တာချီလိတ်မှာ မြေပြိုကျပြီး လူနေအိမ်ပေါ်ပိလို့ လူ ၂ ဦးသေဆုံး

မေ ၊ ၁၄ ၊ ၂၀၂၃
SP( VOM)

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်နဲ့ (စျ) ရပ်ကွက်အကြား ဒီကနေ့ မနက် အစောပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ညက တညလုံးမိုးရွာတယ် ၊ ဒီမနက် အစောပိုင်းမှာ မြေပြိုကျပြီး နေအိမ်တလုံးပေါ်ပိတယ် ၊ အိမ်ထဲမှာ အိပ်ပျော်နေတဲ့ လင်မယား ၂ ဦး မြေပိပြီး ပျောက်ဆုံးနေတယ် ၊ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ပေနေတယ် ” လို့ တာချီလိတ်မြို့ခံ ဦးလှမိုး လူမှုကူညီရေး အဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တာချီလိတ် မီးသတ်အဖွဲ့ဝင် တယောက်က ” မြေပြိုကျတဲ့နေရာက ဆန်ဆိုင်းရပ်ကွက်ဘက်မှာဖြစ်တယ် ၊ ပြိုကျတဲ့မြေတွေပိတဲ့နေအိမ်က သွပ်မိုး ၊ သွပ်ကာ နေအိမ်ဖြစ်တယ် ၊ အိမ်ထဲမှာ အိပ်ပျော်နေတဲ့ လင်မယား ၂ ယောက်က မြေတွေပိပြီး ပျောက်ဆုံးနေတယ် ၊ အဲ့ဒီ ပျောက်ဆုံး လင်မယား ၂ ယောက်ကို ရှာဖွေကယ်ဆယ်နေတယ် ၊ အသက်ရှင်လျက် ပြန်တွေ့ရဖို့ မျှော်လင့်ချက် မရှိဘူး” လို့ပြောပါတယ်။

ဒါ့အပြင် မိုးဇလဌာနက ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ မိုခါ မုန်းတိုင်းကြောင့် ရေကြီးရေလျှံတာ ၊ လေပြင်းတိုက်ခိုက်တာ ၊ မြေပြိုတာ နဲ့ သစ်ကိုင်းကျိုးကျမှု ဘေးအန္တရာယ်ကျရောက်နိုင်တာကြောင့် ပြည်သူတွေ သတိနဲ့နေထိုင်ကြပါရန် နှိုးဆော်ထားပါသေးတယ်။

ဓါတ်ပုံ – တာချီလိတ်မီးသတ်တပ်ဖွဲ့

Voiceofmyanmar #VOM #တာချီလိတ်မြေပြို

Related posts

Leave a Comment

VOM News

FREE
VIEW