ဟုမ္မလင်းမြို့နယ် ၊ အောက်တောင်ပေါ်ကျေးရွာက ပွဲစျေးခင်း ပေါက်ကွဲမှုဖြစ်လို့ လူ ၂ ဦးသေ ၊ ၉ ဦး ဒဏ်ရာရ

ဧပြီ ၊ ၁၅ ၊ ၂၀၂၃
SP(VOM)

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ အောက်တောင်ပေါ်ကျေးရွာမှာ ပြုလုပ်တဲ့ ရိုးရာနှစ်သစ်ကူး ပွဲမှာ မနေ့ ဧပြီ ၁၄ ရက်ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၊ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ပွဲစျေးခင်းရဲ့ ဆိုင်ကယ်တွေထားတဲ့နေရာနားက ပေါက်ကွဲတာပါ ၊ ဆိုင်ကယ်ဗုံး ဖြစ်တယ် ” လို့ အောက်တောင်ပေါ်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဟုမ္မလင်းခရိုင် ၊ လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ညက ၁၀ နာရီမှာ ဖြစ်တာပါ ၊ ဆိုင်ကယ်ကို လက်လုပ်မိုင်းကပ်ပြီး ဖောက်ခွဲတာ ၊ အမျိုးသမီး ၂ ဦးသေဆုံးတယ် ၊ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦး ပေါင်း ၉ ဦး မိုင်းစထိမှန် ဒဏ်ရာရတယ် ” လို့ပြောပါတယ်။

ဧပြီ ၁၃ ရက် ညနေပိုင်းကလည်း စစ်ကိုင်းမြို့နယ် ၊ ကြွယ်ပုံကျေးရွာက ၊ ကလေးတွေရဲ့ ရေကစား မဏ္ဍပ်ပေါ်ကို ဒရုန်းနဲ့ ဗုံးကျဲချလို့ ရေကစားနေတဲ့ ကလေး ၈ ယောက်သေဆုံးပြီး ၊ ကလေး လူကြီး ၃၁ ယောက် ထိခိုက်ဒဏ်ရာ ရတာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီ ၁၁ ရက် မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ၊ မလယ်တိုက်နယ် ၊ ပဇီကြီးကျေးရွာနားကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၇၀ကျော်သေဆုံးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဟုမ္မလင်းပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW