အလုံ EPC ထရမ်စဖာ ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့

ဧပြီ ၈ – ၂၀၂၃ GG(VOM) ရန်ကုန် ၊ အလုံမြို့နယ် ၊စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်းက အလုံဓာတ်အားခွဲရုံမှာ မီးလောင်မှုဟာ ဒီနေ့ ည ၇ နာရီ ၁၈ မိနစ်အချိန်က မီးငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၈ ရက်နေ့ညနေ ၆ နာရီ၃၅ မိနစ်အချိန် အလုံဓာတ်အားခွဲရုံထဲက ထရမ်စဖာ (Transformer)ပေါက်ကွဲမှု​ကြောင့် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုပြင်းထန်တာကြောင့် Level ၃ အဆင့်နဲ့ငြိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်မှုကို မိနစ် ၅၀ နီးပါးကြာအောင် ငြိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။ ” ပေါက်တဲ့အသံကြားလို့ထွက်ကူတာ ၊ လောင်တာက ထရန်စဖော်မာတလုံးလောင်တာ၊အဲ့ဒီအထဲကကျတဲ့ဆီတွေက မြောင်းထဲကနေ ရေကန်ဘက်ကူးလောင်တာပါ၊ ဆီတွေက ရေမြောင်းထဲစီးတော့ မြောင်းထဲအမှိုက်တွေကရှိတော့ အဲ့ဒါတွေကူးလောင်လို့ အချိန်ကကြာသွားတာပါ၊ မီးသတ်ကဦးလို့ မီးနိုင်သွားပါတယ်။ကျန်တာအထွေအထူးတော့မရှိပါဘူး။ “လို့ မီးလောင်ပြင်ကိုသွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တဦးကပြောပြပါတယ်။ အဲ့ဒီမီးလောင်ခဲ့တဲ့ ထရန်စဖော်မာထဲမှာ ဆီဂါလံ…

Read More

နိုင်ဂျီးရီးယားမှာ သေနတ်သမားရဲ့ ပစ်ခတ်မှု ရွာသား ၅၀ ကျော်သေဆုံး

အဘူဂျာ၊ ဧပြီ-၈-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျီးရီးယားမှာ သေနတ်သမားတွေက ကျေးလက်ရှိရွာတရွာကို ၀င်ရောက်စီးနှင်းပြီး ဒေသခံတွေကို ပစ်ခတ်မှုကြောင့် လူဒါဇင်များစွာ သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ဧပြီ ၇ ရက်မှာပြောပါတယ်။ ဘန်နူပြည်နယ် ယူမိုဂျီဒီရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူ ၅၁ ဦးသေဆုံးခဲ့ပြီး အလောင်းတွေကို ဧပြီ ၇ ရက်မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ တိုက်ခိုက်မှုကြောင့် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။ ဒါပေမယ့် ဒီလိုပဋိပက္ခတွေမှာ မွေးမြူရေးသမားတွေနဲ့ အခြေချနေထိုင်တဲ့ လယ်သမားတွေအကြား မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပါတယ်။ တိရိစ္ဆာန်တွေဟာ သီးနှံတွေကို ဖျက်ဆီးတယ်လို့ လယ်သမားတွေက စွပ်စွဲပြီး မွေးမြူရေးသမားတွေကတော့ သူတို့ရဲ့တိရိစ္ဆာန်တွေကို လယ်သမားတွေက တိုက်ခိုက်မှုတွေလုပ်တယ်လို့ စွပ်စွဲလေ့ရှိပါတယ်။ အဲဒီဒေသမှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေဖြန့်ကြက်ထားပေမယ့်လည်း အလားတူပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ခြင်းမရှိပါဘူး။ Ref: BBC #voiceofmyanmar #VOM #နိုင်ဂျီးရီးယား

Read More

ထိုင်၀မ်ကျွန်းအနီး တရုတ်စစ်တပ်က သုံးရက်ကြာစစ်ရေးလေ့ကျင့်မှု စတင်နေ

ပေကျင်း၊ ဧပြီ-၈-၂၀၂၃ မျိုးဆက်(VOM) ထိုင်၀မ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မက်ကာသီတို့ တွေ့ဆုံမှုအပေါ် တုံ့ပြန်သည့်အနေနဲ့ တရုတ်စစ်တပ်ဟာ ထိုင်၀မ်ကျွန်းအနီး သုံးရက်ကြာစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၇ ရက်မှာ စတင်လိုက်ပါတယ်။ လော့စ်အိန်ဂျလိစ်မှာ အမေရိကန်အောက်လွှတ်တော် အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မက်ကာသနဲ့ တွေ့ဆုံမှုအပေါ် တရုတ်နိုင်ငံက ရှုတ်ချပြောဆိုထားပြီး သမ္မတဆိုင်အင်း၀မ် အမေရိကန်မှထိုင်၀မ်ပြန်လာပြီးနောက် တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှု စတင်နေခြင်းဖြစ်ပါတယ်။ ထိုင်၀မ်ရေလက်ကြားနဲ့ ထိုင်၀မ်ကျွန်းရဲ့ တောင်၊ မြောက်၊ အရှေ့ဘက်တို့မှာ စီစဉ်ထားတဲ့အတိုင်း စစ်ရေးလေ့ကျင့်မှုတွေစတင်နေကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်လွတ်လပ်ရေးအတွက် ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှုအတွက် လေးလေးနက်နက်သတိပေးချက်ဖြစ်ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုမှာ တရုတ်တိုက်လေယာဉ် ၄၀ ကျော်ဟာ ရေလက်ကြားအလယ်မျဉ်းကို ခေတ္တဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနဟာ အခြေအနေကို သတိအနေအထားနဲ့စောင့်ကြည့်နေပြီး ကျွန်းရဲ့လုံခြုံရေးအတွက် သင့်တော်သလို တုံ့ပြန်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး…

Read More

ဟုမ္မလင်းမြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၉ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်

ဧပြီ ၈ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် အထွေထွေ သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန် ဆိုသူ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉ ဦးကို ဟုမ္မလင်းအထူးတရားရုံးကနေ မနေ့ ဧပြီ ၇ ရက်က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ကိုကျော်ဝင်းစိန်ကို ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၁နှစ် နဲ့ ၆လ ၊ အကြမ်းဖက်မှုဆိုင်ရာတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ည(က) နဲ့ ထောင်ဒဏ် ၁၀နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နဲ့ ၆ လ ချမှတ်ခံရတယ် ၊ နောက်ပြီး ကိုစိုင်းဝေယံကို ထောင်ဒဏ် ၁၃နှစ်၊ အမေ့အိမ်စာသင်ကျောင်းမှ ကိုသက်ထွန်းဦးကို ထောင်ဒဏ်…

Read More

မြောက်ဦးမှာ ရွှေဆိုင်တဆိုင် လုယက်ခံရပြီး ရွှေထည် ပစ္စည်းအစုံ ၂၀ ကျပ်သားကျော် ပါသွား

ဧပြီ ၈-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်က ရွှေဆိုင်တဆိုင်မှာ မနေ့ ဧပြီ ၇ ရက်က ရွှေဝယ်ဟန်ဆောင်ကာ လုယက်ခံရပြီး ရွှေထည်ပစ္စည်းအစုံ ၂၀ ကျပ်သားကျော် ပါသွားတယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ အမျိုးသား(၁)ယောက်က မြောက်ဦးမြို့၊ တောင်ရပ်(၅)လမ်းမှာ ဖွင့်ထားတဲ့“ဦးစိန်ရွှေဌေးနဲ့ဒေါ်မသိန်းတင်” ရွှေဆိုင်ကိုရောက်လာပြီး ရွှေဝယ်ဟန်ဆောင်ကာ ဆိုင်ထဲမှာပြသထားတဲ့ ရွှေထည်ပစ္စည်းတွေကို ကြည့်နေရင်း ရွှေဆိုင်ပိုင်ရှင်က ရေသောက်ဖို့တဖက်လှည့်နေတဲ့အချိန် လုယက်ထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီ လုယက်ခံရမှုကြောင့် ရွှေဆိုင်အတွင်းပြသထားတဲ့ ရွှေခြေချင်း(၂)ရံ(လေးကွင်း)၊ ဒင်္ဂါးပြားများပါရွှေဆွဲကြိုး (၁)ကုံး စုစုပေါင်း ရွှေ ကျပ်သား(၂၀)ကျော်ပါသွားတယ်လို့ သိရပါတယ်။ ”မနေ့ နေ့ခင်းဘက်ကဖြစ်တာ၊ ရွှေဝယ်ဖို့လာတဲ့ အမျိုးသားတဦးက လုယက်တာ၊ သူကရွှေဝယ်ဟန် ဆောင်ပြီး လုယက်သွားတာ၊ လုယက်သူကအမျိုးသားပါ၊ ရွှေဆိုင်မှာရောင်းချဖို့ ပြသထားတဲ့ရွှေထည်ပစ္စည်း အစုံ ၂၀ ကျပ်သားကျော်ပါသွားတာ။”လို့ တာဝန်ရှိ ရပ်မိရပ်ဖတဦးကပြောပါတယ်။ လုယက်သွားသူအမျိုးသားဟာ တဦးတည်းလာတာဖြစ်ပြီး ရွှေဆိုင်အနီးမှာ အသင့်ရပ်ထားတဲ့ ဆိုင်ကယ်နဲ့…

Read More

ကြံဈေးကောင်းပေမယ့် တွက်ခြေမကိုက်တဲ့ တောင်သူတွေ

ဧပြီ ၈ – ၂၀၂၃ SN (VOM) လက်ရှိ ပြည်တွင်းမှာ ကြံဈေးကောင်းနေပြီး အခု ၂၀၂၃-၂၀၂၄ ကြံရာသီအတွက် ပြည်တွင်းသကြားစက်တွေက ကြံတတန်ကို ကျပ် တသိန်းအထိ တိုးမြှင့်ပေးဝယ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အခု ဘဏ္ဍာနှစ်အတွင်း ကြံဈေး ပိုမိုမြင့်တက်နိုင်ပြီး ပြည်တွင်းသကြားစက်တွေဖြစ်တဲ့ ငွေရည်ပုလဲသကြားစက်၊ မိုင်းရယ်သကြားစက်တို့က ကြံတတန်ကို ကျပ် ၉၅၀၀၀၊ ဝေမာသကြားစက်က ကျပ် ၉၄၀၀၀၊ မြဘုရင်သကြားစက်က ကျပ် တသိန်းအထိ ဈေးပေးဝယ်ယူမှာဖြစ်ကာ အခြား သကြားစက်တွေကလည်း ဈေးတိုးမြှင့် ဝယ်ယူမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ စတဲ့ သွင်းအားစုစရိတ် ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အခုရရှိတဲ့ ကြံတတန်ဈေးနှုန်းဟာ တောင်သူတွေအတွက် အဆင်ပြေ တွက်ခြေကိုက်နိုင်ဖို့ အလှမ်းဝေးနေသေးတဲ့ အနေအထားတခုဖြစ်တယ်လို့ သိရပါတယ်။ ကြံစိုက်ခင်းတွေမှာ…

Read More

သင်္ကြန်ကာလအတွင်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်ပြေး ဆွဲနေတဲ့ ခရီးသည်တင်ရေယာဉ်တွေ ရပ်နားမယ်

ဧပြီ ၇-၂၀၂၃ MM[VOM] ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်းဘက်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ရေယာဉ်တွေ အားလုံးနီးပါး သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ရပ်နားသွားမယ်လို့ သိရပါတယ်။ ”ဟုတ်ပါတယ် ၊ရန်ကုန်ကနေ ဧရာဝတီတိုင်းဘက်ကို ပြေးဆွဲနေတဲ့ရေယာဉ်အားလုံး သင်္ကြန်ရုံးပိတ်ရက်နားမှာပါ ၊ သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်ကနေ စတင်ရပ်နားမယ်၊ ဧပြီလ ၁၈ ရက်နေ့ကျရင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမှာပါ။”လို့ ရန်ကုန်- ဧရာတီတိုင်း ရေယာဉ်များပြေးဆွဲရေးတာဝန်ရှိသူတဦးကပြောပါတယ်။ အခုလို သင်္ကြန်ကာလအတွင်း ရေယာဉ်တွေ ပြေးဆွဲမှု ရပ်နားတဲ့အတွက် သင်္ကြန်ကာလ ကုန်စည်သယ်ယူမှုနဲ့ အခြားခရီးသွားလုပ်ငန်းတွေ၊ရေလမ်းကြောင်းကို အဓိက အသုံးပြုသွားလာနေရသူတွေ၊အခက်အခဲဖြစ်ပေါ်လာနိုင်ပြီး လုံးဝရပ်နားတာမလုပ်ဘဲ လျှော့ချပြေးဆွဲတာမျိုးပဲ လုပ်သင့်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ ”သင်္ကြန်ကာလ လုံးဝရပ်နားမယ့်အစား လျော့ချပြေးဆွဲစေချင်တာ၊ ဘာလို့လဲဆိုတော့ တချို့ခရီသွားတွေက ရေယာဉ်ကိုပဲ အားထားသွားနေတာလေ၊တခြားသူတွေတော့ မသိဘူး၊ ကျွန်မတို့ ကုန်သည်တွေအတွက်တော့ ရေယာဉ်တွေက မရှိမဖြစ်ဘဲ၊ကုန်သည်တွေက နားရက်ဆိုတာမရှိဘူးလေ၊ လုပ်နေရတာပဲ၊…

Read More

လူ ၁၀ ယောက်လိုက်ပါသွားတဲ့ ဂျပန်စစ်ရဟတ်ယာဉ် ပင်လယ်ထဲပျက်ကျ

တိုကျို၊ ဧပြီ-၇-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ လူ ၁၀ ယောက်လိုက်ပါသွားတဲ့ စစ်ရဟတ်ယာဉ်တစ်စင်းဟာ အိုကီနာဝါစီရင်စုရှိ ပင်လယ်ပြင်မှာ ပျက်ကျခဲ့ကြောင်း ဂျပန်တာ၀န်ရှိသူတွေက ဧပြီ ၇ ရက်မှာ ပြောပါတယ်။ ရဟတ်ယာဉ်အစိတ်အပိုင်းတွေဖြစ်နိုင်တဲ့ မျောပါနေတဲ့ အစိတ်အပိုင်းတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ရဟတ်ယာဉ်ဟာ မတော်တဆမှုကြောင့် ပျက်ကျသွားခဲ့တာလို့ယုံကြည်ကြောင်း ဂျပန်စစ်တပ်မှ ဗိုလ်ချုပ်ကြီး ယာဆူနိုရီမိုရီရှီတာက တိုကျိုမှာ သတင်ထောက်တွေကိုပြောပါတယ်။ ဘလက်ဟော့ခ်လို့ လူသိများတဲ့ ယူအိတ်ခ်ျ ၆၀ ရဟတ်ယာဉ်ဟာ မီယာကိုကျွန်းအနီးမှာ ရေဒါပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ အင်ဂျင်နှစ်လုံးတပ် ရဟတ်ယာဉ်ဟာ ဧပြီ ၆ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၅၅ မိနစ်မှာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ အဲဒီနောက် ကင်းလှည့်သင်္ဘောတွေဟာ ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်ရဲ့ အစိတ်အပိုင်းတွေနဲ့ ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။ လက်ရှိမှာတော့…

Read More

ရေနံချောင်းက ကျောင်းဆရာမ ၁ ဦး နေအိမ်မှာ ဒဏ်ရာတွေနဲ့သေဆုံးနေပြီး ၊ ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၆၀၀နီးပါး ပျောက်ဆုံးနေ

ဧပြီ ၊ ၇ ၊ ၂၀၂၃ SP(VOM) မကွေးတိုင်း ၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ဂျုပ်ပင်ကျေးရွာမှာနေတဲ့ မူလတန်းပြ ကျောင်းဆရာမ ၁ ဦးဟာ မနေ့ ဧပြီ ၆ရက် ည၉နာရီခန့်က နေအိမ်ထဲမှာ ဒဏ်ရာတွေနဲ့သေဆုံးနေပြီး ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးသွားတာ ဖြစ်ပွားခဲ့တယ်လို့ ရေနံချောင်း ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” သေဆုံးသူ ကျောင်းဆရာမဟာ ဂျုပ်ပင်ကျေးရွာ အမက ၃၄ က ၊ မူလတန်းပြဆရာမ ဒေါ်နုနုသီ ၅၆ နှစ်ဖြစ်တယ် ၊ သူက နေအိမ်မှာ တယောက်တည်းရှိနေတဲ့အချိန် အိပ်ခန်းထဲမှာ သေဆုံးနေတာ ဖြစ်ပြီး ၊ သူ့ရဲ့ရွှေထည်ပစ္စည်းတွေ ပျောက်ဆုံးနေတာ ” လို့ ပညာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရေနံချောင်းမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ”…

Read More

ရွေးကောက်ပွဲမှာ ပါတီရှုံးနိမ့်မှုကြောင့် ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင် နှုတ်ထွက်စာတင်

ဟယ်လ်ဆင်ကီ၊ ဧပြီ-၇-၂၀၂၃ မျိုးဆက်(VOM) ဖင်လန်၀န်ကြီးချုပ် ဆန်နာမာရင်ဟာ အထွေထွေရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီရှုံးနိမ့်ပြီးနောက် ဧပြီ ၆ ရက်မှာ သမ္မတထံ နှုတ်ထွက်စာတင်လိုက်ပါတယ်။ မာရင်ရဲ့ ဆိုရှယ်ဒီမိုရက်တစ်ပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၃ နေရာနဲ့ တတိယနေရာသာရပ်တည်နိုင်ခဲ့ပြီး လက်ယာယိမ်းအမျိုးသားညွှန့်ပေါင်းပါတီကတော့ ၄၈ နေရာနဲ့ ထိပ်ဆုံးမှာရပ်တည်နေကာ လက်ယာယိမ်းဖင်လန်ပါတီကတော့ ၄၆ နေရာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ သူ့ရဲ့နှုတ်ထွက်စာကို သမ္မတက လက်ခံခဲ့ကြောင်း ၀န်ကြီးချုပ်ရုံးက ဧပြီ ၇ ရက်မှာ ပြောပါတယ်။ သူဟာ၀န်ကြီးချုပ်သစ်မရွေးချယ်မီထိ အစိုးရအဖွဲ့ကိုတာ၀န်ယူသွားမှာဖြစ်ပါတယ်။ အစိုးရသစ်ဖွဲ့စည်းရေးအတွက် အမျိုးသားညွှန့်ပေါင်းပါတီနဲ့ အခြားပါတီတွေအကြား ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်မှာ ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဆန်နာမာရင်ဟာ အသက်အငယ်ဆုံး၀န်ကြီးချုပ်တဦးလည်းဖြစ်ပါတယ်။ သူ့အစိုးရလက်ထက်မှာ ဖင်လန်နိုင်ငံဟာ နေတိုးအဖွဲ့ထဲ ၀င်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့လက်ထက်မှာ အစိုးရရဲ့ လူမှုဖူလုံရေးစရိတ်တွေတိုးလာခြင်းကြောင့် နိုင်ငံကြွေးမြီတွေ မြင့်တက်လာတယ်လို့ ဝေဖန်မှုများလည်းရှိခဲ့ပါတယ်။…

Read More
VOM News

FREE
VIEW