ကနေဒါနဲ့ တရုတ်တို့က နှစ်နိုင်ငံသံတမန်တွေကို အပြန်အလှန်နှင်ထုတ်

တိုရွန်တို၊ မေ-၉-၂၀၂၃
မျိုးဆက်(VOM)

ကနေဒါပါလီမန်အမတ်တဦးကို ခြိမ်းခြောက်ဖို့ကြံစည်မှုမြှ ပါ၀င်ပတ်သက်တယ်လို့ စွပ်စွဲခံရတဲ့ တိုရွန်တိုအခြေစိုက် တရုတ်သံတမန်တစ်ဦးကို ကနေဒါအစိုးရက မေ ၈ ရက်မှာ နှင်ထုတ်လိုက်ပါတယ်။

တရုတ်သံတမန် ကျောင်ဝေဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ အပြုအမူကိုလုပ်ဆောင်ခဲ့ကြောင်း ကနေဒါနိုင်ငံခြားရေး၀န်ကြီး မယ်လာနီဂျိုလီက ပြောပါတယ်။

အခုလိုနှင်ထုတ်ခြင်းနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်း အော့တဝါရှိ တရုတ်သံရုံးက ထုတ်ပြန်ထားပြီး ပေကျင်းရှိ ကနေဒါသံတမန်ကို တရုတ်အစိုးရက နှင်ထုတ်လိုက်ပါတယ်။

တရုတ်နိုင်ငံရှိ ဝီဂါမျိုးနွယ်စုများအပေါ် တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ဝေဖန်ပြောဆိုလေ့ရှိတဲ့ ကနေဒါပါလီမန်အမတ် မိုက်ကယ်ချောင်နဲ့ ဆွေမျိုးတွေရဲ့ အချက်အလက်တွေကို စုဆောင်းရာမှာ တရုတ်သံတမန် ကျောင်ဝေပါ၀င်ခဲ့ကြောင်း ကနေဒါထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၀ီဂါမျိုးနွယ်စုတွေ အပေါ် တရုတ်နိုင်ငံရဲ့ ပြုမူဆောင်ရွက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ကြောင်း ကနေဒါပါလီမန်မှာ မစ္စတာချောင်က၂၀၂၁ ခုနှစ်က အဆိုတင်သွင်းခဲ့ပြီး ဒီကိစ္စကြောင့် သူ့ကို တရုတ်အစိုးရက အရေးယူပ်ိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။

ကနေဒါအနေနဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မှုမှန်သမျှကို သည်းခံမှာမဟုတ်ကြောင်း၊ တရုတ်သံတမန်ကို နှင်ထုတ်တဲ့ဆုံးဖြတ်ချက်ဟာ အကြောင်းရင်းအားလုံးကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ကနေဒါနိုင်ငံခြားရေး၀န်ကြီး မယ်လာနီဂျိုလီက ပြောပါတယ်။

Ref:BBC
#voiceofmyanmar #VOM #တိုရွန်တို

Related posts

Leave a Comment

VOM News

FREE
VIEW