ငဖဲမှာ တောင်သူတွေ မွေးထားတဲ့ နွားအကောင်ရေ ၆၀ ဝန်းကျင် ရာသီဥတုဒဏ်ကြောင့် သေဆုံး

မေ ၁၇ – ၂၀၂၃
SN (VOM)

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက စည်သာနဲ့ မာန်အောင် ကျေးရွာမှာ တောင်သူတွေ မွေးမြူထားတဲ့ နွားအကောင်ရေ ၆၀ ဝန်းကျင် ရာသီဥတုဒဏ်ကြောင့်အအေးမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ့ နွားတွေဟာ ရာသီဥတုပူပြင်းတဲ့ဒဏ်ကို အမိုးအကာမရှိဘဲ တစ်နွေလုံး ခံထားရပြီးမှ မိုခါမုန်တိုင်းကြောင့် မိုးမိခဲ့တဲ့အတွက် ရာသီဥတု အပူအအေး မမျှတခဲ့တာကြောင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“နေပူရှိန်ပြင်းတဲ့အခါကျတော့ နွားတွေက ခုခံအားကျတယ်။ အခု မိုးတအားရွာလိုက်တော့ အဲ့ဒီဒဏ် မခံနိုင်ဘူးပေါ့။ တခြား‌ရွာတွေမှာလည်း အခုလိုဖြစ်တာတွေရှိတယ်လို့ကြားတယ်။ သေဆုံးအရေအတွက်က ထပ်တိုးလာဖို့ရှိတယ်”လို့ ငဖဲမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

ချောင်းရေ၊ မြောင်းရေတွေနောက် မျောပါခံရတာ၊ တောင်ကျရေအောက်မှာ မမြင်နိုင်တဲ့ သစ်ပင်၊ ချုံနွယ်၊ ငုတ်၊ ကတုတ်ကျင်း စတာတွေကြောင့် ထိခိုက်မိတာအပြင် ပိုင်ရှင်တွေရဲ့ အဓိကနဲ့သာမည ခွဲခြားစီမံနိုင်မှု အားနည်းတာတွေကြောင့် တိရစ္ဆာန်တွေမှာလည်း မလိုအားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရတယ်လို့ သူက ပြောပါတယ်။

သေဆုံးသွားတဲ့နွားတွေဟာ စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကအသုံးပြုနေရတဲ့ နွားတွေဖြစ်တာကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ ရက်ကလည်း တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားစံပြကျေးရွာမှာ မိုးရွာသွန်းနေစဉ် မိုးကြိုးပစ်ချမှုကြောင့် စားကျက်ကနေ ပြန်လာတဲ့ နွား ၁၅ ကောင် နေရာမှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ငဖဲ

Related posts

Leave a Comment

VOM News

FREE
VIEW