နေပြည်တော် လမ်းလျှောက်သင်္ကြန် ဝင်ခွင့်အတွက် ဝင်ကြေးသတ်မှတ်ထား

ဧပြီ ၁၁-၂၀၂၃
KT(VOM)

နေပြည်တော် လမ်းလျှောက်သင်္ကြန်မှာ ဝင်ခွင့်အတွက် ဝင်ကြေးသက်မှတ်ထားပြီး လူကြီး ၃၀၀၀ ကျပ်၊ကလေး ၁၀၀၀ ကျပ်နဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လမ်းလျှောက်သင်္ကြန်မှာ ဝန်ကြီးဌာနတွေရဲ့ မဏ္ဍပ်များပါဝင်ပြီး ရေကစားခြင်း၊စတုဒိသာကျွေးမွေးခြင်းတို့လုပ်ဆောင်ကြမည်ဖြစ်ကြောင်း၊ နေပြည်တော် သင်္ကြန်ကို အဓိကတာဝန်ယူဆောင်ရွက်တဲ့ Brillant Aura ကုမ္ပဏီကလည်း လူငယ်သင်္ကြန်ဇုံအတွင်း ရောင်စုံသင်္ကြန်နဲ့ Game Show များ၊တိုင်းရင်းသားသင်္ကြန်ဇုံတွင် တိုင်းရင်းသားမောင်မယ်တို့၏ ရေပက်ကစားခြင်းများ၊သနပ်ခါးသင်္ကြန်ဇုံတွင် ရေပက်ကစားခြင်းများ၊ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ၊ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

လမ်းလျှောက်သင်္ကြန် ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နေပြည်တော်နေဝန်ထမ်းများနှင့် မိသားစုများ ဒေသခံပြည်သူများ လွတ်လပ်ပေါ့ပါးစွာပျော်ရွှင်မြူးတူးစွာ လူတိုင်းပါဝင်ဆင်နွှဲနိုင်ရေးအတွက်ရည်ရွယ်ပြီးပြုလုပ်ခြင်းဖြစ်တယ်လို့လည်း သိရသည်။

မဟာသင်္ကြန်အကြိုနေ့ ဧပြီ ၁၃ရက်ကနေ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ထိ နေ့စဥ် မနက် (၉)နာရီမှ (၁၂) နာရီ၊ညနေ (၃)နာရီမှ ည (၇)နာရီအထိ နေပြည်တော်မြို့တော်ခန်းမရှေ့၊ပျဥ်းမနား တောင်ညိုလမ်းမ သတ်မှတ်နေရာမှာ ကျင်းပသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #လမ်းလျှောက်သင်္ကြန် #ဝင်ကြေးသက်မှတ်ထား

Related posts

Leave a Comment

VOM News

FREE
VIEW