ထိုင်းရွေးကောက်ပွဲ မဲပေးမှုစတင်၊ စစ်တပ်ဆန့်ကျင်ရေးပါတီတွေ အလားအလာကောင်း

ဘန်ကောက်၊ မေ-၁၄-၂၀၂၃
မျိုးဆက်(VOM)

ဖြုတ်ချခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဖြစ်သူ အနိုင်ရဖို့ရေပန်းစားနေတဲ့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ မဲပေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ စစ်တပ်အာဏာသိမ်းမှု ဒါဇင်နှဲ့ချီ ကြုံတွေ့ခဲ့ရတဲ့ထိုင်းနိုင်ငံအတွက် အချိုးအကွေ့တခုဖြစ်ဖွယ် ရှိနေပါတယ်။

၂၀၁၄ ခုနှစ် နောက်ဆုံးအာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့စစ်ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကတော့ နောက်ထပ်သက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင်နေပါတယ်။

ဒါပေမယ့်လည်း စစ်တပ်ဆန့်ကျင်ရေး ပါတီနှစ်ခုရဲ့ ပြင်းထန်တဲ့စျန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့သမီးဖြူထိုင်းပါတီရဲ့ ပါတွန်တန် ရှင်နာဝပ်ထရာက ဦးဆောင်နေ ပြီး သူမဟာ နိုင်ငံရဲ့ကျေးလက်ဒေသ၊ ဝင်ငွေနည်းသောဒေသတွေမှာ လူကြိုက်များနေပါတယ်။

အသက် ၄၂ နှစ်အရွယ် နည်းပညာအမှုဆောင်ဟောင်း ပီတာလင်ဂျာရိုရက် ဦးဆောင်တဲ့ Move Forward ပာတီဟာလည်း သဘောထားစစ်တမ်းတွေမှာ လူထုထောက်ခံမှုနှုန်း မြင့်တက်နေပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ထိုင်းရွေးကောက်ပွဲ

Related posts

VOM News

FREE
VIEW