ဖိလစ်ပိုင် မာယွန်မီးတောင်ပေါက်ကွဲနိုင်ခြေကြောင့် ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း

မနီလာ၊ ဇွန်-၁၃-၂၀၂၃
မျိုးဆက်(VOM)

ဖိလစ်ပိုင်နိုင်ငံမှာ မာယွန်မီးတောင်ကနေ ချော်ရည်ပူတွေ ဆက်လက်ထွက်ရှိနေတာကြောင့် ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

မာယွန်မီးတောင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ချော်ရည်ပူတွေထွက်ရှိနေတာကြောင့် မီးတောင်နဲ့ ခြောက်ကီလိုမီတာအကွာမှာရှိတဲ့ ဒေသခံ ၁၄၀၀၀ နီးပါးကို အခုလိုရွှေ့ပြောင်းပေးထားရတာဖြစ်ပါတယ်။

မာယွန်မီးတောင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အဆင့်ငါးဆင့်ရှိရာမှာ လက်ရှိအခြေအနေကို အဆင့်သုံး သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မီးတောင်ပြာတွေဟာ လေယာဉ်အင်ဂျင်တွေကို ပျက်စီးစေတာကြောင့် မီးတောင်နဲ့အနီးမှာ လေယာဉ်တွေမပျံသန်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ဖိလစ်ပိုင်က မာယွန်မီးတောင်ဟာ နိုင်ငံတွင်းမှာရှိတဲ့ လှုပ်ရှားနေတဲ့ မီးတောင် ၂၄ လုံးမှာပါ၀င်ပြီး ၂၀၁၈ ခုနှစ်က နောက်ဆုံးပေါက်ကွဲခဲ့တာကြောင့် လူကိုးသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

၁၉၉၃ ခုနှစ်အစောပိုင်းမှာတော့ အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် လူ ၇၀ ဦးသေဆုံးခဲ့ပြီး ၁၈၉၇ ခုနှစ်က ပေါက်ကွဲမှုမှာတော့ လူ ၄၀၀ ကျော်ထိ သေဆုံးခဲ့ပါတယ်။

Ref: NHK
#VOM #voiceofmyanmar #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW