ဘန်ကောက်၊ မေ-၁၀-၂၀၂၃ မျိုးဆက်(VOM) ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ၀ပ်ဟာ နှစ်ပေါင်းများစွာ ပြည်ပမှာ တိမ်းရှောင်နေပြီးနောက် ထိုင်းနိုင်ငံကိုပြန်လာဖို့ စီစဉ်နေကြောင်း မေ ၉ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထိုင်းကိုပြန်လည်မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် မိသားစုနဲ့ကွဲကွာနေတာ ၁၇ နှစ်ရှိပြီဖြစ်ကာ ဇူလိုင်လမှာ ထိုင်းကိုပြန်လာမယ်လို့ သူ့ရဲ့တွစ်တာ စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ သက်ဆင်ကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းကာ ဖြုတ်ချခဲ့ပြီး အာဏာအလွဲသုံးစားမှုနံ့ တရားစွဲဆိုခံရခြင်းမှရှောင်ရှားဖို့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ အတိုက်အခံဖြူထိုင်းပါတီမှ သမီးဖြစ်သူ ပက်တုန်တန်ရှင်နာ၀ပ်ဟာ သားတဦးမွေးဖွားထားပြီး မြေးတွေကို ပြုစုစောင့်ရှောက်လိုကြောင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်က ထုတ်ဖော်ပြောဆိုပါတယ်။ အသက် ၇၃ နှစ်အရွယ် ၀န်ကြီးချုပ်ဟောင်းသက်ဆင်ဟာ လက်ရှိချိန်ထိ နိုင်ငံရေးသြဇာရှိနေဆဲဖြစ်ပြီး အတိုက်အခံဖြူထိုင်းပါတီရဲ့ ၀န်ကြီးချုပ်လောင်းဖြစ်သူ သူ့ရဲ့သမီးဟာ လူထုထောက်ခံမှုနှုန်း ၄၀ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းတွေက ဖော်ပြထားပါတယ်။ Ref: NHK #voiceofmyanmar #VOM…
Read MoreDay: May 10, 2023
ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ် ထိုင်၀မ်သွားဖို့ စီစဉ်နေ
လန်ဒန်၊ မေ-၁၀-၂၀၂၃ မျိုးဆက်(VOM) ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ်ဟာ လာမယ့် သီတင်းပတ်တထိုင်၀မ်ကို သွားရောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ သူဟာ မေ ၁၆ ရက်ကနေ ၂၀ ရက်အထိ ထိုင်၀မ်ခရီးစဉ်အတွင်း ထိုင်၀မ်တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ်နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ထိုင်၀မ်ဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် မီးရှူးတန်ဆောင်ဖြစ်ပြီး တရုတ်အစိုးရရဲ့ ရန်လိုတဲ့အပြုအမှုတွေ တိုးပွားလာချိန်မှာ ထိုင်၀မ်ပြည်သူတွေနဲ့တသားတည်းရပ်တည်ကြောင်း ပြသဖို့မျှော်လင့်ကြောင်း လစ်ဇ်ထရပ်စ်က ပြောပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်မှာ မာဂရက်သက်ချာနောက်ပိုင်း ထိုင်၀မ်ကို ပထမဆုံးလာရောက်မယ့် ဗြိတိန်၀န်ကြီးချုပ်ဟောင်းဖြစ်ပါတယ်။ သူ့ရဲ့ထိုင်၀မ်ခရီးစဉ်ဟာ ဗြိတိန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေဖြစ်စေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။ တရုတ်နိုင်ငံအပေါ် သဘောထားတင်းမာတဲ့ ရပ်တည်ချက်ရှိတယ်လို့ လူသိများတဲ့ လစ်ဇ်ထရပ်စ်ဟာ လွန်ခဲ့တဲ့အောက်တိုဘာလအတွင်းက ရာထူးကနေ နှုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်ခဲ့ကာ တရုတ်အပေါ်တင်းမာတဲ့ရပ်တည်ချက်တွေထားရှိဖို့ တောင်းဆိုခဲ့ပါတယ်။…
Read Moreဧရာဝတီတိုင်းမှာ ဒေသခံ (၂)သောင်းနီးပါး မြို့ပေါ်တက်ပြီး မုန်တိုင်းရှောင်၊ စားနပ်ရိက္ခာအကူအညီလိုအပ်နေ
မေ၊၁၀-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းခြေဒေသတွေမှာနေထိုင်တဲ့ ဒေသခံ(၂)သောင်းနီးပါးဟာ မေလ ၈ ရက်နဲ့ ၉ ရက်ကစတင်ပြီး မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြို့ပေါ်ကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်လာမယ့် ဆိုင်ကလုန်း မုန်တိုင်းဟာ ဧရာဝတီတိုင်းကို သက်ရောက်နိုင်တဲ့အတွက် အန္တရာယ်ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ ဧရာဝတီတိုင်းထဲက လပွတ္တာ ၊ ပြင်စလူ ၊ ဟိုင်ကြီးကျွန်း၊ ငပုတော ၊ ဘိုကလေး ၊ ဖျာပုံ ၊ ဒေးဒရဲ ၊ ကျိုက်လတ်၊ ဝါးခယ်မ ၊ ငွေဆောင် ၊ ချောင်းသာ ၊ မော်လမြိုင်ကျွန်း၊ ရွှေသောင်ယံ ၊မြောင်းမြ စတဲ့မြို့တွေနဲ့ မြို့နယ်တွေက ဒေသခံ(၂)သောင်းနီးပါးဟာ မြို့ပေါ်က ဘုန်းတော်ကြီးကျာင်း၊စာသင်ကျောင်း စတဲ့နေရာတွေမှာ မုန်တိုင်း ကြိုတင်ရှောင်တိမ်းဖို့ ရောက်နေကြတာလို့ သိရပါတယ်။ အဲ့ဒီ မုန်တိုင်းရှောင် ဒေသခံတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ်…
Read Moreဖောင်းကြွနံပါတ်ပြား မလဲရသေးတဲ့ယာဥ်တွေကို စတင်အရေးယူနေပြီး ဒဏ်ကြေးထက် ပိုမိုကောက်ခံမှုတွေလည်းရှိနေ
မေ ၁၀ – ၂၀၂၃ SN (VOM) လက်ရှိမှာ ဖောင်းကြွနံပါတ်ပြား အသစ်မလဲရသေးတဲ့ ကားတွေကို စတင် အရေးယူနေပြီး သတ်မှတ်ဒဏ်ကြေးထက် ပိုမိုကောက်ခံတာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ရှိ အငှားယာဥ်မောင်းတွေက ပြောပါတယ်။ ဖောင်းကြွနံပါတ်ပြားတွေကို ဧပြီလကုန် နောက်ဆုံးထားပြီး ပြောင်းလဲတပ်ဆင်ဖို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)က ကြေညာချက်ထုတ်ပြန်ထားပြီး မေ ၁၅ ရက်အထိ ပြောင်းလဲတပ်ဆင်ခြင်း မရှိတာကို စစ်ဆေးတွေ့ရှိရင် ဒဏ်ငွေ ၅၀၀၀ ကျပ် ပေးဆောင်ရမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ အဲ့ဒီ့ သတ်မှတ်ရက်ကျော်လို့မှ ဖောင်းကြွနံပါတ်ပြား မပြောင်းရသေးရင်တော့ ယာဥ်ရဲ့ ဝှီးတက်ကိုပါ သိမ်းယူမှာဖြစ်တယ်လို့ ကညနက အသိပေးထားပေမယ့် လက်တွေ့ မြေပြင်မှာတော့ သတ်မှတ် ဒဏ်ကြေးထက် ပိုမိုပေးဆောင်နေရတယ်လို့ သိရပါတယ်။ “ယာဉ်လိုင်စင်သက်တမ်း ကျန်သေးတဲ့ ကားအများစုက သက်တမ်းတိုးမှ နံပါတ်ပြားလဲမယ်ဆိုပြီး ရည်ရွယ်ထားကြတာပါ။ အခု သူတို့က အိမ်စီးကားတွေထက်…
Read Moreပါကစ္စတန်၀န်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရမှုကြောင့် နိုင်ငံတ၀န်း ဆန္ဒပြမှုတွေဖြစ်ပွားနေ
အစ္စလာမ္မာဘတ်၊ မေ-၁၀-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်း မေ ၉ ရက်မှာ ဖမ်းဆီးခံရပြီးနောက် သူ့ကိုထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့၀င်တွေအကြား ပြင်းထန်တဲ့ အဓိကရုဏ်းတွေဖြစ်ပွားနေပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရမှုကြောင့် နိုင်ငံတ၀န်းဆန္ဒပြမှုတွေဖြစ်ပွားနေပြီး ကွီတာမြို့မှာ လူတဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အမေရိကန်နဲ့ဗြိတိန်တို့က တရားဥပဒေကို လေးစားလိုက်နာဖို့ တိုက်တွန်းထားပါတယ်။ ၀န်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို မြို့တော်အစ္စလာမ္မာဘတ်ရှိ တရားရုံးချုပ်မှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ အဂတိလိုက်စားမှုနဲ့ အမှုရင်ဆိုင်နေရပြီး ဒါဟာနိုင်ငံရေးခြေထိုးမှုဖြစ်ကြောင်း ၀န်ကြီးချုပ်ဟောင်းက ပြောဆိုထားပါတယ်။ နိုင်ငံတ၀န်းဆန္ဒပြမှုတွေ တိုးပွားလာခြင်းကြောင့် ပါကစ္စတန်ပြည်ထဲရေး၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ အင်တာနက်၀န်ဆောင်မှုတွေကို ဆိုင်းငံ့ထားပါတယ်။ အိုင်မရာခန်းဟာ ပါလီမန်မှာအယုံအကြည်မရှိအဆိုတင်သွင်းခံရပြီးနောက် ယမန်နှစ်ဧပြီလက ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။ မစ္စတာခန်းဟာ လက်ရှိ၀န်ကြီးချုပ် ရှာရစ်ဖ်ရဲ့ ပါကစ္စတန်အစိုးရကို ကျေနပ်အားရမှုမရှိတဲ့ လူငယ်မျိုးဆက်သစ်များတွေနဲ့ ပါကစ္စတန်အခြေခံလူတန်းတွေ အကြား ရေပန်းစားဆဲဖြစ်ပါတယ်။ Ref: BBC Photo: Getty Images…
Read Moreတနေ့ထက်တနေ့ တိုးလာတဲ့အပူချိန်ကြောင့်ရုတ်တရက်လဲကျသေဆုံးသူတွေ ရှိလာသလို၊ အရေးပေါ်လူနာတွေလည်းရှိလာ
မေ ၁၀-၂၀၂၃ GG(VOM) မြန်မာနိုင်ငံမှာ တနေ့ထက်တနေ့ ပိုပြီး မြင့်တက်လာတဲ့ အပူချိန်ကြောင့် အခုရက်ပိုင်းတွေမှာ ရုတ်တရက် သေဆုံးသူတွေ ၁၀ ယောက်ထက် မနည်းရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေဟာ နေ့ဘက် ၊ ညနေစောင်းအချိန်တွေမှာ သွားလာလှုပ်ရှားရင်း အပူရှိန်ကြောင့် ရုတ်တရက်လဲကျကာ အပူတက်ပြီး သတိလစ်သေဆုံးတာ၊ ဦးနှောက်သွေးကြောပြတ်တာ၊ အခန်းတွင်း အပူများပြီး အသက်ရှူကြပ်သေဆုံးနေကြ တာဖြစ်တယ်လို့ လူမှုကူညီရေးလုပ်ဆောင်သူတွေဆီကသိရပါတယ်။ မနေ့ မေလ ၉ ရက်နေ့ကဆိုရင်လည်း ပြည်မြို့မှာ အပူချိန်မြင့်တက်နေချိန် အမျိုးသားတစ်ဦး ရုတ်တရက်လဲကျကာ နှာခေါင်းသွေးထွက် ၊ အတက်လွန် ၊သတိလစ်လို့ ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ “မနေ့က ညနေ (၅) နာရီလောက်ပေါ့၊Head Stroke အပူပြင်းမှုကြောင့် အမျိုးသားတစ်ဦး အတက်လွန်၊သတိလစ်ပြီး၊မျက်ခုံးကွဲ ၊ နှာခေါင်းသွေးလျှံလို့ ဆေးရုံပို့ခဲ့ရတယ်။အပူချိန်က တအားကိုပြင်းနေတာ နေလို့ထိုင်လို့ကို မရတဲ့အဆင့်ရောက်နေပြီ…
Read Moreဆာဘီယားမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေအပြီး တာ၀န်ရှိသူတွေ နှုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြ
ဘဲလ်ဂရိတ်၊ မေ-၉-၂၀၂၃ မျိုးဆက်(VOM) ဆာဘီးယားနိုင်ငံမှာ သီတင်းတပတ်အတွင်း အစုလိုက်အပြုံလိုက်ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် မြို့တော်ဘဲလ်ဂရိတ်နဲ့ အခြားသောမြို့ကြီးတွေမှာ အကြမ်းဖက်ပစ်ခတ်မှုတွေကို လူထောင်ပေါင်းများစွာက ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေ ၃ ရက်နဲ့ ၄ ရက်အတွင်းက ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း လူ ၁၇ ဦးသေဆုံးခဲ့ပြီး မူလတန်းကျောင်းတကျောင်းမှ ကလေးငယ်ရှစ်ဦးလည်းပါ၀င်နေပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရထိပ်တန်းတာ၀န်ရှိသူတွေကို နှုတ်ထွက်ပေးဖို့နဲ့ အကြမ်းဖက်မှုအားပေးမြှင့်တင်တဲ့ သဘောဆောင်နေတဲ့ သတင်းစာနဲ့ ရုပ်မြင်သံကြားဌာနတွေကိုလည်း ပိတ်ပစ်ဖို့တောင်းဆိုနေကြပါတယ်။ ဆာဘီးယားသမ္မတ အလက်ဆန်းဒါးဗူဆစ်က ဆန္ဒပြမှုတွေကို ရှုတ်ချလိုက်ပြီး အတိုက်အခံတွေဟာ သူတို့အကျိုးစီးပွားအတွက် ပစ်ခတ်မှုအဖြစ်ဆိုးကို အသုံးချနေတယ် သူက စွပ်စွဲပြောပါတယ်။ စာသင်ကျောင်းတွေမှာ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုကြောင့် ဆာဘီးယားပညာရေး၀န်ကြီး ဘရန်ကိုရူဇစ်ဟာ မကြာသေးမီက ရာထူးမှနှုတ်ထွက်ခဲ့ပြီး ပြည်ထဲရေး၀န်ကြီးနဲ့ ထောက်လှမ်းရေးအကြီးအကဲတို့ ရာထူးကနေ နှုတ်ထွက်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ Ref:BBC Photo:AFP #voiceofmyanmar #VOM #ဘဲလ်ဂရိတ်
Read Moreကနေဒါတောမီး အရေးပေါ်အခြေအနေကြေညာ၊ ငြှိမ်းသတ်နိုင်ဖို့ စစ်တပ်ကိုအကူအညီတောင်းထားရ
တိုရွန်တို၊ မေ-၉-၂၀၂၃ မျိူးဆက်(VOM) ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ ကနေဒါစစ်တပ်ကို ပြည်နယ်အစိုးရက အကူအညီတောင်းခံထားရပါတယ်။ မေ ၈ ရက်မွန်းလွဲပိုင်းအထိ အယ်လ်ဘာတာပြည်နယ်တ၀န်းမှာ တောမီးလောင်ကျွမ်းမှု ၉၄ ခုထိရှိနေပြီး တောမီ ၂၇ ခုဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး လူပေါင်းသုံးသောင်းနီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပါတယ်။ တောမီးလောင်ကျွမ်းမှုတွေကြောင့် ပြည်နယ်အရေးပေါ်အခြေအနေကြေညာထားရပါတယ်။ တောမီးငြှိမ်းသတ် နိုင်ရေးအတွက် ၀န်ကြီးချုပ်ဂျက်စတင်ထရူးဒေါနဲ့ တွေ့ဆုံခဲ့ပြီး စစ်တပ်အကူအညီရယူရေးအပါအ၀င် အခြားအကူအညီများတောင်းခံခဲ့ကြောင်း အယ်လ်ဘာတာပြည်နယ်၀န်ကြီးချုပ်က ပြောပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတဲ့ ဒေသခံတွေအတွက် တဦးကို ၉၃၄ ဒေါ်လာထောက်ပံ့မယ်လို့ အယ်လ်ဘာတာပြည်နယ်၀န်ကြီးချုပ် မစ္စစစ်က ပြောပါတယ်။ အယ်လ်ဘာတာပြည်နယ်ဟာ ကနေဒါနိုင်ငံရဲ့ အဓိကရေနံထုတ်လုပ်ရာဒေသဖြစ်ပြီး တောမီးလောင်ကျွမ်းမှုတွေကြောင့် ရေနံနဲ့ သဘာ၀ဓါတ်ငွေ့တွင်းတွေနဲ့ ပိုက်လိုင်းစနစ်အချို့ကို ပိတ်ထားရကြောင်း သိရပါတယ်။ Ref:BBC Photo:Reuters #voiceofmyanmar #VOM #တိုရွန်တို
Read Moreဆိုင်ကလုန်းမုန်တိုင်းရဲ့ညာဘက်ခြမ်းဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသတွေကို အန္တရာယ်သက်ရောက်နိုင်လို့ သတိထားဖို့လိုအပ်
မေ၊၉-၂၀၂၃ MM(VOM) ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်လာမယ့်မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ရခိုင်ပြည်နယ်ကို ဝင်ရောက်မှာဖြစ်ပြီး မုန်တိုင်းရဲ့ညာဘက်ခြမ်းဟာ ဧရာဝတီတိုင်းရှိ ကမ်းရိုးတန်းဒေသတွေကို မုန်တိုင်းအန္တရာယ် သက်ရောက်နိုင်လို့ သတိထားရမယ်လို့ မိုးလေသဝပညာရှင်တွေကသတိပေးထားပါတယ်။ မေ ၉ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး အဲဒီ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ကာ မေ ၁၀ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းရောက်ရှိနိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဆိုင်ကလုန်းမုန်တိုင်းဟာ ကနဦးမှာ မြောက်- အနောက်မြောက်ဘက်ကို ရွေ့လျားပြီး မေလ ၁၂ရက် မှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကို ရောက်ရှိကာ အဲ့ဒီကတဆင့် မြောက်-အရှေ့မြောက်ဘက်ကိုကွေ့ ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကိုရွေ့လျားနိုင် တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ”သေချာတာက အရှေ့မြောက်ကိုရွေ့ပြီး ရခိုင်ကမ်းရိုးတန်း တစ်နေရာကိုတော့ ဝင်နိုင်မယ့်အခြေအနေက…
Read Moreမြန်မာရွှေ့ပြောင်းလုပ်သား၊ ဒုက္ခသည်အရေးနဲ့ တိကျတဲ့မူဝါဒလိုအပ်နေတဲ့ ထိုင်းအစိုးရ
မျိုးဆက်(VOM) “ဒုက္ခသည်တွေကို ထိုင်းစီးပွားရေးလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် ပေါင်းစည်းပြောင်းလဲပေးဖို့ ကြိုးပမ်းမှုက ရှုပ်ထွေးမှုတွေရှိလာနိုင်ပေမယ့် အငြင်သာဆုံးနည်းလမ်းတရပ်ဖြစ်ပါတယ်။” ကမ္ဘာ့စီးပွားရေး ဂေဟဗေဒပြောင်းလဲလာမှုနဲ့အတူ အရှေ့တောင်အာရှဒေသတွင်းမှာ ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်ဟာ များမကြာခင်နှစ်တွေအတွင်း တဟုန်တိုးမြင့်တက်လာပါတယ်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးတက်မှု လမ်းကြောင်းပေါ်ကို တွင်လျားလျားရောက်ရှိနေပြီဖြစ်တဲ့ ထိုင်းနိုင်ငံအတွက် လုပ်သားလိုအပ်ချက်က အခြားဒေသတွင်းနိုင်ငံတွေထက် ပိုမိုမြင့်မားနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအပါအ၀င် ကမ္ဘောဒီးယား၊ လာအိုတို့က ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကနေ ဏ္ဍတစိတ်တပိုင်းအဖြစ် ပါ၀င်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့မူဝါဒမျိုး ချမှတ်မထားခြင်းက တရားမ၀င်နိုင်ငံဖြတ်ကျော်၀င်ရောက်မှုကြောင့် ဖမ်းဆီးခံရခြင်းနဲ့ လူကုန်ကူးမှုတွေမြင့်တက်လာနေသလို ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အန္တရယ်ကင်းရှင်းရေး၊ အခွင့်အရေးဆိုင်ရာတို့မှာလည်း လျစ်လျူရှုသလိုဖြစ်ပြီး ယုတ်လျော့ကျဆင်းနေပါတယ်။ အချက်အလက်တွေအရ ထိုင်းနိုင်ငံရဲ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့…
Read More