ထိုင်ဝမ်အနီး တရုတ်ကစစ်ရေးလေ့ကျင့်မှုအပြီး အမေရိကန်နဲ့ဖိလစ်ပိုင် အကြီးစားစစ်ရေးလေ့ကျင့်နေ

မနီလာ၊ ဧပြီ ၁၁-၂၀၂၃
မျိုးဆက်(VOM)

ထိုင်ဝမ်ကျွန်းတဝိုက်မှာ အကြီးစားစစ်ရေးလေ့ကျင့်မှုကို တရုတ်က အဆုံးသတ်ပြီး နောက်တနေ့မှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ဟာ သူတို့ရဲ့ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်နေပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံမှုကို တုံ့ပြန်တဲ့အ နေဲ့ ပေကျင်းက ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့ထားတဲ့ ပုံစံတူ စစ်ရေးလေ့ကျင့်မှုကို သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုတွေ့ဆုံခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် မတုံ့ပြန်ဖို့ တရုတ်ကိုအမေရိကန်က တိုက်တွန်းခဲ့ပါတယ်။။ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ့် က တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ တာဝန်မဲ့တယ်လို့ တနင်္လာနေ့က ပြောပါတယ်။

လက်ရှိပြုလုပ်နေတဲ့အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို အစောပိုင်းက စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းမှာ အမေရိကန်ဟာ ဖိလစ်ပိုင်နဲ့ ကာကွယ်ရေးသဘောတူညီချက်သစ်ကို ချုပ်ဆိုပြီးနောက် သူတို့နှစ်နိုင်ငံရဲ့ Balikatan စစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံကြား အကြီးဆုံးဖြစ်ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW