တရုတ်-အမေရိကန် စစ်ဖြစ်ရင် ကမ္ဘာ့ကပ်ဘေးကြီးဖြစ်လာလိမ့်မယ်လို့ တရုတ်ကာကွယ်ရေး၀န်ကြီး သတိပေး

စင်ကာပူ၊ ဇွန်-၅-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နဲ့အမေရိကန်စစ်ပွဲဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာကြီးအတွက် သည်းမခံနိုင်ဖွယ်ရာ ကပ်ဘေးကြီးတခုဖြစ် လာလိမ့်မယ်လို့ တရုတ်ကာကွယ်ရေး၀န်ကြီး လီရှန်ဖူက ဇွန် ၄ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

လက်ရှိကမ္ဘာကြီးဟာ အမေရိကန်နဲ့တရုတ်နိုင်ငံတို့အတွက် လုံလောက်ပြီး နှစ်နိုင်ငံအကြား ဘုံသဘောတူညီချက်ကို ရှာသင့်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးက စင်ကာပူမှာကျင်းပတဲ့ ရှန်ဂရီလာထိပ်သီးဆွေးနွေးပွဲမှာ ပြောပါတယ်။

အမေရိကန်ဟာ စစ်အေးစိတ်ဓါတ်ရှိနေပြီး ဒီအတွက်ကြောင့် လုံခြုံရေးအန္တရာယ် အလွန်တိုးလာကြောင်း မတ်လအတွင်းက ကာကွယ်ရေး၀န်ကြီးဖြစ်လာသူ လီရှန်ဖူကပြောပါတယ်။

ထိုင်၀မ်ရေလက်ကြားမှာ ဖြတ်သန်းသွားနေတဲ့ အမေရိကန်နဲ့ ကနေဒါစစ်သင်္ဘောတွေအနီးမှာ တရုတ်ဖျက်သင်္ဘောတစင်းက အန္တရာယ်မကင်းတဲ့ စစ်ရေးလေ့ကျင့်မှုပြုခဲ့ကြောင်း အမေရိကန်က ဇွန် ၃ ရက်မှာ စွပ်စွဲပြောဆိုထားပါတယ်။

တရုတ်နဲ့ အမေရိကန်တို့အကြား စစ်ရေးဆိုင်ရာဆွေးနွေးဖို့အတွက် အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ်ကာကွယ်ရေး၀န်ကြီးက ငြင်းဆိုလိုက်တဲ့ အပေါ် အမေရိကန်ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်က ပြစ်တင်ဝေဖန်ထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #စင်ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW