ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ် ထိုင်၀မ်သွားဖို့ စီစဉ်နေ

လန်ဒန်၊ မေ-၁၀-၂၀၂၃
မျိုးဆက်(VOM)

ဗြိတိန်၀န်ကြီးချုပ်ဟောင်း လစ်ဇ်ထရပ်စ်ဟာ လာမယ့် သီတင်းပတ်တထိုင်၀မ်ကို သွားရောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

သူဟာ မေ ၁၆ ရက်ကနေ ၂၀ ရက်အထိ ထိုင်၀မ်ခရီးစဉ်အတွင်း ထိုင်၀မ်တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး ထိုင်၀မ်သမ္မတ ဆိုင်အင်း၀မ်နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ထိုင်၀မ်ဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် မီးရှူးတန်ဆောင်ဖြစ်ပြီး တရုတ်အစိုးရရဲ့ ရန်လိုတဲ့အပြုအမှုတွေ တိုးပွားလာချိန်မှာ ထိုင်၀မ်ပြည်သူတွေနဲ့တသားတည်းရပ်တည်ကြောင်း ပြသဖို့မျှော်လင့်ကြောင်း လစ်ဇ်ထရပ်စ်က ပြောပါတယ်။

သူဟာ ၁၉၉၆ ခုနှစ်မှာ မာဂရက်သက်ချာနောက်ပိုင်း ထိုင်၀မ်ကို ပထမဆုံးလာရောက်မယ့် ဗြိတိန်၀န်ကြီးချုပ်ဟောင်းဖြစ်ပါတယ်။

သူ့ရဲ့ထိုင်၀မ်ခရီးစဉ်ဟာ ဗြိတိန်နဲ့ တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေဖြစ်စေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံအပေါ် သဘောထားတင်းမာတဲ့ ရပ်တည်ချက်ရှိတယ်လို့ လူသိများတဲ့ လစ်ဇ်ထရပ်စ်ဟာ လွန်ခဲ့တဲ့အောက်တိုဘာလအတွင်းက ရာထူးကနေ နှုတ်ထွက်ခဲ့ပြီးနောက် အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေကို သွားရောက်ခဲ့ကာ တရုတ်အပေါ်တင်းမာတဲ့ရပ်တည်ချက်တွေထားရှိဖို့ တောင်းဆိုခဲ့ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #လန်ဒန်

Related posts

Leave a Comment

VOM News

FREE
VIEW