မြစ်ကြီးနားမှာ ရေတွင်းထဲ နစ်နေတဲ့သားကို ကယ်ရင်း အဖေရောသားပါ သေဆုံး

မေ ၉ – ၂၀၂၃
GG(VOM)

ကချင်ပြည်နယ် ၊မြစ်ကြီးနား ၊ နောင်နန်းလမြန် ရွာမှာ ရေတွင်းထဲ နစ်နေတဲ့သားကို ဝင့ကယ်ရင် သားအဖနှစ်ယောက်လုံးသေဆုံးမှု ဒီနေ့ မေလ ၉ ရက်နေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က နေအိမ်အတွင်းရှိ ရေတွင်းဟောင်းကို ပြန်လည်တူးဖော်နေချိန် ရေတွင်းထဲမှာ ရှိတဲ့သား ဖြစ်သူအပေါ် ရေစုပ်စက်ပြုတ်ကျခဲ့လို့ အဖေဖြစ်သူက ဆင်းပြီး ကယ်ဆယ်ရာမှ ၂ ယောက်စလုံး ရေတွင်းထဲ ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ဖြစ်တာတော့ နေ့ခင်း ၁၂ လောက်ကဖြစ်မယ်၊ကျနော်တို့ဆီသတင်းရတော့ ၁၂ ခွဲလောက်ရှိနေပြီ၊ ပြောပြတာကတော့ သူတို့အိမ်ကရေတွင်းကို ပြန်လုပ်တာ ၊ သားကရေတွင်းထဲမှာ လုပ်နေတယ်၊အဖေဖြစ်သူက အပေါ်ကနေ စက်နဲ့ရေစုပ်ထုတ်နေတာ၊အဲ့ဒီမှာ ရေစက်ကအထဲကသားအပေါ်ကိုပြုတ်ကျတော့ အဖေကဆင်းကယ်ရင်းသေတာ။ကျနော်တို့ရောက်တော့ အလောင်းက ရေနစ်တာအတော်ကြာနေပြီ။အကူအညီနဲ့ အပေါ်ကို ဆွဲထုတ်ခဲ့ရတယ်။” လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့တဲ့ မြစ် ကြီးနား၊မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ကချင်ပြည်နယ်ရုံး အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သားအဖ ၂ ယောက်မှာ သားဖြစ်သူက အသက် ၂၀ ကျော် ဝန်းကျင်ရှိပြီး ဖခင်ဖြစ်သူက အသက် ၄၀ ကျော် အရွယ်ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိတွင် အဆိုပါ ရေတွင်းထဲကျပြီး သေဆုံးတဲ့ သားအဖနှစ်ယောက်ကို ဆေးရုံကိုပို့ဆောင်တာမျိူးမလုပ်ဘဲ ကျန်ရစ်သူမိသားစုဆန္ဒအရ ကယ််ဆယ်ရေးလုပ်ပြီး ၎င်းတို့အိမ်မှာပဲ ထားခဲ့တယ်လို့သိရပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ ရေတွင်းကတော့ ပေ ၄၀ ကနေ ၆၀ ကြား အနက်ရှိတဲ့ရေတွင်းဟောင်းဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW