ပဋိပက္ခတွေကြောင့် ကမ္ဘာ့ပြည်သူ သန်း ၁၁၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂထုတ်ပြန်

ကုလသမဂ္ဂ၊ ဇွန်-၁၅-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာပေါ်တွင် ပဋိပက္ခတွေ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကမ္ဘာ့လူဦးရေသန်း ၁၁၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန် ၂၀ ရက်မှာကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့မတိုင်မီ ဒုက္ခသည်များဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းထိ စစ်ပွဲသို့မဟုတ် အခြားသောအကြောင်းရင်းများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁၀၈ ဒသမ ၄ သန်းရှိပြီး ၂၀၂၁ ခုနှစ်ကထက် ၁၉ ဒသမ ၁ သန်းတိုးလာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆယ်စုနှစ်တခုကျော်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ဆီးရီးယားမှာ ပြည်သူ ၆ ဒသမ ၅၄ သန်းဟာ သူတို့ရဲ့နေရပ်တွေကို စွန့်ခွာထွက်ပြေးနေရပြီး ယူကရိန်းမှာလည်း ရုရှားရဲ့တိုက်ခိုက်မှုကြောင့် လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာနေရပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေ ဆုတ်ခွာပြီးနောက် တာလီဘန်တို့ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်မှာလည်း နေရပ်စွန့်ခွာမှုတွေ ဖြစ်ပွားနေကာ…

Read More

လယ်ဝေးမြို့အနီးမှာ တပ်မတော် ရဟတ်ယာဥ်တစ်စီး ပျက်ကျပြီး၊ ၂ ဦးသေဆုံး

နေပြည်တော်၊ ဇွန် – ၁၅ UT(VOM) တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းကာ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း နစက က အခုလိုထုတ်ပြန်ထားပါတယ်။ #VOM #voiceofmyanmar #လယ်ဝေး #လေယာဥ်ပျက်ကျမှု

Read More

ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနဲ့ပါကစ္စတန်မှာ လူသိန်းချီပြီး ဘေးလွတ်ရာရွှေ့ပြောင်း

ဒေလီ၊ ဇွန်-၁၅-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ ကုန်းတွင်းပိုင်းကို ဆိုင်ကလုန်း မုန်တိုင်းမ၀င်ရောက်မီ ပြင်းထန်တေဲ့ ဆိုင်းကလုန်းမုန်တိုင်း လမ်းကြောင်းပေါ်က ပြည်သူတသိန်းငါးသောင်းကျော်ကို ဇွန် ၁၅ ရက်မှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပါတယ်။ ဘိုင်ပါဂွိုင်းလို့ အမည်ပေးထားတဲ့ အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာ နေအိမ်တွေနဲ့ ကောက်ပဲသီးနှံတွေကို ပျက်စီးစေနိုင်ကြောင်း မိုးလေ၀သကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ မုန်တိုင်းဟာလက်ရှိမှာ အာရေဗျပင်လယ်ကို ဖြတ်ကျော်နေပြီး ဇွန် ၁၅ရက် ညပိုင်းမှာ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်ကို ပထမဆုံး၀င်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး နံရံပြိုကျမှုကြောင့် ကလေးငယ်နှစ်ဦးနဲ့ သစ်ပင်ပိမိသဖြင့် အမျိုးသမီးတဦး သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း ဆစ်ဒ်ပြည်နယ်ကမ်းရိုးတန်းကို မုန်တိုင်းတိုက်ခတ်နိုင်ခြေရှိနေပြီး နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းမှာနေတဲ့ လူရှစ်သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကာ ကယ်ဆယ်ရေးစခန်း ၇၅ ခုဖွင့်လှစ်ထားရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC #VOM #voiceofmyanmar…

Read More

အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးတစ်ဦးနဲ့ အလုပ်သမားခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရ

ဇွန် ၁၅ – ၂၀၂၃ SN (VOM) Hosheng Myanmar အထည်ချုပ်စက်ရုံကို လစာတိုးပေးဖို့ တောင်းဆိုခဲ့တာကြောင့် မနေ့ ဇွန် ၁၄ ရက်နေ့က အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးတစ်ဦးဖြစ်သူ မသူသူစံ ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီ့နေ့တစ်ရက်တည်းမှာပဲ Sun Apparel Myanmar အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမားခေါင်းဆောင် မသီတာဝင်းလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Hosheng Myanmar အထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမား (၇) ဦး အလုပ်ထုတ်ခံရပြီး အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ မနေ့ ဇွန် ၁၄ ရက်က ရွှေပြည်သာမြို့နယ်၊ ထွေ/အုပ်ရုံးမှာ သွားရောက်ညှိနှိုင်းပြီးအပြန် မသူသူစံကို အရပ်ဝတ်နဲ့ရဲတွေ ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ အလုပ်ထုတ်ခံရသူတွေက မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင်အောင်၊ ကိုရဲနိုင်၊…

Read More

ဂရိကမ်းရိုးတန်းမှာ သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၇၉ ဦးထက်မနည်းသေဆုံး

အေသင်၊ ဇွန်-၁၅-၂၀၂၃ မျိုးဆက်(VOM) ဂရိနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှာ ငါးဖမ်းသင်္ဘောတိမ်းမှောက်မှုကြောင့် လူ ၇၉ ဦးသေဆုံးသွားပြီး ၁၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇွန် ၁၅ ရက်မှာ ပြောပါတယ်။ အဲဒီငါးဖမ်းသင်္ဘောပေါ်မှာ ရာနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူတွေနဲ့ ဂရိတာ၀န်ရှိသူတွေက ပြောပါတယ်။ အခုလိုသေဆုံးမှုဖြစ်စဉ်ဟာ ဂရိနိုင်ငံရဲ့အဆိုးရွားဆုံးသော ရွှေ့ပြောင်ဒုက္ခသည် သေဆုံးမှုဖြစ်ပြီး ဂရိအစိုးရက နိုင်ငံမှာသုံးရက်ကြာ ၀မ်းနည်းခြင်းအထိမ်းအမှတ်ကြေညာထားပါတယ်။ သင်္ဘောဟာ ကမ်းခြေစောင့်တပ်ရဲ့ အကူအညီပေးဖို့ ကမ်းလှမ်းမှုကို ငြင်းပမယ်ပြီးနောက် ကမ်းရိုးတန်းကနေ မိုင် ၈၀ အကွာမှာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အီးယူရဲ့ နယ်စပ်အေဂျင်စီပိုင် လေယာဉ်တစင်းက သင်္ဘောကို နိုင်ငံတကာရေပိုင်နက်မှာ ဇွန် ၁၃ ရက်နှောင်းပိုင်းက နောက်ဆုံးတွေ့ခဲ့ပြီး ဘယ်သူမှ အသက်ကယ်အကျီင်္၀တ်ဆင်မထားကြောင်း ဂရိကမ်းခြေစောင့်တပ်က ပြောပါတယ်။ Ref: BBC #VOM #voiceofmyanmar #အေသင်

Read More

NUG ရဲ့ဝန်ကြီး နိုင်သုဝဏ္ဏဆိုသူရဲ့ နေအိမ် ချိပ်ပိတ်ခံရ

ဇွန်၊ ၁၄-၂၀၂၃ MM(VOM) NUG ရဲ့ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေရဲ့ နေအိမ်ကို သက်ဆိုင်ရာက မနေ့ ဇွန် ၁၃ ရက်က ချိပ်ပိတ် လိုက်တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ”ဟုတ်ပါတယ်၊ မနေ့က ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ အမှတ်(၇)ရပ်ကွက်၊ ၂ လမ်းမှာရှိတဲ့ နိုင်သုဝဏ္ဏရဲ့ နေအိမ်ကို ပူးပေါင်းအဖွဲ့တွေက ညနေပိုင်းလောက်မှာ လာရောက် ချိပ်ပိတ်လိုက်တာ၊ လာတဲ့အဖွဲ့က စစ်သားတွေ၊ ရဲတွေနဲ့ အရပ်ဝတ်နဲ့ လူတွေလည်းပါတယ်၊ အိမ်တံခါးဖျက် အိမ်ပေါ်တက်ပြီး ချိပ်ပိတ်ကြောင်း ဗီနိုင်းကပ်သွားတာ”လို့နီးစပ်သူတစ်ဦးကအတည်ပြု ပြောပါတယ်။ “အဲ့ဒီ အိမ်မှာက လူတွေမနေတာကြာပါပြီ ၊ ချိပ်ပိတ်တာ မှန်ပါတယ်၊ ဗီနိုင်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်ပတ်သက်နေလို့တဲ့ နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းတယ်လို့ဆိုပြီး ရေးထားတာပဲ ၊ ကိုယ်လည်း အနားကပ်မကြည့်ရဲတော့ သေသေချာချာ အသေးစိတ်တော့မတွေ့ရဘူး။”လို့ဒေသခံတစ်ဦးကလည်း ပြောပါတယ်။ အဲ့ဒီ…

Read More

မြိုင်နယ်၊ သရက်ကွရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၅ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ဇွန် ၁၄-၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သရက်ကွကျေးရွာထဲကို မနေ့ ဇွန် ၁၃ရက် ညနေ၅ နာရီဝန်းကျင်က လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ ဒေသခံတွေ သေဆုံးဒဏ်ရာရတယ်လို့ သရက်ကွကျေးခံတွေဆီက သိရပါတယ်။ ” ရွာရဲ့ အရှေ့မြောက်ဘက်ကနေ လက်လုပ်စိန်ပြောင်းတွေနဲ့ ပစ်တာပါ ၊ သေဆုံးသူတွေကတော့ ဦးအောင်လှိုင် (၆၃) နှစ်၊ ဦးကြည်စိန် (၃၇) နှစ်၊ ဦးမောင်အေး (၃၅) နှစ်၊ ဒေါ်ငွေတင့် (၆၅) နှစ်၊ နဲ့ ဒေါ်ခါကြည် (၆၂) နှစ် ၊ ၅ ယောက်က နေရာမှာတင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိမှန် သေဆုံးတယ် ၊ နောက်ပြီး ဦးကျော်မောင် (၄၀) နှစ်နဲ့ မြတ်လင်း (၁၉) နှစ်…

Read More

စက်ရုံအစောင့်လုံခြုံရေးကို လည်ပင်းညှစ်သတ်ပြီး ကြေးနန်း၊ဝါယာကြိုးတွေအပြင် ဖုန်းကိုပါ ယူဆောင်မှု ဖြစ်ပွား

ဇွန် ၁၄ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန် (၁)မှာ ဒီနေ့ ဇွန် ၁၄ ရက် မနက်ပိုင်းက စက်ရုံအစောင့်လုံခြုံရေးကို ပလက်စတစ်ကြိုးနဲ့ လည်ပင်းညှစ်သတ်ပြီး ကြေးနန်းကြိုး၊ ဝါယာကြိုးတွေအပြင် လုံခြုံရေးရဲ့ဖုန်းကိုပါ ယူဆောင်သွားမှု ဖြစ်ပွားခဲ့တယ်လို့ စက်ရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ တောင်ဒဂုံ စက်မှုဇုန် (၁)၊ စစ်တွေလမ်းနဲ့ ထားဝယ်လမ်းထောင့်ရှိ ပလပ်စတစ်စက်ရုံမှာ လူသတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ “သူက ခြေထောက်တစ်ဖက်မရှိတဲ့ ဒုက္ခိတပါ။ စက်ရုံကထုတ်တဲ့ ပလပ်စတစ်ကြိုးတွေနဲ့ပဲ လည်ပင်းကိုညှစ်ပြီး သတ်သွားတာလို့ သိရပါတယ်။ သူ့ဖုန်းကိုလည်း ခိုးသွားတာဖြစ်တဲ့အတွက် သူ့အိမ်နဲ့လည်း အဆက်အသွယ် မရသေးပါဘူး” လို့ စက်ရုံနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းက စံပြဆေးရုံကို ပို့ဆောင်ထားတယ်လို့…

Read More

ကံဇီးကျေးရွာမှာ ရွာခံ ၁၂ ဦးကို ဘယ်လက်နက်ကိုင်ကဖမ်းသွားမှန်းမသိဘဲ ပျောက်နေ

မေ ၁၄ – ၂၀၂၃ SP (VOM) စစ်ကိုင်တိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ကံဇီးကျေးရွာမှာ မနေ့ ဇွန် ၁၃ ရက် မနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်က ဒေသခံ ရွာသားတွေ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်ပြီး လူနေအိမ်တွေ မီးရှို့ခံရတယ်လို့ ကံဇီးကျေရွာခံတွေဆီက သိရပါတယ်။ ” မနက် ၉ နာရီလောက်မှာ ရွာအပြင်မှာနေတဲ့သူတွေကို အရင်ဆုံး ရိုက်နှက် ဖမ်းဆီးသွားတယ် ၊ အဖမ်းခံရသူတွေက ဦးမြင့်မောင် ၆၅ နှစ် ၊ ဦးဖိုးသဲ၂၆ နှစ်၊ ဒေါ်ဆိတ်ပို၂၇ နှစ် ၊ မောင်ဖိုးဆင်၂ နှစ် ၊ မဖြိုးဖြိုး ၁၈ နှစ် ၊ မအေးမော် ၁၆ နှစ် ၊ မောင်နိူင်၂၃…

Read More
VOM News

FREE
VIEW