာ၊
ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းလာတဲ့
Honda Airwave ကားက အခု အခင်းဖြစ်နေရာ အရောက်မှာ ကားမောင်းတဲ့သူတွေ အိပ်ငိုက်သွားပြီး လမ်းလယ်ကျွန်းက ကာရံထားတဲ့ ဘယ်ရီယာတုံးကို ဝင်တိုက်တိမ်းမှောက်သွားတာ၊ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားတယ်၊ တဦးလည်းထိခိုက် ဒဏ်ရာတွေရရှိသွားတယ်။”လို့ မီးသတ်တာဝန်ရှိသူတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူတွေမှာ ကားမောင်းသူ အမျိုးသား(၁) ယောက်နဲ့ ကားပေါ်ပါလာတဲ့သူအမျိုးသမီး (၁)ယောက်တို့ဖြစ်ပြီး ကားပေါ်ပါလာတဲ့ နောက်ထပ် အမျိုးသမီး(၁)ယောက်ကလည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတဲ့အပြင် ကားကလည်း လုံးဝမီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ ကားတိမ်းမှောက်မှုကို ပြင်စည်အမြန်လမ်းမီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ပြင်စည်အမြန်လမ်းရဲစခန်းကတပ်ဖွဲ့ဝင်တွေ၊ ပြည်သာယာ လူငယ်လူမှုကူညီရေးအသင်းတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒ့ါအပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူနဲ့ သေဆုံးသူတွေရဲ့
ရုပ်အလောင်းတွေကို မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

လက်တလောအနေနဲ့ ရန်ကုန်-နေပြည်တော်ဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၈၉) အနီးမှာ ပြီးခဲ့တဲ့ဧပြီလ(၁၁)ရက် မနက်ပိုင်းကလည်း ယာဥ်တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်ပေါ်ပါ အမျိုးသမီး (၁)ယောက်သေဆုံးခဲ့ပြီး အမျိုးသား (၁)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၀)ရက်ကလည်း ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၂၅/၆) နဲ့ (၃၂၅/၇)ကြားမှာ မောင်းလာတဲ့ Honda Civic အမျိုးအစား ကားတစ်စီးဟာ လမ်းဘေးဘယ်ရီယာတုံးကို ဝင်ရောက်တိုက်မိပြီး မီးလောင်ကာ ကားပေါ်ပါလာတဲ့ အမျိုးသား(၃)ယောက်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ဒါ့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၂/၆)အနီးမှာ ဧပြီလ(၈)ရက် ညနေ(၃)နာရီ အချိန် လောက်က Swift အမျိုးအစား ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်ပေါ်ပါ လူ(၄)ယောက်ထဲက အမျိုးသား(၁)ယောက် ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး (၁)ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။

Photo Credit- ပြည်သာယာလူငယ်
#voiceofmyanmar #VOM #အမြန်လမ်း #ယာဥ်တိမ်းမှောက်မှု #လူနှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW