နိုင်ဂျီးရီးယားမှာ သေနတ်သမားရဲ့ ပစ်ခတ်မှု ရွာသား ၅၀ ကျော်သေဆုံး

အဘူဂျာ၊ ဧပြီ-၈-၂၀၂၃
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားမှာ သေနတ်သမားတွေက ကျေးလက်ရှိရွာတရွာကို ၀င်ရောက်စီးနှင်းပြီး ဒေသခံတွေကို ပစ်ခတ်မှုကြောင့် လူဒါဇင်များစွာ သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ဧပြီ ၇ ရက်မှာပြောပါတယ်။

ဘန်နူပြည်နယ် ယူမိုဂျီဒီရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူ ၅၁ ဦးသေဆုံးခဲ့ပြီး အလောင်းတွေကို ဧပြီ ၇ ရက်မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

တိုက်ခိုက်မှုကြောင့် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။

ဒါပေမယ့် ဒီလိုပဋိပက္ခတွေမှာ မွေးမြူရေးသမားတွေနဲ့ အခြေချနေထိုင်တဲ့ လယ်သမားတွေအကြား မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပါတယ်။

တိရိစ္ဆာန်တွေဟာ သီးနှံတွေကို ဖျက်ဆီးတယ်လို့ လယ်သမားတွေက စွပ်စွဲပြီး မွေးမြူရေးသမားတွေကတော့ သူတို့ရဲ့တိရိစ္ဆာန်တွေကို လယ်သမားတွေက တိုက်ခိုက်မှုတွေလုပ်တယ်လို့ စွပ်စွဲလေ့ရှိပါတယ်။

အဲဒီဒေသမှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေဖြန့်ကြက်ထားပေမယ့်လည်း အလားတူပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ခြင်းမရှိပါဘူး။

Ref: BBC

#voiceofmyanmar #VOM #နိုင်ဂျီးရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW