ထိုင်၀မ်ကျွန်းအနီး တရုတ်စစ်တပ်က သုံးရက်ကြာစစ်ရေးလေ့ကျင့်မှု စတင်နေ

ပေကျင်း၊ ဧပြီ-၈-၂၀၂၃
မျိုးဆက်(VOM)

ထိုင်၀မ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မက်ကာသီတို့ တွေ့ဆုံမှုအပေါ် တုံ့ပြန်သည့်အနေနဲ့ တရုတ်စစ်တပ်ဟာ ထိုင်၀မ်ကျွန်းအနီး သုံးရက်ကြာစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၇ ရက်မှာ စတင်လိုက်ပါတယ်။

လော့စ်အိန်ဂျလိစ်မှာ အမေရိကန်အောက်လွှတ်တော် အောက်လွှတ်တော်ဥက္ကဌ ကယ်ဗင်မက်ကာသနဲ့ တွေ့ဆုံမှုအပေါ် တရုတ်နိုင်ငံက ရှုတ်ချပြောဆိုထားပြီး သမ္မတဆိုင်အင်း၀မ် အမေရိကန်မှထိုင်၀မ်ပြန်လာပြီးနောက် တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှု စတင်နေခြင်းဖြစ်ပါတယ်။

ထိုင်၀မ်ရေလက်ကြားနဲ့ ထိုင်၀မ်ကျွန်းရဲ့ တောင်၊ မြောက်၊ အရှေ့ဘက်တို့မှာ စီစဉ်ထားတဲ့အတိုင်း စစ်ရေးလေ့ကျင့်မှုတွေစတင်နေကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်၀မ်လွတ်လပ်ရေးအတွက် ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှုအတွက် လေးလေးနက်နက်သတိပေးချက်ဖြစ်ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်မှုမှာ တရုတ်တိုက်လေယာဉ် ၄၀ ကျော်ဟာ ရေလက်ကြားအလယ်မျဉ်းကို ခေတ္တဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။ ထိုင်၀မ်ကာကွယ်ရေး၀န်ကြီးဌာနဟာ အခြေအနေကို သတိအနေအထားနဲ့စောင့်ကြည့်နေပြီး ကျွန်းရဲ့လုံခြုံရေးအတွက် သင့်တော်သလို တုံ့ပြန်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါကစစ်အင်အားသုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: CNA
#voiceofmyanmar #VOM #ထိုင်ဝမ်ကျွန်း #အမေရိကန်#တရုတ်စစ်ရေးလေ့ကျင့်

Related posts

Leave a Comment

VOM News

FREE
VIEW